[Zawgyi]

လူ႔ခႏၶာကိုုယ္က်န္းမာေနဖို႔အတြက္ ေလ့က်င့္ခန္းမွန္မွန္ျပဳလုုပ္ေပးျခင္းက အေရးႀကီးသလိုပဲ ဦးေႏွာက္စြမ္းေဆာင္ရည္ပိုမိုျမင့္မားဖို႔အတြက္ ျပဳလုပ္ေပးရမယ့္ ေလ့က်င့္ခန္းေလးေတြလည္း႐ွိပါတယ္။ မွတ္ဥာဏ္စြမ္းအား၊ အာ႐ံုစိုက္ႏိုင္စြမ္းနဲ႔ စိတ္ဆႏၵျပင္းျပမႈကို လႈံ႕ေဆာ္ႏိုင္ဖို႔အတြက္ အ႐ိုး႐ွင္းဆံုးနည္းလမ္းကေတာ့ အသစ္အသစ္ေသာအရာမ်ားကို စတင္ေလ့လာျခင္းပဲျဖစ္ပါတယ္။

ဒါေပမဲ့လည္း လူသားတိုုင္းက စားဝတ္ေနေရးအတြက္ လံုးပမ္းေနရတာေၾကာင့္ ေန႔စဥ္ေန႔တုိင္းသင္ယူေလ့လာဖိုု႔အတြက္ အၿမဲတမ္းအခ်ိန္မေပးႏိုုင္ၾကပါဘူး။ ဒါဆိုရင္ အခ်ိန္သပ္သပ္ေပးစရာမလိုဘဲ မိမိရဲ႕ မွတ္ဥာဏ္စြမ္းအားနဲ႔ ဥာဏ္ရည္ျမင့္မားလာဖို့အတြက္ နည္းလမ္းေလးေတြကို လိုက္လံျပဳက်င့္လိုု႔ရေအာင္ ေဖာ္ျပေပးလိုက္ပါတယ္။

စာဖတ္ျခင္းက သင့္ကိုုစိတ္ကူးယဥ္ကြန္႔ျမဴးတတ္ေအာင္ အေတြးအေခၚေကာင္းေတြ စဥ္းစားေတြးေခၚႏိုုင္ဖိုု႔ ကူညီေပးပါလိမ့္မယ္။

ကြန္ပ်ဴတာဂိမ္းေဆာ့ျခင္းက အခ်ိန္တိုုအတြင္း နည္းဗ်ဴဟာက်က် စဥ္းစားတတ္ဖိုု႔ ကူညီေပးပါလိမ့္မယ္။

မနက္ေစာေစာမွာ ေရအဝေသာက္ေပးျခင္းက တစ္ေန႔တာလံုုး တက္ၾကြလန္းဆန္းေနေအာင္၊ စြမ္းအင္အျပည့္႐ွိေနေအာင္ ကူညီေပးပါတယ္။

နိုုင္ငံျခား႐ုုပ္ရွင္ေတြကိုု နဂိုုမူလအသံအတိုုင္း ၾကည့္ျခင္းက သင့္ရဲ႕ ဘာသာစကားစြမ္းရည္ကိုု တိုုးတက္ေစမယ့္အျပင္ လိုုက္ေလ်ာညီေထြေနတတ္ေအာင္ သင့္စိတ္ကိုု တစ္ခါတည္း ထိန္းေက်ာင္းေပးၿပီးသားျဖစ္သြားပါတယ္။

အာ႐ံုုစူးစိုုက္ႏိုုင္စြမ္းျမင့္မားဖိုု႔အတြက္ ေန႔လည္ေန႔ခင္း အနားယူခ်ိန္မွာ လက္ဖက္စိမ္းေရေႏြးၾကမ္းတစ္ခြက္ ေသာက္သံုုးေပးပါ။

