မင်္ဂလာပါ… ပျိုမဒီတို့ရေ…. ဆံပင်ဆိုတာ မိန်းကလေးတွေအတွက် အရေးကြီးတဲ့အရာတွေထဲမှ တစ်ခုပါနော်။ ကျန်းမာတဲ့ဆံပင်ပိုင်ဆိုင်ဖို့အတွက် ခေါင်းလျှော်တာကအစ ဂရုစိုက်ရပါတယ်။ တကယ်တော့ ခေါင်းလျှော်တယ်ဆိုတာကလည်း ဆံပင်သန့်ရှင်းဖို့အတွက် တစ်ခုတင်မဟုတ်ပါဘူး။

ခေါင်းလျှော်တဲ့ပုံစံမှားယွင်းနေရင် ဗောက်ထတာ ၊ ဆံပင်ကျွတ်တာ စတာတွေဖြစ်နိုင်တာကြောင့် မှန်ကန်တဲ့ပုံစံနဲ့ လျှော်ဖို့လည်း လိုအပ်ပါတယ်နော်။

ဒါကြောင့် ဆံသာမပျက်စီးစေဖို့အတွက် ခေါင်းလျှော်တဲ့အခါ မလုပ်သင့်တဲ့အမှားတွေကို သတိထားနိုင်ဖို့ ဖော်ပြလိုက်ပါတယ်နော်။

သေချာဆေးကြောပါ

ခေါင်းမလျှော်ခင်မှာ ဆံပင်ကို ရေစိုအောင် သေချာလောင်းပေးပါ။ ဘာလို့လဲဆိုတော့ ရေစိုနေတဲ့ဆံပင်က Shampoo ကို သေချာပျံ့စေတာကြောင့်ပါ။

ရေနွေးနွေးလေးနဲ့ ဆေးပေးပါ

ဆံပင်လျှော်တဲ့အခါ  ကြက်သီးနွေးရေကို အသုံးပြုပေးပါ။ ရေနွေးနွေးလေးက ဆံပင်ရဲ့ Cuticles ကို ပွင့်စေနိုင်တာကြောင့် ခေါင်းလျှော်တဲ့အခါ  ခေါင်းလျှော်ရည်က ဆံသားအတွင်းသားတွေထဲထိ နက်ရှိုင်းစွာ ထိုးဖောက်ဝင်ရောက်နိုင်ပြီး ဆံသားထဲက အဆီနဲ့ အညစ်အကြေးတွေကို ဖယ်ရှားပေးနိုင်ပါတယ်။

ရေနဲ့ရောပါ

ခေါင်းလျှော်တဲ့အခါ ခေါင်းလျှော်ရည်ကို ဦးရေပြားပေါ် တိုက်ရိုက်အသုံးပြုခြင်းကနေ ရှောင်ကြဉ်ပါ။ ရေနည်းနည်းနဲ့ ရောပြီး အသုံးပြုပေးပါ။ ဒါမှ ခေါင်းလျှော်ရည်က ဦးရေပြားတစ်လျှောက် ညီညီညာညာ ပျံ့နှံ့သွားမှာပါ။