သင့်မျက်နှာပေါ်က မိတ်ကပ်ကြာရှည်ခံဖို့က ဖောင်ဒေးရှင်း အမျိုးအစားပေါ် မူတည်ပြီး ခက်ခဲတတ်ပါတယ်။ နေမှောင်လာပြီဆိုတာနဲ့ လိမ်းထားတဲ့ မိတ်ကပ်ကလည်း အလိုလို မှိန်လာတတ်ပါတယ်။ ဒီလိုဆိုရင် ညနေအထိ မိတ်ကပ်ခံဖို့ ပြန် Touch up လုပ်ရတတ်ပါတယ်။ ဒီတစ်ခေါက်မှာတော့ Touch up လုပ်စရာမလိုဘဲ မျက်နှာပေါ် မိတ်ကပ် ခံကာ ယုံကြည်မှုရှိရှိ လှနေဖို့ နည်းလမ်းတွေကို ဖော်ပြလိုက်ပါတယ်။

၁။ ချေးချွတ်ပါ

မိတ်ကပ်ကြာရှည်ခံဖို့ လုပ်နိုင်တဲ့ ထိန်းသိမ်းနည်း တစ်ခုကတော့ တစ်ပတ်တစ်ခါ ပုံမှန် ချေးချွတ်ပေးတာပါ။ Exfoliate လုပ်တာက သင့်မျက်နှာအသားအရေရဲ့ ဆဲလ်သေတွေ ကွာစေသလို မိတ်ကပ်ကပ်နေဖို့လည်း ကြိုပြင်ဆင်ပေးသလို ဖြစ်စေပါတယ်။

၂။ Primer

Photo Source: Makeup Muddle

Primer က မိတ်ကပ်မလိမ်းခင် ကြိုလိမ်းပေးသင့်တဲ့ Product တစ်မျိုးပါ။ Primer လိမ်းလိုက်တဲ့အခါ ချွေးပေါက်ကျဉ်းစေသလို မိတ်ကပ်လိမ်းတဲ့အချိန် ချောချောလေးနဲ့ လိမ်းရကောင်းစေပါတယ်​။ ဒါ့အပြင် Primer က မိတ်ကပ်ကို တစ်နေ့လုံး ကြာရှည်ခံစေပါတယ်။

၃။ Clay Mask သုံးပါ

သင်က အဆီပြန်တတ်တယ်ဆိုရင် မိတ်ကပ်က ကြာရှည်ခံမှာ မဟုတ်ပါဘူး။ Clay Mask က မျက်နှာအဆီပြန်ခြင်းကို သက်သာစေပါတယ်​။ တစ်ပတ်တစ်ခါလောက် Clay Mask ကို သုံးသင့်ပါတယ်။

၄။ ဖောင်ဒေးရှင်း သုံးတဲ့အခါ

မိတ်ကပ်တစ်နေ့လုံး ခံဖို့ ဖောင်ဒေးရှင်း အထူကြီး လိမ်းစရာ မလိုပါဘူး​။ အသားအရေထဲ စိမ့်မဝင်တဲ့ Product တွေက ကြာလာရင် ကွာကျလာတတ်ပါတယ်။ သင်က ဖောင်ဒေးရှင်းကို အထူကြီး လိမ်းမယ်ဆိုရင် Blusher တွေ၊ Bronzer တွေ အရင် ကွာကျလာပါလိမ့်မယ်။

၅။ တာရှည်ခံစေတဲ့ အညွှန်း

မိတ်ကပ်ဝယ်တဲ့အခါ Long Lasting လို့ ရေးထားတဲ့ Product တွေကို ဝယ်သင့်ပါတယ်။ ဒီလိုဆိုရင် မိတ်ကပ်ကြာရှည်ခံဖို့ အခွင့်အရေး ပိုများသွားပါပြီ။

၆။ Tinted Moisturizer ကို သုံးပါ

Foundation ကို အားကိုးသလိုပဲ Tinted Moisturizer ကိုလည်း သုံးကြည့်သင့်ပါတယ်။ Tinted Moisturizer ကမျက်နှာကို ကြည်ကြည်ပြောင်ပြောင်လေးနဲ့ လှစေပြီး အသားထဲ ပိုစိမ့်ဝင်မြန်ပါတယ်။ Tinted Moisturizer ကိုမှ SPF ပါတာမျိုးကို ရွေးဝယ်မယ်ဆိုရင် သင် နေရောင်ဒဏ်ကို ကာပြီးသား ဖြစ်သွားပါလိမ့်မယ်။

Photo Source: Pinterest

By MyStyle Myanmar