အားလုံးပဲမင်္ဂလာပါနော်။ မနက်ခင်း Alarm မြည်တိုင်း မထချင်ထချင်နဲ့ ထနေရသူတွေရှိလားရှင့်။ ဒါဆိုရင်တော့ ဒီနည်းလမ်းလေးတွေက အသုံးဝင်မယ်လို့ ယုံကြည်ပါတယ်။

နိုးစက်မြည်နေပေမယ့် ပြန်ပြန်အိပ်ချင်တာမျိုးမဖြစ်ဘဲ လန်းလန်းဆန်းဆန်းနဲ့ မနက်ခင်းတစ်ခုကို စတင်နိုင်ဖို့ နည်းလမ်းကောင်းလေးတွေကို မျှဝေပေးသွားမှာဖြစ်ပါတယ်နော်။

၁။ အိပ်ရေးဝဝ အိပ်ပါ

၂။ မနက်စောစောထခြင်းဖြင့် အကျိုးကျေးဇူးတွေအများကြီးရှိတယ်ဆိုတာ ယုံကြည်လိုက်ပါ

၃။ သာယာငြိမ့်ညောင်းတဲ့ တေးသံသာနဲ့ မနပ်အိပ်ယာထပါ (နိုးစက်တီးလုံးကို ခပ်ကြမ်းကြမ်းတီးလုံးမပေးပါနဲ့)

၄။ လေကောင်းလေသန့်လေးရှုပြီး မနက်ခင်းကို စတင်ပါ

၅။ နေကာတဲ့ လိုက်ကာကို ဖွင့်ပြီး အိပ်ယာဝင်ပါ

၆။ အိပ်ယာက ချက်ချင်းမထဘဲ အညောင်းလေးဆန့်ပြီးမှ အိပ်ယာထပါ

၇။ ရေဘူး အနီးနားထားထားပြီး ရေသောက်လိုက်ပါ

၈။ အိပ်ယာပေါ်မှာပဲ အကြောလျှော့လိုက်ပါ

၉။ ပီကေဝါးပါ (သို့) အနံ့မွှေးတဲ့ အရာတစ်ခုကို ဖြန်းလိုက်ပါ

၁၀။ သူငယ်ချင်းနဲ့အတူ မနက်ခင်း လမ်းလျှောက်လိုက်ပါ

၁၁။ မနက်ခင်းနေခြည်နုနုမှာ ဗီတာမင် D ပါပြီး အသားအရေကို ဝင်းပစေပါတယ်

၁၂။ ရေအေးအေးနဲ့ ရေချိုးလိုက်ပါ

၁၃။ မနက်စာအတွက် အချိန်ပိုရတာကြောင့် မိမိနှစ်သက်ရာ အစားအသောက်ကို ပြင်ဆင်ပါ

၁၄။ အလှအပအတွက်လည်း အချိန်ပိုရလို့ ပြင်ဆင်ပါ

၁၅။ တစ်နေ့တာအတွက် လိုအပ်တာကို စီစဉ်လိုက်ပါ

၁၆။ နေ့လည်ဖက်မှာ ခဏအိပ်နိုင်ပါတယ်

၁၇။ ညနေဖက်လုပ်ရမယ့်အရာကို အနည်းငယ်လျှော့ချပြီး မနက်ဖက်အစားထိုးလုပ်ပါ

၁၈။ ညနေစာကို သေချာဂရုစိုက်စားပါ (ကော်ဖီ အရက်သုံးဆောင်တာမျိုးမလုပ်ပါနဲ့)

၁၉။ မီးကိုသေချာပိတ်ပြီး အမှောင်ထဲ (သို့) အလင်းရောင်မှိန်မှိန်အောက်မှာ အိပ်ပါ

၂၀။ အိပ်ခန်းလေးက အေးနေပါစေ

Source: www.fabhow.com