အားလုံးပဲမင်္ဂလာပါနော်။ ဒီတခါမှာတော့ ဆံပင်အဖျားနှစ်ခွဖြစ်လို့ စိတ်ညစ်နေသူတွေအတွက် ဆံပင်အဖျားနှစ်ခွဖြစ်တာကို သက်သာစေပြီး သဘာဝအတိုင်း နူးညံ့နေစေမယ့် နည်းလမ်းကောင်းလေးတွေကို မျှဝေပေးချင်ပါတယ်။

၁။ ဆံပင်အဖျားလေးတွေကို ပုံမှန်တိပေးပါ

သင့်ရဲ့ ဆံပင်အဖျားလေးတွေကို ၂ လတစ်ကြိမ်လောက် တိပေးပါ။

၂။ ခေါင်းလျှော်တိုင်းပေါင်းဆေးသုံးပါ

ခေါင်းလျှော်တဲ့အချိန်တိုင်း ပေါင်းဆေးလေးသုံးပေးပါ။

၃။ ရေအေးအေးနဲ့ခေါင်းလျှော်ပါ

ခေါင်းလျှော်တဲ့အခါ ရေနွေးနဲ့လျှော်ရင် ဆံကေသာကို ကြမ်းတမ်းစေပါတယ်။ ဒါ့ကြောင့် ရေအေးနဲ့လျှော်ပါ။

၄။ သဘာဝနည်းလမ်းနဲ့ပေါင်းတင်ပါ

ပါဝင်ပစ္စည်း

Photo: www.steptohealth.com

ကြက်ဥ ၂ လုံး

လိမ္မော်သီးတစ်လုံး အရည်ညှစ်ပါ

ငှက်ပျောသီးမှည့်တစ်လုံး

ပြုလုပ်နည်း

ပါဝင်ပစ္စည်းတွေအားလုံးကို သေချာရောလိုက်ပြီး မွှေလိုက်ပါ။ ပြီးနောက် ဆံပင်အရင်းကနေ အဖျားအထိလိမ်းပေးလိုက်ပါ။ မိနစ် ၃၀ လောက်ထားပြီး ခေါင်းလျှော်ချလိုက်ပါ။

တစ်ပတ် ၃ ကြိမ်လုပ်ပါ။