ရည်းစားရှိတဲ့သူတွေကတော့ အထီးကျန်တယ်လို့ ခံစားရတာ မရှိသလောက်ပါပဲ။ ရည်းစားမထားပဲ တစ်ယောက်ထဲနေတဲ့သူတွေက တစ်ခါတစ်လေမှာ တစ်ယောက်ထဲ အထီးကျန်လိုက်တာလို့ ခံစားရတဲ့အချိန်တွေ ရှိတတ်ပါတယ်။ တစ်ခါတစ်လေ သူငယ်ချင်းတွေနဲ့လည်း အရင်လို မပေါင်းဖြစ်တော့တဲ့အခါ သူငယ်ချင်းအပေါင်းအသင်းလည်းမရှိဘူး အထီးကျန်လိုက်တာဆိုပြီး ခံစားရတတ်ပါတယ်။ ဒီလို တစ်ယောက်ထဲ အထီးကျန်တယ်လို့ ခံစားရတဲ့အခါကျရင် ဝမ်းနည်းအားငယ်မနေပဲ ဒီအချက်လေးတွေကို လုပ်ကြည့်လိုက်နော်။

မိသားစုနဲ့မုန့်ထွက်စားပါ

အထီးကျန်တယ်လို့ခံစားရတဲ့အချိန်မှာ ကိုယ့်မိသားစုတွေနဲ့ ပျော်ပျော်ပါးပါး မုန့်ထွက်စားလိုက်ပါ။ ငါတစ်ယောက်ထဲမှမဟုတ်တာ ငါ့မှာမိသားစုရှိတယ် အဲ့အတွက် အထီးကျန်စရာအကြောင်းမရှိဘူးဆိုတဲ့ အတွေးမျိုး ရသွားပါလိမ့်မယ်။

မိသားစုနဲ့ခရီးသွားပါ

အထီးကျန်တဲ့အခါ မိသားစုနဲ့ စုစုစည်းစည်း ခရီးသွားလိုက်ပါ။ မိသားစုနဲ့ခရီးသွားရတာဟာ ဘဝမှာ အမှတ်တရလည်းဖြစ်စေသလို၊ ပျော်စရာလည်းကောင်းပါတယ်။

အိမ်မှာရုပ်ရှင်ကြည့်ပါ

အထီးကျန်တယ်လို့ခံစားနေရရင် ဘယ်မှမသွားပဲ မုန့်တွေဝယ်ပြီး အိမ်မှာရုပ်ရှင်သာထိုင်ကြည့်လိုက်။ အထီးကျန်တယ်လို့တွေးဖို့ အချိန်တောင်ရှိမှာမဟုတ်တဲ့အပြင် ပျော်စရာကောင်းတယ်လို့တောင် တွေးမိအုံးမယ်။

စာဖတ်ပါ

အထီးကျန်တဲ့အခါ စာဖတ်လိုက်တာက ကိုယ့်အတွက်တောင် အကျိုးရှိသေးတယ်။ စာဖတ်ရတာကို နှစ်သက်တဲ့သူတွေက တစ်ယောက်ထဲနေရတာကို ပိုတောင်ကြိုက်ကြတယ်။

ခွေး (သို့) ကြောင်မွေးပါ

အထီးကျန်တဲ့စိတ်မျိုးဝင်တတ်ရင် ခွေး (သို့) ကြောင်မွေးထားပါ။ သူတို့လေးတွေရှိနေရင် ပျင်းစရာလည်းမကောင်းတော့ဘူး။ အထီးကျန်တာမျိုးလည်း မဖြစ်တော့ဘူး။ သူတို့လေးတွေက စိတ်ပျော်ရွှင်မှုကို ပေးနိုင်ပါတယ်။

Photo Source: www.freepik.com