မိန်းကလေးတော်တော်များများက မိတ်ကပ်လိမ်းတော့မယ်ဆိုရင် Toner, အောက်ခံမိတ်ကပ် Foundation နဲ့ Primer လောက်ကိုပဲ လိမ်းကြတာကို တွေ့ရများပါတယ်။ တကယ်တော့ မိတ်ကပ်လိမ်းတဲ့အခါ Step တွေက အများကြီးရှိပါတယ်။ မျက်နှာအသားအရေကောင်းချင်တယ်၊ မိတ်ကပ်လိမ်းထားရင် မျက်နှာလေးပိုGlowပြီး အိအိညက်ညက်လေးနဲ့လှနေချင်တယ်ဆိုရင်တော့ မိတ်ကပ်မလိမ်းခင်မှာ ဒီStep ၈မျိုးကို မဖြစ်မနေလိမ်းပေးရပါမယ်နော်။ ကဲ….မိတ်ကပ်လိမ်းတဲ့အခါ ပိုပြီးထင်းခနဲလှပနေစေဖို့ ဘာလေးတွေကို လိမ်းပေးရမလဲဆိုတာ အတူတူကြည့်လိုက်ရအောင်..

Step 1 – Toner

မျက်နှာသစ်ပြီးတာနဲ့ ပထမဆုံးအနေနဲ့ Toner ကို မဖြစ်မနေလိမ်းပေးရပါတယ်။ မျက်နှာသစ်လိုက်တဲ့အခါမှာ ခြောက်သွေ့သွားတဲ့မျက်နှာအသားအရေကို Toner က ရေဓာတ်ပြန်ဖြည့်ပေးပါတယ်။ Toner ကိုလိမ်းတဲ့အခါမှာလည်း ဂွမ်းဖတ်လေးနဲ့ပဲ့့ ယူလိမ်းပေးရပါတယ်။

Step 2 – Essence

Step 2 အနေနဲ့ Essenceကိုလိမ်းပေးပါ။ Essence ကိုလိမ်းပေးခြင်းဟ ဆဲလ်သေတွေကို အသစ်ပြန်လည်ဖြစ်လာစေပြီး အသားအရေကိုလည်း ပြန်လည်ပြုပြင်ပေးပါတယ်။ နောက်ထပ်လိမ်းမယ့် Step တွေကိုလည်း အသားထဲထိစိမ့်ဝင်ပြီး စုပ်ယူအားပိုကောင်းအောင် သူကအထောက်အကူပြုစေနိုင်ပါတယ်။

Step 3 – Emulsion

Emulsion ဆိုတာ နို့ရည်ကိုပြောတာပါ။ မိတ်ကပ်လိမ်းတော့မယ်ဆိုရင် Toner နဲ့ Emulsion ကို မဖြစ်မနေလိမ်းပေးရပါတယ်။ မျက်နှာကိုရေဓာတ်ပြည့်စေဖို့နဲ့ အသားအရောင်ညီစေဖို့ Emulsion က ကူညီပေးပါတယ်။

Step 4 – Serum

Serum ဟာ မျက်နှာအသားအရေကိုတင်းရင်းစေပြီး အရေးအကြောင်းတွေကို သက်သာစေပါတယ်။ Skincare အတွက်ဆိုရင်တော့ Serum ဟာမရှိမဖြစ်ပါပဲ။ ကိုလိမ်းပေးပါ။ Serum ကို နေ့ရောညပါ လိမ်းပေးလို့ရပါတယ်။

Step 5 – Cream (သို့) Gel

Serum လိမ်းပြီးရင် Cream (သို့) Gel ကို လိမ်းပေးရပါတယ်။ သူကအသားအရေကို နူးညံ့ပြီးဖြူလာအောင်၊ ကြည်လင်လာအောင် လုပ်ပေးပါတယ်။ ကိုယ်က Cream နဲ့အဆင်ပြေရင် Cream လိမ်းပြီး Gel နဲ့ အဆင်ပြေရင်တော့ Gel လိမ်းပေးပါ။

Step 6 – Oil

မျက်နှာလေးနူးညံ့ချောမွေ့သွားစေဖို့ Oil က လုပ်ဆောင်ပေးပါတယ်။ အရှေ့မှာလိမ်းထားသမျှ Step တွေအားလုံးကို သူကပိုပြီးစုပ်ယူနိုင်စွမ်းကောင်းအောင် လုပ်ပေးတာပါ။ ဒါကြောင့် Step 6 အနေနဲ့ Oil ကိုလိမ်းပေးရပါတယ်။

Step 7 – Sunscreen

ဘယ်လိုအချိန်မျိုးမှာပဲဖြစ်ဖြစ်၊ ဘယ်လိုနေရာမျိုးမှာပဲဖြစ်ဖြစ်၊ ဘယ်လိုရာသီဥတုမျိုးမှာပဲဖြစ်ဖြစ် Sunscreen ကို   မဖြစ်မနေလိမ်းပေးရပါတယ်။ သူက နေလောင်ဒဏ်ကိုကာကွယ်ပေးတဲ့အပြင် အသားအရေမပျက်စီးအောင်လည်း ဒိုင်းတစ်ခုလိုကာကွယ်ပေးပါတယ်။ ဒါကတော့ Main Step ပါပဲ။

Step 8 – Primer

အပေါ်က Step တွေ အားလုံးပြီးသွားတဲ့အခါမှာတော့ ကိုယ်လိမ်းမယ့်မိတ်ကပ်ကို ကြာရှည်ခံအောင်နဲ့ မိတ်ကပ်သားညက်ညက်လေးဖြစ်အောင် Primer ကိုလိမ်းပေးရပါတယ်။

ဒီ Step 8 မျိုးလုံးလိမ်းပြီးမှသာ ကိုယ်ကြိုက်နှစ်သက်ရာ မိတ်ကပ် Foundation ကို လိမ်းပေးရပါတယ်။ ဒီတိုင်းမိတ်ကပ်တန်းလိမ်းတဲ့သူနဲ့ ဒီ Step တွေကို သေချာလိမ်းပြီးမှ မိတ်ကပ်လိမ်းတဲ့သူရဲ့ အသားအရေဟာ သိသိသာသာကို ကွာခြားပါတယ်။ သင့်အနေနဲ့ အချိန်မရှိဘူးဆိုရင်တောင် Toner, Emulsion, Sunscreen နဲ့ Primer ကိုတော့ မဖြစ်မနေလိမ်းပေးဖို့ လိုပါတယ်။

Source: kbeauty.com