အားလုံးပဲ မင်္ဂလာပါ၊ သင့်လက်မောင်းကြွက်သားများကို ကျစ်လစ်လှပစေမယ့် လွယ်ကူမြန်ဆန်တဲ့ လေ့ကျင့်ခန်းတစ်ချို့ရှိပါတယ်။

တစ်နေ့ကို အချိန်အနည်းငယ်ပေးပြီး အဲ့ဒီ့လေ့ကျင့်ခန်းများကို ပြုလုပ်ပေးမယ်ဆိုရင် အသက်အရွယ်ရလာလို့ လက်မောင်းတွဲကျခြင်းကို တားဆီးနိုင်ပြီး မော်ဒယ်မလေးတွေလို လှပသွယ်လျတဲ့ လက်မောင်းတစ်စုံ ပိုင်ဆိုင်နိုင်ပြီပေါ့။

လေ့ကျင့်ခန်း ၁

ပုခုံးအကျယ်အတိုင်း ခြေထောက်နှစ်ဖက်ကို ချဲထားပါ။ ပုခုံးနဲ့ ခါးကို မတ်မတ်ထားပြီး ဒူးခေါင်းကွေးထားရပါမယ်။ ဒါ့အပြင် တင်ပါးကို အနောက်ပစ်ထားလိုက်ပါ။ အလေးတုံးရှိရင် အလေးတုံးကို ကိုင်ပေးထားပါ။ အလေးတုံးမရှိရင်လည်း အရွယ်အစားတူရေဘူး ၂ ဘူးကိုင်ထားပေးပါ။ ပုံစံ ၁ အတိုင်း ရေဘူးကိုင်ထားပြီးရင် ပုံစံ ၂ ထဲက အတိုင်း တံတောင်ဆစ်ကို ကွေးလိုက်ပါ။ နောက်တစ်ဆင့်ကျရင်တော့ လက်မောင်းကိုပါ ဆွဲမလိုက်ပါ။ ပြီးရင်တော့ လက်မောင်းကိုဖြည်းဖြည်းချင်း အောက်ပြန်ချလိုက်ပါ။ လက်မောင်းကွေးလိုက်တဲ့အချိန်မှာ အသက်ရှုထုတ်လိုက်ပြီး လက်တစ်ချောင်းလုံးပြန်ဆန့်တဲ့အချိန်မှာ အသက်ရှုသွင်းလိုက်ပါ။

လေ့ကျင့်ခန်း ၂

ခြေထောက်ဆန့်ထားမယ်၊ လက်နှစ်ဖက်ကိုလည်း ခုံတန်းရှည်ပေါ်တင်ထားပါ။ လက်မောင်းကိုတော့ ပုခုံးအောက်မှာ ဆန့်တန်းထားပါ။ တံတောင်ဆစ်ကွေးလိုက်ပြီးတော့ ခန္ဓာကိုယ်အပေါ်ပိုင်းကို နှိမ့်ချလိုက်ပါ။ ခန္ဓာကိုယ်ကိုတော့ တစ်ဖြောင့်တည်းဖြစ်အောင် တတ်နိုင်သလောက်ကြိုးစားပါ။ ပြီးရင် မူလပုံစံအတိုင်းပြန်သွားပါ။ အကယ်၍ စစပိုင်းမှာ လုပ်ရတာ အရမ်းခက်ခဲတယ်ဆိုရင်တော့ ဒူးကို အနည်းငယ်ကွေးထားလိုက်လို့ရပါတယ်။ တံတောင်ဆစ်ကွေးပြီး ခန္ဓာကိုယ်နှိမ့်ချလိုက်တဲ့အချိန်မှာ အသက်ရှုသွင်းပြီး လက်မောင်းပြန်ဆန့်တန်းချိန်မှာတော့ အသက်ရှုထုတ်လိုက်ပါ။

လေ့ကျင့်ခန်း ၃

ဒီလေ့ကျင့်ခန်းအတွက်တော့ ကုလားထိုင် (သို့) ဆိုဖာ (သို့) ခုံတန်းရှာ်တစ်ခုလိုပါမယ်။ ပုံပါအတိုင်း လက်နှစ်ဖက်ကို ခုံပေါ်သို့ လက်နောက်ပြန်ထားလိုက်ပါ။ ဒူးခေါင်းကို ၉၀ ဒီဂရီ ကွေးထားပါ။ တံတောင်ဆစ်ကို ကွေးလိုက်ပြီး တင်ပါးကိုလည်း ဖြည်းဖြည်းချင်း အောက်သို့နိမ့်ချလိုက်ပါ။ ပြီးရင် မူလအနေအထားအတိုင်း ပြန်နေပါ။ တံတောင်ဆစ်ကွေးပြီး ခန္ဓာကိုယ်ကိုနှိမ့်ချလိုက်တဲ့အချိန်မှာ အသက်ရှုသွင်းလိုက်ပြီး တံတောင်ဆစ်ပြန်ဆန့််လိုက်တဲ့အချိန်မှာ အသက်ရှုထုတ်လိုက်ပါ။

လေ့ကျင့်ခန်း ၄

လက်ဖဝါးနှစ်ဖက်ကို နံရံပေါ်မှာ ကပ်ထားလိုက်ပြီး လက်မောင်းကို ဆန့်တန်းထားပါ။ ခြေထောက်နှစ်ဖက်ကို ပုခုံးအကျယ်အတိုင်းချဲထားပြီး ခြေဖျားထောက်ထားပါ။ ခန္ဓာကိုယ်ကို ဖိချလိုက်ပြီး တံတောင်းဆစ်ကွေးလိုက်ပါ။ ခန္ဓာကိုယ်ကိုတော့ တစ်ဖြောင့်တည်းဖြစ်အောင်ထားပါ။ တံတောင်ဆစ်ကွေးပြီး နံရံနဲ့ကပ်နေတဲ့အချိန်မှာ အသက်ရှုသွင်းလိုက်ပြီး နံရံမှ ခွာလိုက်တဲ့အချိန်မှာ အသက်ရှုထုတ်လိုက်ပါ။

လေ့ကျင့်ခန်း ၅

ဖျာပေါ်မှာ မှောက်လျက်သား လှဲချလိုက်ပါ။ လက်မောင်းအားအသုံးပြုပြီး ခန္ဓာကိုယ်အပေါ်ပိုင်းကို မလိုက်ပါ။ ခြေကျင်းဝတ်နှစ်ဖက် ယှက်ထားပါ။ ဒူးနှစ်ဖက်ကို ကြမ်းပြင်နဲ့ထိကပ်ပြီး ကွေးထားပါ။ ပြီးရင် တံတောင်ဆစ်ကွေးလိုက်ပြီး လက်မောင်းအားနဲ့ ခန္ဓာကိုယ်အပေါ်ပိုင်းကို နှိမ့်ချလိုက်ပါ။ အဲ့ဒီအချိန်မှာ အသက်ရှုသွင်းလိုက်ပြီး လက်မောင်းပြန်ဆန့်တန်းချိန်မှာတော့ အသက်ရှုထုတ်လိုက်ပါ။ အခုဖော်ပြသွားတဲ့ လေ့ကျင့်ခန်း ငါးခုစလုံးအတွက် အကြိမ်ရေ ၄ ကျော့ပြုလုပ်ပေးပြီး တစ်ကျော့စီကို ၁၀ ကြိမ် ၁၅ ကြိမ်ခန့်ပြုလုပ်ပေးရင်တော့ ကျစ်လစ်လှပတဲ့ လက်မောင်းသားလေးပိုင်ဆိုင်နိုင်ပါပြီ။

Source: Brightside.me