[Zawgyi]
ေန႔စဥ္ေန႔တိုင္းပံုမွန္ျပဳလုပ္ေနၾကအရာမ်ားက မွားယြင္းေနတဲ့အခါ က်န္းမာေရးကို ထိခိုက္ႏိုင္ပါတယ္။ အဲ့လိုအမွားေလးေတြကို ဘယ္လိုေရွာင္ရမလဲဆိုတာကို ေဝမွ်ေပးလိုက္ပါတယ္။
စာဖတ္သူေတြကေရာ အခုေဖာ္ျပေပးမယ့္ အမွားေတြထဲမွာ ဘယ္အခ်က္ေတြကို က်ဴးလြန္မိေနလဲဆိုတာကို အတူတူဖတ္ၾကည့္လိုက္ရေအာင္ေနာ္။
၁။ အိပ္ရာမဝင္ခင္ ေရခ်ိဳးျခင္း
အိပ္ရာမဝင္ခင္မွာ ေရေႏြးေလးနဲ႔ ေရခ်ိဳးေပးျခင္းက ႏွစ္ႏွစ္ၿခိဳက္ၿခိဳက္အိပ္ေပ်ာ္ေစတယ္ဆိုတာ မဟုတ္ပါဘူး။ အိပ္ခါနီးမွာ ေရေႏြးနဲ႔ ေရခ်ိဳးျခင္းေၾကာင့္ ခႏၶာကိုယ္အပူခ်ိန္က ျမင့္တက္ေနၿပီး လူက တက္တက္ႂကြႂကြျဖစ္ေနပါလိမ့္မယ္။
၂။ ေဘာပင္၊ ေဆာ့ပင္ကိုင္တဲ့အခါ
ေဘာပင္တို႔ ေဆာ့ပင္တို႔ကို တင္းတင္းၾကပ္ၾကပ္ဆုပ္ကိုင္ၿပီး စာေရးတဲ့အခါ သင့္လက္ အလ်င္အျမန္ေညာင္းသြားေစပါတယ္။ ေဆာ့ပင္ေအာက္ေျခနားကို အသာအယာဖြဖြေလးကိုင္ေပးပါ။
၃။ အိမ္သာေရဆြဲခ်တဲ့အခါ
အေပါ့အေလးသြားၿပီးတဲ့အခါ အိမ္သာအဖံုးကို ပိတ္ၿပီးေရဆြဲခ်ပါ။ အိမ္သာအဖံုးဖြင့္ထားပါက အညစ္အေၾကးထဲမွ ဘက္တီးရီးယားပိုးမႊားမ်ားက ေလထဲသို႔ပ်ံ႕ႏွံ႔သြားၿပီး ၾကမ္းျပင္၊ ေဘစင္၊ မ်က္ႏွာသုတ္ပုဝါ၊ သြားတိုက္တံေတြဆီ ကပ္ညွိသြားႏိုင္ပါတယ္။
၄။ ဟင္းခ်က္တဲ့အခါ
ဟင္းခ်က္တဲ့အခါ ေမႊတဲ့ဇြန္းကို ဇြန္းလက္ကိုင္အေပါက္ထဲ ထည့္ေပးပါ။
၅။ သြားတိုက္ေဆးပမာဏ
သြားတိုက္ေဆးမ်ားမ်ားအသံုးျပဳေလ သြားေလးေတြ က်န္းမာၿပီး ျဖဴေဖြးသန္႔ရွင္းမယ္လို႔ ယူဆရင္မွားသြားပါလိမ့္မယ္။ ပဲေစ့ပမာဏခန္႔ သြားတိုက္ေဆးဆိုရင္ သြားတိုက္ဖို႔အတြက္ လံုေလာက္ပါၿပီ။
၆။ ဆံညွပ္ကလစ္
ယိုးဒယားဆံညွပ္ကလစ္ေလးေတြတပ္တဲ့အခါ လႈိင္းတြန္႔ေလးေတြကို ေအာက္ဘက္အျခမ္းမွာ ထားေပးပါ။
၇။ အခ်ိဳရည္ (သို႔) ဝိုင္ေသာက္တဲ့အခါ
ဖန္ခြက္ေလးရဲ႕ေအာက္ေျခကေနပဲ ကိုင္ေပးပါ။ ဖန္ခြက္ကို အတင္းဆုပ္ကိုင္ထားမယ္ဆိုရင္ သင့္လက္အပူခ်ိန္က အခ်ိဳရည္ကို အလ်င္အျမန္ေႏြးသြားေစမွာျဖစ္ၿပီး အရသာတစ္မ်ိဳးေျပာင္းသြားႏိုင္လို႔ပါ။
၈။ ေခါင္းေလွ်ာ္တဲ့အခါ
ေန႔တိုင္းေခါင္းေလွ်ာ္ျခင္းက ဆံေကသာရဲ႕အဆီဓာတ္ကို စုပ္ယူသြားၿပီး ဆံပင္ပ်က္စီးၾကမ္းတမ္းေစပါတယ္။ တစ္ပတ္မွာ ၂ ႀကိမ္၊ ၃ ႀကိမ္ခန္႔ေလွ်ာ္ေပးရင္ လံုေလာက္ပါၿပီ။
Source: Brightside.me
[Unicode]
