အငိုသန်တဲ့မိန်းကလေးတစ်ယောက်ကို ချစ်သူတော်ထားရတဲ့အတွက် တခြားယောကျာ်းလေးတွေထက် သင်ပိုပြီးကံဆိုးတယ်လို့ သင်ထင်နေမိပါသလား?? တကယ်ဆို ဒေါသတွေအားလုံးကို မျက်ရည်အဖြစ်ပြောင်းလိုက်တဲ့ မိန်းကလေးအတွက် သင်သိပ်အာရုံနောက်နေစရာမလိုဘူးဆိုတာ သိထားသင့်ပါတယ်နော်။ လူတိုင်းမှာ ခံစားချက်ကိုယ်စီရှိတတ်ကြပါတယ်။

ဒရမ်မာအရမ်းချိုးတတ်တယ်။ မျက်ရည်လွယ်တယ်။ စိတ်ပျော့တယ်။ အာရုံနောက်ဖို့ကောင်းတယ်စသဖြင့် သင်မြင်ကောင်းမြင်နိုင်လိမ့်မယ်။ တကယ်တော့ အငိုသန်တဲ့မိန်းကလေးတွေကမှ ပိုပြီးချစ်ဖို့ကောင်းကြတာပါ။ ကဲ… ဒီလိုပြောလို့ သင်လက်သိပ်မခံချင်ဘူးဆိုရင်တော့  သူတို့ကိုချစ်ဖို့ကောင်းစေတဲ့ ဒီအချက်လေးတွေကို အဆုံးထိကြည့်လိုက်ပါနော်။

၁။ စိတ်ပူစရာမလိုဘူး

Photo Source: Flightfieldstudios

မျက်ရည်လွယ်တဲ့မိန်းကလေးတွေက သူတို့ရဲ့စိတ်ခံစားချက်ကို ပြသဖို့ လုံးဝမရှက်ရွံကြပါဘူး။ ဒါကြောင့် သူမဘာတွေဖုံးကွယ်ထားလဲ။ ဘာတွေလိမ်ထားမလဲ။ ဘာတွေစဉ်းစားနေမလဲဆိုတာကို သင်ခေါင်းခြောက်ခံပြီး တွေးတောနေစရာမလိုတော့ပါဘူး။

၂။ တိုင်ပင်နိုင်တယ်

Photo Source: Health By Principle

သူမခံစားချက်ကို အမြဲထုတ်ပြနေတတ်တာဖြစ်လို့ သင်အခက်အခဲရှိတဲ့အခါတွေမှာလည်း အားမနာဘဲ ပွင့်ပွင့်လင်းလင်းတိုင်ပင်လို့ရပါတယ်။ သူမကစိတ်ဓာတ်မာလို့ ငါလည်းသန်မာပြမှဖြစ်မယ်ဆိုတာမျိုး မရှိတော့ပါဘူး။

၃။ အငြိုးမထားတတ်ဘူး

Photo Source: Flightfieldstudios

ခံစားနေရတာတွေအားလုံးကို မျက်ရည်အဖြစ်ပြောင်းလိုက်တာဖြစ်လို့ သူ့စိတ်ထဲမှာ အငြိုးကြီးကြီးမားမားမရှိတော့ပါဘူး။ ဒါကြောင့် ကလဲ့စားချေမှာတွေ၊ မပြောမဆို စိတ်ကောက်နေမှာတွေအတွက် သင်ပူနေစရာမလိုပါဘူး။

၄။ စိတ်ဖိစီးမှုကင်းတယ်

ငိုလိုက်တာဖြစ်လို့ စိတ်ထဲပေါ့သွားပြီး ဘေးကလူတွေကို ပျော်ပျော်ရွှင်ရွှင် ပြန်ဆက်ဆံလာနိုင်ပါတယ်။ မျက်ရည်မထွက်ဘဲ စိတ်ထဲသိမ်းထားပြီး အမြဲစိတ်ဓာတ်ကျ၊ စိတ်လေးလံနေရသူတွေထက်စာရင် အများကြီးတော်ပါသေးတယ်။

၅။ ကြင်နာတတ်တယ်

Photo Source: Flightfieldstudios

စိတ်ဓာတ်နူးညံ့လွန်းတဲ့သူတွေဖြစ်တာကြောင့် တခြားသူဘယ်လိုခံစားရမလဲဆိုတာကိုသိပြီး ကောင်းကောင်ကိုယ်ချင်းစာနားလည်ပေးတတ်ကြပါတယ်။ သူနဲ့သာတူတူဆိုရင် သင်ဘယ်တော့မှ နာကျင်မှုကြီးကြီးမားမားခံစားရတော့မှာ မဟုတ်ပါဘူး။

ကဲ…ဒီအချက်လေးတွေကို သိလိုက်ရပြီဆိုတော့ အငိုသန်တဲ့ကောင်မလေးကို ပိုင်ဆိုင်ထားတဲ့အတွက် စိတ်ညစ်နေမယ့်အစား သူ့ရဲ့ချစ်ဖို့ကောင်းတဲ့အရာလေးတွေကို ပိုမြင်ပေးပြီး သာယာတဲ့အချစ်ခရီးလမ်းကို ပျော်ရွှင်စွာဖြတ်သန်းလိုက်ပါနော်….