မိန်းကလေးတွေက တစ်ဘဝစာအတွက် ရွေးချယ်မှု မှန်ကန်ဖို့လည်း လိုအပ်သလို သေချာလေး လေ့လာဖို့လည်း လိုအပ်ပါတယ်နော်။ ယောကျာ်းလေးတစ်ယောက်က ရုပ်ချောနေရုံနဲ့လည်း မပြီးသေးပါဘူးနော်။ စိတ်ဓာတ်ကောင်းမွန်ဖို့ ကိုယ့်ကျင့်တရားကောင်းမွန်ဖို့ကလည်း အရေးကြီးပါတယ်။ မိန်းကလေးတွေ ကိုယ့်ဘဝအတွက် ယုံကြည်ရတဲ့သူမျိုးကိုပဲ ရွေးချယ်သင့်ပါတယ်။

ချစ်သူရည်းစားအဆင့်မှာပဲ ဖြစ်ဖြစ်သူက ကိုယ့်ကိုလာကြိုက်ပြီးဆိုရင် ဒီလူတစ်ယောက်က ဘယ်လိုမျိုးရှိလဲ၊ သူ့ရဲ့စိတ်နေစိတ်ထားကိုအရင်ကြည့်သင့်ပါတယ်နော်။ မိန်းကလေးတွေမှ ဟန်ဆောင်ပြီးချစ်ပြတဲ့ ခေတ်မဟုတ်တော့ပါဘူးနော်။ အခုခေတ်ယောကျာ်းလေးတွေကလည်း ဟန်ဆောင်ပြီး ကိုယ်လိုချင်တာကို ယူတတ်ကြပါတယ်။

ကဲ့ဒီလိုမျိုးဆိုးရွားလှတဲ့ရွေးချယ်မှုမျိုး မဖြစ်အောင် ဒီလိုမျိုးပုံစံရှိတဲ့ယောကျာ်းတွေကိုဆို ဝေးဝေးကနေရှောင်လို့ရအောင် အချက်လေးတွေ ပြောပြမယ်နော်။

ချုပ်ခြယ်သူ 

သူနဲ့ကိုယ်နဲ့က ဘာအဆင့်မှတောင်မဟုတ်ဘူး ဟိုနေရာမသွားနဲ့ဒီနေရာမသွားနဲ့ဆိုပြီး ချုပ်ခြယ်တဲ့သူဆိုရင်တော့ မစဥ်းစားပါနဲ့တော့။သူတို့ထိန်းချုပ်မှုအောက်မှာကိုယ့်မသိစိတ်က တဖြည်းဖြည်းနဲ့စိုးမိုးခံနေရပြီလား။ ဒီလိုမျိုးယောကျာ်းတွေက အများအားဖြင့်ကိုယ့်ထက်အသက်ကြီးတဲ့သူတွေလည်း ဖြစ်နေတတ်ပါတယ်။ သူတို့က ကိုယ်တိုင်ထိန်းချုပ်လို့ရတဲ့သူမျိုးဆို များစွာသောသံသယတွေနဲ့ချုပ်ခြယ်တတ်ကြပါတယ်။

ယုံကြည်မှုလွန်ကဲနေသူ

အထူးသဖြင့် ရုပ်ချောတဲ့ယောကျာ်းလေးတွေမှာ တွေ့ရတတ်တဲ့စိတ်အနေအထားလေးတွေဖြစ်ပါတယ်။ ဘယ်အရာမှ ယုံကြည်မှုလွန်ကဲတာ မကောင်းပါဘူးနော်။ မိန်းကလေးတွေက ဘယ်သူမဆိုယုံကြည်ချက်ရှိတဲ့သူမျိုးကို သဘောကျတတ်ကြပါတယ်။ ဒါပေမဲ့ အရာရာတိုင်းက ငါသိတယ်ငါတတ်တယ်လို့ လုပ်နေတဲ့သူမျိုးဆိုရင်တော့ ဝေးဝေးသာရှောင်ပါတော့နော်။

မကြင်နာတတ်တဲ့သူ 

ကိုယ်အဆင်ပြေဖို့ကလွဲရင် ဘာကိုမှမကြိုက်တတ်တဲ့သူမျိုးလည်း ဖြစ်သလို တစ်ပါးသူကိုကြင်နာရမှန်းလဲမသိ နူးညံ့မှုမှမရှိတဲ့သူမျိုးဆိုရင်တော့ အပေါင်းအသင်းလုပ်ဖို့တောင် အဆင်ပြေမှာမဟုတ်ပါဘူးနော်။ ကိုယ့်တစ်ယောက်တည်းကိုပဲ ကွက်ပြီးကြင်နာပြနေတဲ့သူမျိုးဆိုလည်း ဟန်ဆောင်တတ်တဲ့ ယောကျာ်းမျိုးဖြစ်တဲ့အတွက် ပိုပြီးရှောင်ရှားသင့်ပါတယ်နော်။

Photo Source – Free.pik