Depression ဝင်နေတဲ့လူတွေက အများရှေ့မှာဆို အပြုံးတွေနဲ့ ပျော်ရွှင်ချင်ယောင်ဆောင်နေတတ်ကြတယ်။ တစ်ယောက်ထဲရှိနေတဲ့အချိန်ကျမှ ဝမ်းနည်းတယ်၊ စိတ်အားငယ်တယ်၊ ငိုတယ်၊ ကိုယ့်ဘက်မှာ ဘယ်သူ့မှမရှိပါဘူးဆိုတဲ့အတွေးတွေလည်း ဝင်လာကြတယ်။

Depression ဝင်တဲ့အချိန်တွေဟာ ကြာလာတာနဲ့အမျှ ဆိုးကျိုးတွေဖြစ်လာတာပါပဲ။ အချိန်ကြာကြာ Depression ဝင်နေတဲ့သူတစ်ယောက်က ဒီဒဏ်တွေကိုမခံနိုင်တော့ရင်၊ ဘာဆက်လုပ်ရမယ်ဆိုတဲ့အဖြေ သူ့မှာမရှိတော့ရင်၊ ရင်ဆိုင်ဖို့အားအင်တွေမရှိတော့ရင် နောက်ဆုံးမှာ ကိုယ့်ကိုယ်ကို အဆုံးစီရင်ပြီး အေးချမ်းရာကို ရှာသွားတတ်ကြပါတယ်။

ဒါကြောင့် Depression ဝင်လာပြီဆိုတာနဲ့ ခက်ခဲနေမယ်ဆိုရင်တောင် ဒီ (၃) ချက်ကိုတော့ မဖြစ်မနေလုပ်ကြည့်လိုက်ပါ။ အကုန်လုံးပျောက်သွားတာမဟုတ်ရင်တောင် ခံစားနေရတာတွေက သုံးပုံပုံ တစ်ပုံလောက်တော့ လျော့သွားတာ သိသာပါလိမ့်မယ်။

Social Media ကိုပိတ်လိုက်ပါ

လူတွေရဲ့စိတ်ကိုရိုက်ချိုးပြီး Depression ဝင်အောင်လုပ်နေတာ Social Media ပါပဲ။ ဘယ်လောက်ပဲ စိတ်မာတဲ့သူဖြစ်နေပါစေ ကြာလာရင် စိတ်ညစ်တာ၊ ဝမ်းနည်းတာတွေ ဖြစ်လာမှာပါပဲ။ ဒါကြောင့် Facebook, Instagram, Twitter စတဲ့ Social Media နဲ့ပတ်သက်တဲ့အရာမှန်သမျှ အကုန်ပိတ်လိုက်ပါ။ လုံးဝမသုံးပါနဲ့တော့။ အချိန်ကြာကြာပျောက်နေလိုက်ပါ။

ကိုယ့်ကိုယ်ချစ်တဲ့သူ၊ မိသားစုနဲ့အတူနေပါ

Depression ဝင်နေတဲ့သူတွေက တစ်ယောက်ထဲပဲနေချင်ကြတယ်။ ဒါပေမယ့် တစ်ယောက်ထဲမနေဖြစ်အောင် ကြိုးစားပါ။ တစ်ယောက်ထဲနေရင် ပိုဆိုးလာမှာပါ။ ကိုယ့်ကိုယ်ချစ်တဲ့သူတွေနဲ့ တူတူနေပါ။ သူတို့နဲ့ပဲ အချိန်တွေကုန်ဆုံးပါ။ ကိုယ့်မိသားစုနဲ့ အတူနေပါ။ သူတို့တွေက ကိုယ့်အတွက် အားဖြစ်စေပါတယ်။ တစ်ယောက်ထဲတော့ လုံးဝကို မနေပါနဲ့။

ခရီးသွားလိုက်ပါ

Social Media တွေလည်း အကုန်ပိတ်ပြီးသာ အလှမ်းဝေးပြီး အေးချမ်းတဲ့နေရာတစ်ခုကို ခရီးအကြာကြီးထွက်လိုက်ပါ။ စိတ်အေးချမ်းမှုကိုရရှိပါလိမ့်မယ်။ စိတ်လန်းဆန်းပြီး ခံစားနေရတာတွေလည်း အကုန်လုံးမဟုတ်တောင် တော်တော်သက်သာသွားပါလိမ့်မယ်။ ဒါကြောင့် တခြားအရာတွေထက် ဒီ (၃) ချက်ကိုပဲ ဦးစားပေးပြီးလုပ်ကြည့်ပါလို့ အကြံပြုပါတယ်။

Photo Source: www.freepik.com