ဆံပင်ကျွတ်ခြင်းကို ဘယ်လိုတားဆီးရမလဲ။ ဆံပင်အုံထူထဲလာအောင်ရော ပြုလုပ်လို့မရဘူးလား။ စာဖတ်သူတို့ရဲ့ ဆံကေသာကို ထူထဲလာအောင် ပြုလုပ်ချင်တယ်ဆိုရင်တော့ ဒီနည်းလမ်းတွေကို လိုက်နာပေးလိုက်ပါ။

ခေါင်းလျှော်ပါ

တချို့သူတွေ အထင်မှားနေကြတာကတော့ ခေါင်းလျှော်ခြင်းက ဆံပင်ပါးအောင် ပြုလုပ်နေတယ်လို့ ယူဆကြပါတယ်။ တကယ်တော့ ခေါင်းမလျှော်ဘဲနေခြင်းက ဖုန်မှုန့်နဲ့အညစ်အကြေးများက ဆံပင်မှာကပ်ငြိနေပြီး ဆံပင်က ဆီအလိမ်းလိမ်းနဲ့ ပါးတဲ့ပုံပေါက်နေပါတယ်။ ရလဒ်ကောင်းတွေ ရရှိချင်တယ်ဆိုရင်တော့ ခေါင်းလျှော်ရည်နဲ့ လျှော်တဲ့အခါ ရေနွေးနွေးလေးနဲ့ လျှော်ပေးလိုက်ပါ။ အရမ်းပူတဲ့ရေနွေးနဲ့ မလျှော်ရပါဘူး။ ဦးရေပြားနဲ့ ဆံကေသာခြောက်သွေ့တတ်လို့ပါ။

လက်ချောင်းလေးများနဲ့ ခေါင်းဖြီးပါ

ဘီးနဲ့ လိုသည်ထက်ပိုပြီး မကြာခဏခေါင်းဖြီးခြင်းက သင့်ဆံပင်ကေ ပြားကပ်နေတဲ့ပုံပေါက်ပါတယ်။ ဒါ့ကြောင့် လက်ချောင်းလေးများနဲ့ ခေါင်းဖြီးတတ်အောင် လေ့ကျင့်ထားလိုက်ပါ။

နေပူထဲအထွက်များခြင်းကြောင့် ဆံပင်ပျက်စီးခြင်း

ဦးထုပ်နဲ့ထီး မဆောင်းဘဲ နေပူထဲမကြာခဏထွက်ခြင်းက ဆံပင်ကျွတ်စေတဲ့ စူပါအောက်ဆိုဒ်ဓာတ်က ဦးရေပြားမှ ထွက်လာပြီး ဆံပင်မွှေးညှင်းပေါက်လေးတွေ အားနည်းလာပါလိမ့်မယ်။

ဆံပင်ကို ကြမ်းကြမ်းတမ်းတမ်းသုတ်ခြင်းမှ ရှောင်ကြဉ်ပါ

ရေစိုနေတဲ့ဆံပင်က သာမန်အချိန်ထက်စာရင် သုံးဆပိုမိုအားနည်းတတ်ပါတယ်။ ဒါ့ကြောင့် ရေစိုနေတဲ့အချိန်မှာ ဘီးနဲ့ ကြမ်းကြမ်းတမ်းတမ်းဖြီးခြင်း၊ ပုဝါနဲ့ ကြမ်းကြမ်းတမ်းတမ်းသုတ်ခြင်းတို့မှ ရှောင်ကြဉ်သင့်ပါတယ်။