တစ်နေ့ကို “Sorry” ဘယ်နှစ်ကြိမ်ပြောဖူးလဲ လို့ စဉ်းစားကြည့်ကြပါစို့။ ပြောလိုက်တဲ့ အကြိမ်တိုင်းအတွက် အကြောင်းပြချက် ခိုင်လုံခဲ့ရဲ့လား။ “လူမှုကွန်ယက် နယ်ပယ် ထဲမှာ မလိုအပ်ပဲ Sorry ပြောခြင်းဟာ ပုံမှန်အလေ့ကျင့်တစ်ခုလို ဖြစ်လာပါပြီ” ဟု လူမှုဗေဒပညာရှင်များက ဆိုထားပါတယ်။
သို့သော် “Sorry” ပြောခြင်းဟာ အမှန်တကယ်တော့ ကိုယ့်ရဲ့ယုံကြည်မှုကို ကိုယ်တိုင် သတ်ချနေခြင်း ဖြစ်ပါတယ်။
အမှန်တရား ပြောသောအခါ
အမှန်ကိုပြောခြင်းအတွက် ခွင့်လွှတ်ပါလို့ ပြောစရာမလိုပါဘူး။ တစ်ချို့အမှန်တရားတွေက တဖက်သားကို စိတ်မသက်မသာ ဖြစ်စေပါတယ်။ ဒါ့ကြောင့် ကိုယ့်ရဲ့အတွေးတွေကို ထုတ်ပြောဖို့ ကြိုးစားတိုင်း “တောင်းပန်ပါတယ်” ပြောမယ့်အစား “ ငါ့အမြင်လေးကတော့ သို့မဟုတ် ငါ့အတွေးလေးကတော့ “ စသဖြင့် ပြောဆို သုံးနှုန်းသင့်ပါတယ်။
ဒီအချက်က တန်ဖိုးရှိသော အကြံဉာဏ်တွေ ပေးတတ်တဲ့ လူတစ်ဦးဖြစ်လာအောင် သင့်ကို ပံ့ပိုးပေးပါလိမ့်မယ်။
စိတ်ခံစားချက်ပြင်းထန်တဲ့အချိန်
အခြားသူတစ်ဦးကို သင့်ရဲ့ ခံစားချက်သိခွင့်ပေးလိုက်ခြင်းဟာ သင်ဟာ သူတို့ကို သင့်ကိုနားလည်အောင် ကူညီပေးလိုက်တာနဲ့ တူပါတယ်။ သူတို့ရဲ့ စိတ်ခံစားချက်ကိုလည်း သင့်အနေနဲ့ မေးမြန်းသင့်ပါတယ်။ ပြီးတော့ စိတ်ထိခိုက်ခံစားလွယ်ခြင်းဟာ ရှက်စရာမဟုတ်ပါဘူး။
တခြားသူများနှင့် မတူကွဲပြားနေသည်ဟု ခံစားရသောအခါ
ခံစားမှုကို စိတ်အသက်သာဆုံး ဖြေဖျောက်ပေးနိုင်မယ့် မှန်ကန်တိကျသော နည်းလမ်းအတွက် နောက်ဆုံးလုပ်နိုင်ခြင်းဟာ ခွင့်လွှတ်ခြင်း ဖြစ်ပါတယ် လို့ ကျွမ်းကျင်ပညာရှင်များက ထောက်ခံ ပေးထားပါတယ်။
ဝတ်စားဆင်ယင်မှု စည်းကမ်းသတ်မှတ်ချက် ရှိရမယ့်အချိန်ကလွဲရင် တခြားလူတွေရဲ့ အကြိုက်တွေ့စေမယ့် အဝတ်အစားတွေ ဝတ်ဖို့ အလောတကြီး ပြင်ဆင်စရာမလိုအပ်ပါဘူး။ ကိုယ့်စတိုင်လ်နဲ့ကိုယ်နေပါ။
သူများတွေရဲ့အကြိုက်ကို လိုက်လုပ်ပေးရတာဟာ အလွန်ပင်ပန်းပါတယ်။ အခြားလူတွေရဲ့ စိတ်တိုင်းကျ မနေပေးနိုင်တာကြောင့်လည်း “Sorry” ပြောဖို့ မလိုအပ်ပါဘူး။
မေးခွန်းမေးသောအခါ
ကိစ္စတော်တော်များများတွင် မေးခွန်းထုတ်မေးခြင်းဟာ စိတ်သက်သာမှုကို ခံစားရနိူင်ပါတယ်။ ဘာလို့လဲဆိုတော့ အမေးခံရတဲ့ လူရဲ့မျက်လုံးထဲက မလိုလားမူတွေကို ကြောက်လို့ပဲဖြစ်ပါတယ်။
အကယ်၍ အောင်မြင်ကြီးပွားချင်တယ်ဆိုရင် ကိုယ်မသိနားမလည်တဲ့ အကြောင်းအရာတခုအတွက် မေးခွန်းမေးဖို့မကြောက်ပါနဲ့။ ဒီအတွက်လည်း “Sorry” ဆိုတဲ့ စကားပြောဖို့မလိုအပ်ပါဘူး။
အကြောင်းတစ်စုံတစ်ရာကို ချက်ချင်း မတုံပြန်သောအခါ
သူတို့ရဲ့ လိုအပ်ချက်က အခြားသူထက် ပိုအရေးကြီးတယ်လို့ စဉ်းစားတတ်တဲ့သူတွေ ရှိကြပါတယ်။ ဒီလိုလူတွေဟာ သင်အလုပ်ရှုပ်နေလားဆိုတာကိုတောင် တွေးပေးလေ့မရှိဘဲ အီးမေးလ်၊ မက်ဆေ့ ဖုန်းတွေဆီကနေ သူတို့ လိုချင်တာကိုသာ ချက်ချင်း တောင်းဆိုတတ်ကြပါတယ်။
သူတို့ရဲ့ အချိန်အတိုင်းအတာ ဘောင်အတွင်းမှာ အံဝင်ခွင်ကျ မရှိတဲ့အတွက် စိတ်မကောင်းမဖြစ်ပါနဲ့။ အရေးပေါ် အခြေအနေမဟုတ်ဘူးဆိုရင် ချက်ခြင်းလက်ငင်း ဆုံးဖြတ်ချက်တွေ ပေးစရာမလိုအပ်ပါဘူး။ ဒါပေမယ့် သူတို့မေးတဲ့မေးခွန်းကို မမေ့ကြောင်း အချိန်သင့်တာနဲ့ အဖြေပေးမည်ဖြစ်ကြောင်းကိုတော့ သူတို့သိပါစေ။