ေန႔လည္ေန႔ခင္းမွာ တစ္ေမွးေလာက္အိပ္စက္အနားယူျခင္းကလည္း အခ်ိန္ၾကာၾကာ အာ႐ံုုစူးစိုုက္ႏိုုင္စြမ္းျမင့္မားေအာင္ ကူညီေပးပါတယ္။

မိမိထက္ပိုုေတာ္တဲ့သူ၊ အေတြ႕ အႀကံဳမ်ားတဲ့သူေတြနဲ႔ အခ်ိန္မ်ားမ်ားကုုန္ဆံုုးမယ္ဆိုုရင္ သင့္ရဲ႕အေတြးအျမင္ေတြလည္း က်ယ္ျပန္႔လာပါလိမ့္မယ္။

အမ်ားနဲ႔စကားရည္လုုၿပီး ေဆြးေႏြးေျပာဆိုျခင္းက ယုုတၱိတန္တဲ့ စဥ္းစားေတြးေခၚႏိုုင္စြမ္းတိုုးျမွင့္ေစၿပီး က်ိဳးေၾကာင္းဆီေလ်ာ္တဲ့ အေၾကာင္းျပခ်က္မ်ားကိုု တဒဂၤအတြင္းေပးႏိုုင္ေအာင္ ကူညီေပးပါတယ္။

သန္႔႐ွင္းလတ္ဆတ္တဲ့ေလကိုု တစ္ဝႀကီး ႐ႈ႐ႈိက္ၿပီး လမ္းေလွ်ာက္ေလ့က်င့္ခန္းျပဳလုုပ္ျခင္းက သင့္ကိုု က်န္းမာေရးေကာင္းေအာင္ ျပဳလုုပ္ေပးတဲ့အျပင္ တက္ၾကြလန္းဆန္းေနေအာင္လည္း ကူညီေပးပါတယ္။

မွတ္စုုစာအုုပ္ တစ္အုုပ္ေဆာင္ထားၿပီး ေပၚလာတဲ့ အေတြးနဲ႔ စိတ္ကူးဥာဏ္မ်ားကိုု မွတ္စုုစာအုုပ္ထဲမွာ တစ္ခါတည္း ေရးမွတ္လိုုက္ပါ။ ဒီလိုုလုုပ္ျပဳလုုပ္ေပးျခင္းက သင့္ရဲ႕ တီထြင္ႀကံဆႏိုုင္စြမ္းကိုု ျမွင့္တင္ေပးပါတယ္။

Source: Brightside.me

[Unicode]

လူ့ခန္ဓာကိုယ်ကျန်းမာနေဖို့အတွက် လေ့ကျင့်ခန်းမှန်မှန်ပြုလုပ်ပေးခြင်းက အရေးကြီးသလိုပဲ ဦးနှောက်စွမ်းဆောင်ရည်ပိုမိုမြင့်မားဖို့အတွက် ပြုလုပ်ပေးရမယ့် လေ့ကျင့်ခန်းလေးတွေလည်းရှိပါတယ်။ မှတ်ဉာဏ်စွမ်းအား၊ အာရုံစိုက်နိုင်စွမ်းနဲ့ စိတ်ဆန္ဒပြင်းပြမှုကို လှုံ့ဆော်နိုင်ဖို့အတွက် အရိုးရှင်းဆုံးနည်းလမ်းကတော့ အသစ်အသစ်သောအရာများကို စတင်လေ့လာခြင်းပဲဖြစ်ပါတယ်။

ဒါပေမဲ့လည်း လူသားတိုင်းက စားဝတ်နေရေးအတွက် လုံးပမ်းနေရတာကြောင့် နေ့စဉ်နေ့တိုင်းသင်ယူလေ့လာဖို့အတွက် အမြဲတမ်းအချိန်မပေးနိုင်ကြပါဘူး။ ဒါဆိုရင် အချိန်သပ်သပ်ပေးစရာမလိုဘဲ မိမိရဲ့ မှတ်ဉာဏ်စွမ်းအားနဲ့ ဉာဏ်ရည်မြင့်မားလာဖို့အတွက် နည်းလမ်းလေးတွေကို လိုက်လံပြုကျင့်လို့ရအောင် ဖော်ပြပေးလိုက်ပါတယ်။

