ထားခဲ့ခံရလို့ဆိုပြီး တစ်ချိန်လုံး ပူလောင်နေရင်လညး ကိုယ်ပဲပင်ပန်းပါတယ်။ အချိန်တွေလည်းကုန်ပါတယ်။ ဒါကြောင့် ရည်းစားကပစ်သွားလို့၊ ထားခဲ့ခံရလို့ဆိုပြီး ဝမ်းနည်းပူဆွေးနေမယ့်အစား ဒီအရာတွေနဲ့သာ ကိုယ့်စိတ်ကို ဖြေသိမ့်လိုက်ပါ။ အရာရာအဆင်ပြေသွားပါလိမ့်မယ်။

အကောင်းဘက်ကိုတွေးလိုက်ပါ

ကိုယ့်ကိုမချစ်တဲ့သူတစ်ယောက်နဲ့ ဒီလိုစောစောစီးစီး လမ်းခွဲလိုက်ရတာဟာ ကိုယ့်အတွက် အများကြီးကောင်းသွားတယ်လို့သာ တွေးလိုက်ပါ။ အချိန်တွေကြာမှဆို သံယောဇဉ်ပိုဖြစ်ပြီး ပိုတောင်ခံစားနေရအုံးမယ်။

လွတ်လပ်သွားပြီလို့တွေးလိုက်ပါ

သူနဲ့တွဲတုန်းက လွတ်လွတ်လပ်လပ် နေလို့မရခဲ့တာတွေ၊ လုပ်ချင်တိုင်း လုပ်လို့မရခဲ့တာတွေက အခုတော့ လိုက်ပိတ်ပင်တားဆီးမယ့်သူမရှိပဲ ကိုယ့်စိတ်ကြိုက် လုပ်လို့ရပြီလို့တွေးပြီးသာ ပျော်နေလိုက်ပါ။ လွတ်လပ်သွားပြီ ကိုယ့်စိတ်နဲ့ကိုယ် အေးဆေးဖြစ်သွားပြီလို့ တွေးလိုက်ပါ။ သူငယ်ချင်းတွေနဲ့ ပျော်ပျော်ပါးပါးနေပြီး လုပ်ချင်တာလုပ်ပါ။ အိမ်မှာထိုင်ပြီး ဆွေးနေမယ့်အစား ဒီလိုတွေသာ နေလိုက်ရင် ပစ်သွားတဲ့ရည်းစားကိုတောင် ကျေးဇူးတင်နေမိမှာပါ။

အလှဆုံးဖြစ်အောင်နေလိုက်ပါ

ရည်းစားပစ်သွားတာခံရလို့ဆိုပြီး အလှလည်းမပြင်နိုင်ပဲ အပူသည်ရုပ်နဲ့ ထိုင်ဆွေးနေမယ့်အစား အလှဆုံးဖြစ်အောင် ပြင်ဆင်ပြီး နေလိုက်ပါ။ သူနဲ့တွဲတုန်းကထက် ပိုလှအောင်နေလိုက်ပါ။ ကိုယ့်ကိုယ်ကိုလည်း ယုံကြည်မှုတွေ ပိုတိုးလာပြီး စိတ်ကျေနပ်ပျော်ရွှင်လာမှာပါ။ သူနဲ့ပြတ်မှ ငါပိုလှလာပါလားဆိုပြီး ပိုတောင်ကျေနပ်နေပါအုံးမယ်။

သူ့ထက်သာတဲ့သူလာမှာလို့တွေးလိုက်ပါ

ကိုယ့်ကိုတန်ဖိုးထားချစ်မယ့်သူနဲ့ ထပ်တွေ့ရမှာမို့လို့ သူ့ဘာသာသူ ထွက်သွားတယ်လို့သာ သတ်မှတ်လိုက်ပါ။ သူ့ထက်သာတဲ့သူ၊ ချောတဲ့သူတွေလာမှာ၊ ကိုယ့်စိတ်ကြိုက် date ချင်တဲ့သူနဲ့ date လို့ရတယ်၊ လွတ်လွတ်လပ်လပ် ပြောဆိုလို့ရတယ်လို့ တွေးလိုက်ပါ။ ဒီလိုတွေတွေးပြီး အေးဆေးနေနိုင်သွားရင် အရာရာက ပျော်စရာပဲ ဖြစ်နေတော့မှာပါ။ ကိုယ့်ကိုထားခဲ့တဲ့သူအတွက်နဲ့ ပူဆွေးဝမ်းနည်းနေစရာ ဘာအကြောင်းမှရှိတော့မှာ မဟုတ်ပါဘူး။