အခုချိန်မှာ သင့်အသက်က ဘယ်လောက်လဲ။ အသက် ၂၀ လား ၂၅ နှစ်လား။ ဒါတွေ ခဏထားလိုက်ပါ။ သင်အဖိုးကြီး အဖွားကြီးဖြစ်ချိန်မှာ စိတ်ချမ်းသာစေမယ့် နည်းလမ်းလေးတွေ မျှဝေချင်လို့ပါ။

(၁) ဆေးလိပ်မသောက်နဲ့ ။ Junk Food ရှောင်ပါ

Photo : Safety+Health Magazine

ဆေးလိပ်သောက်ခြင်းဟာ တွက်ခြေမကိုက်တဲ့ အလုပ်ပါ။ ကျန်းမာရေးအတွက် ဆိုးကျိုးတွေပဲ ပေးပါတယ်။ အသက် ၅၀ မှာ ကင်ဆာမဖြစ်ချင်ရင် ဆေးလိပ်ဖြတ်ပါ။ Junk Food တွေ မစားပါနဲ့။

(၂) မိသားစုနဲ့ ချစ်ချစ်ခင်ခင်နေပါ

Photo : Pinterest

အသက် ၅၀ ဆိုရင် သင်လည်း ကိုယ့်မိသားစုနဲ့ကိုယ့်အသိုက်အမြုံနဲ့ ဖြစ်နေပါပြီ။ သင့်မိဘမောင်ဘွားတွေနဲ့ အတော်ကြီး ဝေးသွားတဲ့ အခြေအနေဖြစ်ပါတယ်။ ဘဝက တိုပါတယ်။ သင်နဲ့ အတူရှိခဲ့တဲ့ မိသားစုနဲ့ မိတ်ဆွေတွေကို ပစ်မထားလိုက်ပါနဲ့။

(၃) ကိုယ်လက်လေ့ကျင့်ခန်း မှန်မှန်လုပ်ပါ

Photo : Zumper

အသက် ၂၀-၂၅ မှာ ကိုယ်လက်လေ့ကျင့်ခန်းမှန်မှန် လုပ်တဲ့သူဟာ ဖျတ်လတ်ပေါ့ပါးပြီး ကျန်းမာရွှင်လန်းတဲ့ အဖိုးကြီးအဖြစ် နေနိုင်ဖို့ အခွင့်အလမ်းများပါတယ်။ ကိုယ်အလေးချိန်ကလည်း ကျန်းမာရေးနဲ့ညီညွတ်နေမယ်။ လူကလည်း နုပျိုလန်းဆန်းနေပါလိမ့်မယ်။

(၄) နည်းနည်းလေးပဲ ဖြစ်ပါစေ ငွေစုပါ

Photo : AC Solutions

ငွေစုခြင်းဟာ အမျှော်အမြင်ရှိတာပါပဲ။ အလုပ်လုပ်နိုင်တုန်း ၊ ရှာနိုင်ဖွေနိုင်တုန်း ပိုက်ဆံကို အကျိုးမဲ့ မဖြုန်းတီးဘဲ အနာဂါတ်အတွက် ချန်လှပ်စုဆောင်းမှုလုပ်သင့်ပါတယ်။ ဒီလို ငွေစုတဲ့ အကျိုးကျေးဇူးကို အသက်ကြီးလာလေလေ ပိုပြီး သိလာလေလေ ဖြစ်ပါလိမ့်မယ်။

(၅) ဘဝရည်မှန်းချက်လေးတွေ လုပ်ဖြစ်အောင် လုပ်ပါ

Photo : Road Affair

လူတွေဟာ တစ်လျှောက်လုံး ငွေချည်းပဲ စု ၊ အလုပ်ချည်းပဲ သွားနဲ့ ဘဝကို ဖြတ်ကျော်နေကြတာ မဟုတ်ပါဘူး။ ကိုယ့်ဘဝမှာ ဖြစ်ချင်ခဲ့တဲ့ ဆန္ဒတစ်ချို့ ၊ ရချင်ရောက်ချင်ခဲ့တဲ့ ပန်းတိုင်လေးတွေ နောက်လည်း လိုက်ဖို့ လုပ်ရပါတယ်။ ကိုယ်ပိုင်အိမ်တစ်လုံး ပိုင်ချင်သလား။ ဖြစ်အောင် လုပ်ပါ။ စာတစ်အုပ်ရေးခဲ့ချင်သလား ။ ချသာရေးပါ။ နောက်ထပ် ဘွဲ့လွန်တစ်ခုခု တက်ချင်သလား။ ဆက်ပြီးသာ တက်လိုက်ပါ။ ဒီနေ့က စပါ။ ကိုယ့်ဘဝကို ပိုပြီး အဓိပ္ပါယ်ရှိစေမယ့်အရာတွေကို လုပ်ဖို့ နောက်မတွန့်လိုက်ပါနဲ့။