ကျန်းမာပျော်ရွှင်စွာ နေ့ရက်တိုင်းကိုဖြတ်သန်းနိုင်ဖို့ နေ့စဉ်မှန်မှန် လေ့ကျင့်ခန်းပြုလုပ်ပေးခြင်းကလည်း မဖြစ်မနေ လိုအပ်ပါတယ်။ လေ့ကျင့်ခန်းပြုလုပ်ခြင်းက စိတ်ဖိစီးမှုကိုလည်း ဖြေဖျောက်ပေးပြီး ကြံ့ခိုင်သန်စွမ်းစေတာကြောင့် ကျန်းမာပျော်ရွှင်တဲ့ဘဝကို ပိုင်ဆိုင်နိုင်မှာပဲဖြစ်ပါတယ်။Gym ကစားခြင်း အပြေးလေ့ကျင့်ခန်း လက်ဝှေ့ကစားခြင်း ရေကူးခြင်း စသည်ဖြင့် ခန္ဓာကိုယ်ကြံ့ခိုင်စေတဲ့ လေ့ကျင့်ခန်းတွေများစွာရှိတဲ့အထဲကမှ အထိရောက်ဆုံးနဲ့ ပင်ပင်ပန်းပန်း လေ့ကျင့်ခန်းလုပ်စရာမလိုတဲ့ လေ့ကျင့်ခန်းတစ်ခုက ယောဂလေ့ကျင့်ခြင်းပဲ ဖြစ်ပါတယ်။

ဒါကြောင့် စိတ်ဖိစီးမှုကို ဖြေဖျောက်စေပြီး ကျန်းမာပျော်ရွှင်တဲ့ဘဝကို ပိုင်ဆိုင်နိုင်စေမယ့် အထိရောက်ဆုံးဖြစ်တဲ့ ယောဂကျင့်စဉ်တွေကို ဝေမျှပေးလိုက်ပါတယ်နော်။

ယောဂလေ့ကျင့်ခန်း (၁)

Source : Hindustan Times

ဘယ်အလုပ်ပဲလုပ်လုပ် အခြေခံက အရေးကြီးဆုံးပါပဲ။ ယောဂဆော့ရာမှာလည်း အခြေခံကနေ စဆော့ရမှာမို့လို့ လွယ်ကူရိုးရှင်းတဲ့ ယောဂပို့စ်လေးနဲ့ အရင်အစပျိုးရပါမယ်။ ဒီပို့စ်လေးကို ပိုင်နိုင်ပြီဆိုမှ အခြားအဆင့်တွေကို ရှောရှောရှူရှူနဲ့ ပြုလုပ်နိုင်မှာပဲဖြစ်ပါတယ်။

ယောဂလေ့ကျင့်ခန်း (၂)

Source : Students Union

ဒီလေ့ကျင့်ခန်းကတော့ ဘယ်ခြေဖဝါးကို ညာပေါင်မှာ ကပ်ထားပြီး ညာခြေထောက်တစ်ဖက်တည်းနဲ့ မတ်တပ်ရပ်ရမှာပဲဖြစ်ပါတယ်။ သက်လုံအားလည်း ကောင်းစေပြီး ခန္ဓာကိုယ်ကို ပျော့ပျော့ပျောင်းပျောင်းဖြစ်အောင် ကူညီပေးနိုင်ပါတယ်။

ယောဂလေ့ကျင့်ခန်း (၃)

Source : neganews.ru

ပုံထဲက ပြထားတဲ့အတိုင်း အနေအထားမှန်အောင် ပြုလုပ်ပေးရပါမယ်။ အသက်ရှုသွင်း ရှုထုတ်တာကလည်း မှန်နေရပါမယ်။ ဒီယောဂလေ့ကျင့်ခန်းကတော့ ခန္ဓာကိုယ်တစ်ခုလုံးအတွက် ကောင်းမွန်စေပြီး စိတ်တည်ငြိမ်အောင်၊ အာရုံစူးစိုက်နိုင်စွမ်းမြင့်မားအောင်၊ စိတ်ခံစားချက်ကောင်းမွန်စေတဲ့အပြင် အစာချေစနစ်အတွက်လည်း ကောင်းမွန်ပါတယ်။

ယောဂလေ့ကျင့်ခန်း (၄)

Source : 1ZOOM.Me

ဒီယောဂပို့စ်ကတော့ ဒိုက်ထိုးဖို့ပြင်နေတဲ့ လေ့ကျင့်ခန်းပဲဖြစ်ပါတယ်။ ထိုအနေအထားအတိုင်း တောင့်ခံထားပြီး အသက်ရှုစနစ်ကိုလည်း မှန်ကန်နေပါစေ။ နှလုံးကျန်းမာရေးအတွက်လည်း ကောင်းပြီး စိတ်ဖိစီးမှုကိုလည်း လျော့ချပေးနိုင်ပါတယ်။

ယောဂလေ့ကျင့်ခန်း (၅)

Source : Yoga – Groepspraktijk Tille

မိမိရဲ့ ခံနိုင်ရည်အားက တဖြည်းဖြည်းမြင့်မားလာပြီဆိုရင်တော့ ဒီပို့စ်လေးကို စမ်းလုပ်ကြည့်လိုက်ပါ။ ကယ်လိုရီတွေကို လောင်ကျွမ်းစေတဲ့အပြင် မိမိရဲ့ခန္ဓာကိုယ်ကို ဘယ်လိုထိန်းညှိရမလဲ တောင့်ခံထားရမလဲဆိုတာကို သိနားလည်သွားပါလိမ့်မယ်။