နေ့စဉ်နေ့တိုင်းပုံမှန်ပြုလုပ်နေကြအရာများက မှားယွင်းနေတဲ့အခါ ကျန်းမာရေးကို ထိခိုက်နိုင်ပါတယ်။ အဲ့လိုအမှားလေးတွေကို ဘယ်လိုရှောင်ရမလဲဆိုတာကို ဝေမျှပေးလိုက်ပါတယ်။
စာဖတ်သူတွေကရော အခုဖော်ပြပေးမယ့် အမှားတွေထဲမှာ ဘယ်အချက်တွေကို ကျူးလွန်မိနေလဲဆိုတာကို အတူတူဖတ်ကြည့်လိုက်ရအောင်နော်။
၁။ အိပ်ရာမဝင်ခင် ရေချိုးခြင်း
အိပ်ရာမဝင်ခင်မှာ ရေနွေးလေးနဲ့ ရေချိုးပေးခြင်းက နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်စေတယ်ဆိုတာ မဟုတ်ပါဘူး။ အိပ်ခါနီးမှာ ရေနွေးနဲ့ ရေချိုးခြင်းကြောင့် ခန္ဓာကိုယ်အပူချိန်က မြင့်တက်နေပြီး လူက တက်တက်ကြွကြွဖြစ်နေပါလိမ့်မယ်။
၂။ ဘောပင်၊ ဆော့ပင်ကိုင်တဲ့အခါ
ဘောပင်တို့ ဆော့ပင်တို့ကို တင်းတင်းကြပ်ကြပ်ဆုပ်ကိုင်ပြီး စာရေးတဲ့အခါ သင့်လက် အလျင်အမြန်ညောင်းသွားစေပါတယ်။ ဆော့ပင်အောက်ခြေနားကို အသာအယာဖွဖွလေးကိုင်ပေးပါ။
၃။ အိမ်သာရေဆွဲချတဲ့အခါ
အပေါ့အလေးသွားပြီးတဲ့အခါ အိမ်သာအဖုံးကို ပိတ်ပြီးရေဆွဲချပါ။ အိမ်သာအဖုံးဖွင့်ထားပါက အညစ်အကြေးထဲမှ ဘက်တီးရီးယားပိုးမွှားများက လေထဲသို့ပျံ့နှံ့သွားပြီး ကြမ်းပြင်၊ ဘေစင်၊ မျက်နှာသုတ်ပုဝါ၊ သွားတိုက်တံတွေဆီ ကပ်ညှိသွားနိုင်ပါတယ်။
၄။ ဟင်းချက်တဲ့အခါ
ဟင်းချက်တဲ့အခါ မွှေတဲ့ဇွန်းကို ဇွန်းလက်ကိုင်အပေါက်ထဲ ထည့်ပေးပါ။
၅။ သွားတိုက်ဆေးပမာဏ
သွားတိုက်ဆေးများများအသုံးပြုလေ သွားလေးတွေ ကျန်းမာပြီး ဖြူဖွေးသန့်ရှင်းမယ်လို့ ယူဆရင်မှားသွားပါလိမ့်မယ်။ ပဲစေ့ပမာဏခန့် သွားတိုက်ဆေးဆိုရင် သွားတိုက်ဖို့အတွက် လုံလောက်ပါပြီ။
၆။ ဆံညှပ်ကလစ်
ယိုးဒယားဆံညှပ်ကလစ်လေးတွေတပ်တဲ့အခါ လှိုင်းတွန့်လေးတွေကို အောက်ဘက်အခြမ်းမှာ ထားပေးပါ။
၇။ အချိုရည် (သို့) ဝိုင်သောက်တဲ့အခါ
ဖန်ခွက်လေးရဲ့အောက်ခြေကနေပဲ ကိုင်ပေးပါ။ ဖန်ခွက်ကို အတင်းဆုပ်ကိုင်ထားမယ်ဆိုရင် သင့်လက်အပူချိန်က အချိုရည်ကို အလျင်အမြန်နွေးသွားစေမှာဖြစ်ပြီး အရသာတစ်မျိုးပြောင်းသွားနိုင်လို့ပါ။
၈။ ခေါင်းလျှော်တဲ့အခါ
နေ့တိုင်းခေါင်းလျှော်ခြင်းက ဆံကေသာရဲ့အဆီဓာတ်ကို စုပ်ယူသွားပြီး ဆံပင်ပျက်စီးကြမ်းတမ်းစေပါတယ်။ တစ်ပတ်မှာ ၂ ကြိမ်၊ ၃ ကြိမ်ခန့်လျှော်ပေးရင် လုံလောက်ပါပြီ။
Source: Brightside.me