သင်က အသားအရေထိန်းသိမ်းရတာ ဝါသနာပါတဲ့သူဆိုရင် Exfoliation လုပ်တာက တောက်ပတဲ့ အသားအရေကိုရဖို့ အရေးကြီးတယ်ဆိုတာ သိပြီးသားဖြစ်မှာပါ။ ဒါပေမယ့် Exfoliation လုပ်တဲ့အခါ အဆင့်တစ်ခုခုမှားသွားရင် မျက်နှာအသားအရေက ယားတာမျိုးတွေ ဖြစ်သွားနိုင်ပါတယ်။

ဒါကြောင့် Exfoliation လုပ်တဲ့အခါ ဒီအမှားတွေကို ရှောင်နိုင်ဖို့ ဝေမျှလိုက်ပါတယ်။

ခနခန Exfoliation လုပ်တာ

Exfoliation လုပ်တာက အသားအရေအတွက်ကောင်းတယ်ဆိုပေမယ့် ခနခနလုပ်တာက ကြာလာရင် အသားအရေယားတာ ၊ နီတာ ၊ ခြောက်တာတွေဖြစ်လာနိုင်ပါတယ်။ ဒါကြောင့် တစ်ပတ်မှာ 1 ကနေ အလွန်ဆုံး 3 ကြိမ်လောက်ဘဲ Exfoliation လုပ်တာက အကောင်းဆုံးပါ။

အကြာကြီးနေမှ Exfoliation လုပ်တာ

Exfoliation ကို ခနခနလုပ်တာကမကောင်းသလို အကြာကြီးနေမှလုပ်တာကလည်း မကောင်းပါဘူး။ တစ်ပတ်မှာ အနည်းဆုံး တစ်ကြိမ်ကနေ အများဆုံး ၃ ကြိမ်လောက်လုပ်မှသာ အကျိုးကျေးဇူးကို ခံစားနိုင်မှပါ။

ကြမ်းလွန်းတဲ့ Exfoliator သုံးတာ

Exfoliation လုပ်တဲ့အခါ ကြမ်းလွန်းတဲ့ Exfoliator ကို သုံးတာက အသားအရေကို နီတာ ၊ ရဲတာ နဲ့ အသားပွန်းတာမျိုးတွေ ဖြစ်တတ်ပါတယ်။ ဒါကြောင့် နူးညံ့တဲ့ Exfoliator ကို ရွေးပါ။

Exfoliation လုပ်ပြီး ဘာမှမလိမ်းတာ

တစ်ပတ် ၃ ကြိမ် Exfoliation လုပ်ပြီးရုံနဲ့ မလုံလောက်ပါဘူး။ Exfoliation လုပ်ပြီး အသားအရေအတွက် လိုအပ်တဲ့ အာဟာရဖြည့်တင်းပေးတဲ့ Serum ဒါမှမဟုတ် Moisturizer လိမ်းပေးဖို့ လိုအပ်ပါတယ်။