လမ်းခွဲသွားတဲ့ သင့်ရဲ့ရည်းစားဟောင်းက သင့်အကြောင်းတွေးနေလား ဒါမှမဟုတ် သင့်ဆီပြန်လာချင်နေတယ်လို့ ခံစားမိနေလား ? ဒါဆို ရည်းစားဟောင်းက သင့်အကြောင်းတွေးနေတာ ဟုတ်မဟုတ်သိရအောင် အခုပြောပြမယ့် အချက်လေးတွေနဲ့ တိုက်ကြည့်ရအောင်-

စာပို့တာ ဒါမှမဟုတ် ဖုန်းဆက်တာ

သူက သင့်ကို တစ်နည်းနည်းနဲ့ အကြောင်းပြချက်ပေးပြီး မကြာကြာ စာပို့တာ ဖုန်းဆက်တာတွေက သူ့စိတ်ထဲ သင်ရှိနေသေးလို့ပါ။

သင့်သူငယ်ချင်းတွေကို သင့်အကြောင်းမေးတာ

နှစ်ယောက်လုံးနဲ့ ခင်မင်ရင်းနှီးတဲ့သူငယ်ချင်းတွေရှိခဲ့မှာပါ။ ပြတ်သွားပြီးနောက်ပို်င်း သူတို့ကို သင့်ရဲ့အကြောင်းတွေမေးတာ ၊ ပြောတာတွေက သင်က သူ့စိတ်ထဲနေတုန်းပဲဆိုတာကို ပြောပြနေတာပါ။

ဆိုရှယ်မီဒီယာကိုစောင့်ကြည့်နေတာ

Fb ၊ Instagram စတဲ့ ဆိုရှယ်မီဒီယာပေါ်က သင်လှုပ်ရှားမှုတွေ ၊ ပို့စ်တွေကို အမြဲစောင့်ကြည့်နေရင် ၊ လိုက် ကြည့်နေရင် သင်က သူ့စိတ်ထဲ ရှိနေတာ သေချာပါတယ်။

နောက်ယောင်ခံလိုက်နေတာ

သင်သွားတဲ့နေရာတိုင်းမှာ မကြာမကြာသူ့ကိုမြင်နေရတယ် ၊ တွေ့နေရတယ်ဆိုရင် သေချာတယ် ၊ ဒါ သူ့စိတ်ထဲ သင်ရှိနေလို့ သင်နောက်ကို သူနောက်ယောင်ခံလိုက်နေလို့ပါ။

အထူးရက်စွဲတွေကို မှတ်မိနေတာ

သင့်ရည်းစားဟောင်းရဲ့ စိတ်ထဲ သင်ရှိနေတယ်ဆိုတဲ့ လက္ခဏာတွေထဲက နောက်တစ်ခုကတော့ သင်နဲ့ပတ်သက်တဲ့ အဓိကရက်စွဲတွေကို မှတ်မိနေတာပါ။ ဥပမာ- သင့်မွေးနေ့ပေါ့။ အနည်းဆုံးတော့ သူက မင်းကို သေချာပေါက် မမေ့သေးဘူးလို့ ဆိုလိုတာပါ။

သင်လိုချင်တဲ့ပုံစံအတိုင်းပြောင်းလဲလာတာ

သင့်ရဲ့ရည်းစားဟောင်းက သင့်ကိုအဆက်အသွယ်မလုပ်ပေမယ့် သူ့စိတ်ထဲ သင်ရှိနေတယ်ဆိုတာကို သိနိုင်တဲ့နည်းလမ်းတစ်ခုက သင်အမြဲလိုချင်တဲ့ပုံစံအတိုင်း သူတို့ပြောင်းလဲလာတာပါ။ ဥပမာ- ဆေးလိပ်ဖြတ်တာ ၊ အရက်မသောက်တော့တာမျိုး။