လှတာလေးတွေ၊ ချစ်စရာကောင်းတဲ့ မိန်းကလေးတွေကို ပိုသဘောကျတတ်တာ ယောကျ်ားလေးတွေရဲ့ သဘာဝပါပဲနော်။ ဘယ်လိုပဲဖြစ်ဖြစ် တကယ်တမ်းဘဝတစ်ခုလုံးအတွက် လက်တွဲရမယ့်မိန်းကလေးတစ်ယောက်ဟာ သူတို့အတွက်လှနေဖို့လိုအပ်သလားဆိုရင်လည်း သူတို့ကတော့ လိုတယ်လို့ပဲဖြေမှာပါပဲ။ ဒါပေမယ့်တကယ်လက်တွေ့ကျကျသူတို့ရွေးချယ်တာကတော့ လှတာထက် သူတို့ကိုပျော်ရွှင်စေတဲ့သူ၊ ရိုးသားတဲ့သူကိုသာ ပိုရွေးချယ်လေ့ရှိပါတယ်။

ကဲ,,လှတာထက် ဒီလိုအချက်တွေနဲ့ ပြည့်စုံနေတဲ့ မိန်းကလေးတစ်ယောက်ကိုတော့ ယောကျာ်းတိုင်းလိုချင်မှာဖြစ်ပြီး လက်မလွှတ်သင့်ပါဘူးနော်။ ဘာလို့လဲဆိုတော့ သူတို့က တကယ်ပဲ သင့်ဘဝအတွက်အထောက်ကူဖြစ်စေမယ့် ၊ လမ်းပြပေးနိုင်မယ့် မိန်းမကောင်းတွေမို့လို့ပါပဲနော်…

စိတ်ပျော်ရွှင်မှုကိုပေးစွမ်းနိုင်သူ

 

သင်ချစ်တဲ့သူက သင့်ကိုတကယ်ပျော်ရွှင်မှုတွေပေးနိုင်မယ်ဆိုတာသေချာပါသလား? တခါတလေ ကိုယ်ကချစ်ပေမယ့်ထင်သလောက် မပျော်ရတဲ့အချိန်တွေရှိမှာပါ။ သူနဲ့ကိုယ်ကြားမှာ အဓိကစိတ်ချမ်းသာစရာကိစ္စတွေပေးစွမ်းနိုင်ဖို့လိုအပ်ပါတယ်။

သူ့ကိုတွေ့လိုက်တာနဲ့ အေးချမ်းသွားတာမျိုးပေါ့။ ဒီလိုခံစားချက်မျိုးမိန်းကလေးတိုင်းပေးနိုင်မှာတော့မဟုတ်ပါဘူး။ ဒါ့ပေမယ့် သင့်အတွက်စစ်မှန်တဲ့ မိန်းကလေးတစ်ယောက်တည်း ဆီကသာ သင်ရနိုင်မှာဖြစ်တယ်။

ရိုးသားတဲ့သူ

ဒီခေတ်ကြီးမှာ ရိုးသားတဲ့လူဆိုတာ မရှိသလောက်ပါပဲ။ မရိုးသားတဲ့လူတစ်ယောက်ကို ယုံကြည်ဖို့ဆိုတာက လုံးဝမဖြစ်နိုင်ပါဘူးနော်။ သင်အနေနဲ့ သူ့အပေါ် ယုံကြည်မှုမရှိရင်ပျော်ရွှင်မှုဆိုတာလည်း ရှိတော့မှာမဟုတ်ပါဘူး။ တကယ်လို့ ရိုးသားဖြူစင်တဲ့သူကိုတွေ့ပြီဆိုရင်တော့ အဲ့ဒီမိန်းကလေးကို လက်မလွှတ်ပါနဲ့။

အကောင်းမြင်စိတ်ရှိသူ

အကောင်းမြင်ပေးတတ်ပြီူသဘောထားကြီးပေးတဲ့မိန်းကလေးတွေက ရှိတော့ရှိပေမယ့်လည်းရှားပါတယ်။ ဒါပေမယ့် အမြဲတမ်းအဆိုးမြင်တတ်တဲ့မိန်းမမျိုးဆို သင့်ကို မွန်းကြပ်စေလာမှာပါ။ သူမရဲ့အပြောဆိုအောက်မှာ သင်နေ့တိုင်းခေါင်းကိုက်နေရပါလိမ့်မယ်။

သင်ရဲ့ဆန္ဒတွေတိုင်းကို ဖြည့်ဆည်းပေးချင်သူ

သင် ဘာဖြစ်ချင်လဲ ၊ ဘာလုပ်ချင်လဲဆိုရင် သူမပါအတူလိုက်ပေးပြီးအေးအတူပူအမျှခံစားပေးမယ့်သူမျိုးပေါ့။ ရည်မှန်းချက် အိပ်မက်တွေအကောင်အထည်ဖော်ဖို့ ဘေးကနေအားအင်အဖြစ် ပံ့ပိုးပေးနိုင်သူမျိုးဖြစ်ပါတယ်။
ယောကျ်ားလေးတွေဟာ ဘယ်လောက်ပဲကြိုးစားကြိုးစား ဘေးနားက အားဖြစ်စေမယ့်မိန်းကလေးတစ်ယောက်ကိုတော့ အမြဲလိုအပ်ပါတယ်နော်။

ဆက်ဆံရေးကောင်းမွန်သူ

လူတိုင်းနဲ့ ဝင်ဆံ့နိုင်အောင် ပေါင်းသင်းနိုင်တဲ့ မိန်းကလေးမျိုးဖြစ်ပြီး စတွေ့တာနဲ့ အပေါ်ယံကြည့်ပြီး ဆုံးဖြတ်တတ်တာမျိုးမဟုတ်ပဲ စကားတွေပြောကြည့်ပြီး အဆင်ပြေအောင် နေတတ်သူမျိုးပေါ့။

ဒီလိုဆက်ဆံရေးကောင်းတဲ့ မိန်းကလေးတစ်ယောက်ကို ပိုင်ဆိုင်ထားရတာဟာ မင်းအတွက်ဆုလာဘ်တစ်ခုပါပဲ။

ကဲ…ဒီအချက်တွေနဲ့ပြည့်စုံနေတဲ့မိန်းကလေး ဒါမှမဟုတ် တော်တော်များများအချက်တွေနဲ့တူနေတဲ့မိန်းကလေးတယောက်က သင့်ဘေးနားမှာရှိနေပြီဆိုရင် လက်လွှတ်ဆုံးရှုံးမခံလိုက်ပါနဲ့တော့..

Source: Brightside.me