စာဖတ်ခြင်းက သင့်ကိုစိတ်ကူးယဉ်ကွန့်မြူးတတ်အောင် အတွေးအခေါ်ကောင်းတွေ စဉ်းစားတွေးခေါ်နိုင်ဖို့ ကူညီပေးပါလိမ့်မယ်။

ကွန်ပျူတာဂိမ်းဆော့ခြင်းက အချိန်တိုအတွင်း နည်းဗျူဟာကျကျ စဉ်းစားတတ်ဖို့ ကူညီပေးပါလိမ့်မယ်။

မနက်စောစောမှာ ရေအဝသောက်ပေးခြင်းက တစ်နေ့တာလုံး တက်ကြွလန်းဆန်းနေအောင်၊ စွမ်းအင်အပြည့်ရှိနေအောင် ကူညီပေးပါတယ်။

နိုင်ငံခြားရုပ်ရှင်တွေကို နဂိုမူလအသံအတိုင်း ကြည့်ခြင်းက သင့်ရဲ့ ဘာသာစကားစွမ်းရည်ကို တိုးတက်စေမယ့်အပြင် လိုက်လျောညီထွေနေတတ်အောင် သင့်စိတ်ကို တစ်ခါတည်း ထိန်းကျောင်းပေးပြီးသားဖြစ်သွားပါတယ်။

အာရုံစူးစိုက်နိုင်စွမ်းမြင့်မားဖို့အတွက် နေ့လည်နေ့ခင်း အနားယူချိန်မှာ လက်ဖက်စိမ်းရေနွေးကြမ်းတစ်ခွက် သောက်သုံးပေးပါ။

နေ့လည်နေ့ခင်းမှာ တစ်မှေးလောက်အိပ်စက်အနားယူခြင်းကလည်း အချိန်ကြာကြာ အာရုံစူးစိုက်နိုင်စွမ်းမြင့်မားအောင် ကူညီပေးပါတယ်။

မိမိထက်ပိုတော်တဲ့သူ၊ အတွေ့ အကြုံများတဲ့သူတွေနဲ့ အချိန်များများကုန်ဆုံးမယ်ဆိုရင် သင့်ရဲ့အတွေးအမြင်တွေလည်း ကျယ်ပြန့်လာပါလိမ့်မယ်။

အများနဲ့စကားရည်လုပြီး ဆွေးနွေးပြောဆိုခြင်းက ယုတ္တိတန်တဲ့ စဉ်းစားတွေးခေါ်နိုင်စွမ်းတိုးမြှင့်စေပြီး ကျိုးကြောင်းဆီလျော်တဲ့ အကြောင်းပြချက်များကို တဒင်္ဂအတွင်းပေးနိုင်အောင် ကူညီပေးပါတယ်။

သန့်ရှင်းလတ်ဆတ်တဲ့လေကို တစ်ဝကြီး ရှုရှိုက်ပြီး လမ်းလျှောက်လေ့ကျင့်ခန်းပြုလုပ်ခြင်းက သင့်ကို ကျန်းမာရေးကောင်းအောင် ပြုလုပ်ပေးတဲ့အပြင် တက်ကြွလန်းဆန်းနေအောင်လည်း ကူညီပေးပါတယ်။

မှတ်စုစာအုပ် တစ်အုပ်ဆောင်ထားပြီး ပေါ်လာတဲ့ အတွေးနဲ့ စိတ်ကူးဉာဏ်များကို မှတ်စုစာအုပ်ထဲမှာ တစ်ခါတည်း ရေးမှတ်လိုက်ပါ။ ဒီလိုလုပ်ပြုလုပ်ပေးခြင်းက သင့်ရဲ့ တီထွင်ကြံဆနိုင်စွမ်းကို မြှင့်တင်ပေးပါတယ်။

Source: Brightside.me