ယောဂကျင့်ပေးခြင်းက စိတ်တည်ငြိမ်အေးချမ်းစေပြီး အာရုံစုစည်းနိုင်ပါတယ်။ စိတ်ဖိစီးမှု stress တွေ၊ စိုးရိမ်ပူပန်မှုတွေ၊ အိပ်မပျော်နိုင်ဖြစ်နေတာတွေကိုလည်း သက်သာလာစေပါတယ်။ ဒါကြောင့် ဒီတစ်ခါမှာတော့ စိုးရိမ်ပူပန်မှုတွေကိုလျော့ကျစေမယ့် ယောဂကျင့်စဉ်တွေကို မျှဝေပေးလိုက်ပါတယ်။ လွယ်ကူတာတွေကို ရွေးပြီးဖော်ပြထားတာဖြစ်လို့ စိုးရိမ်ပူပန်မှုတွေများပြီး anxiety ဖြစ်နေတယ်ဆိုရင် ဒီယောဂကျင့်စဉ်တွေကို အချိန်ပေးပြီး လုပ်ကြည့်သင့်ပါတယ်။

Camel pose

ပုံမှာပြထားတဲ့ Camel pose အတိုင်း စက္ကန့် ၃၀ နေပေးရပါမယ်။ နောက်ပိုင်း အသားကျသွားရင် ပိုလုပ်နိုင်တဲ့အခါ စက္ကန့် ၆၀ တိုးပြီးနေပေးပါ။ ဒီယောဂကျင့်စဉ်က သွေးလည်ပတ်မှုကောင်းမွန်စေပြီး stress တွေလျော့ကျစေပါတယ်။ Oxygen ပိုကောင်းအောင်လည်း ကူညီပေးပါတယ်။ စိုးရိမ်ပူပန်မှုတွေလည်း လျော့ကျပြီး စိတ်တည်ငြိမ်စေပါတယ်။

Butterfly pose

ခြေဖဝါးနှစ်ဖက်ကိုထိထားပြီး ပုံမှာပြထားတဲ့ Butterfly pose အတိုင်း စက္ကန့် ၆၀ နေပြီး အသက်ကိုရှူသွင်းရှူထုတ် ပုံမှန်လုပ်ပေးပါ။ ဒီယောဂကျင့်စဉ်ကတော့ စိတ်ပူပန်မှုတွေများပြီး Anxiety ဖြစ်နေတာကို သက်သာလာစေပါတယ်။ Stress တွေလည်း လျော့ကျစေပါတယ်။

Seated forward bends

ပုံမှာပြထားတဲ့အတိုင်း ခြေထောက်ကိုသေချာဆန့်ပြီး နဖူးနဲ့ဒူးကိုထိအောင် ကြိုးစားလုပ်ရပါမယ်။ စစချင်းမှာမရလည်း ကိုယ်ငုံ့နိုင်သလောက် ကြိုးစားပြီးလုပ်ကြည့်ပါ။ ကြာရင်ရသွားပါလိမ့်မယ်။ ဒီယောဂကျင့်စဉ်ကတော့ အကြောတွေကိုဆန့်ထုတ်လိုက်သလို အညောင်းညာပြေပြီး စိတ်ပေါ့ပါးစေပါတယ်။ စိုးရိမ်ပူပန်မှုတွေ၊ စိတ်ဖိစီးမှုတွေကိုလည်း လျော့ကျစေပါတယ်။

Corpse pose

ပုံမှာပြထားတဲ့ Corpse pose အတိုင်း ယောဂဖျာပေါ်မှာ ခြေထောက်တွေလက်တွေ အားလုံးကိုဆန့်ထုတ်ထားပြီး လက်ဖဝါးနှစ်ဖက်ကို လှန်ထားပါ။ အသက်ကိုရှိုက်ပြီး ရှူသွင်းရှူထုတ် လုပ်ပေးပါ။ အဲ့အတိုင်း ၁ မိနစ်ကနေ ၃ မိနစ်၊ ၅ မိနစ်အထိ နေပေးလို့ရပါတယ်။ ဒီယောဂကျင့်စဉ်ကလည်း စိတ်ဖိစီးမှုတွေ၊ စိုးရိမ်ပူပန်မှုတွေအားလုံး လျော့ကျသွားစေပါတယ်။

source:www.ndtv.com