ကိုယ့်အနေနဲ့ တစ်ယောက်ယောက်ကို ချစ်နေပြီလို့ခံစားရပေမယ့် အချစ်ဟုတ်မဟုတ် မသေချာမရေရာဘူးဖြစ်နေရင် အခုဖော်ပြမယ့် မေးခွန်းလေးကို မဖြစ်မနေ ရိုးရိုးသားသား ဖြေကြည့်လိုက်ပြီးမှ သူ့ကိုချစ်တယ်လို့ ပြောလိုက်ပါ။

အချစ်စစ်ဟုတ်မဟုတ် ခွဲခြားရခက်တဲ့အခိုက်တန့်လေးမှာ သေချာမစဉ်းစားဘဲ ချစ်တယ်လို့ပြောလိုက်ရင် နှစ်ဦးနှစ်ဖက် ထိခိုက်နာကျင်မှုတွေ ဖြစ်စေပါတယ်။ ဒါ့ကြောင့် ဒီမေးခွန်းလေးတွေကို ဖြေကြည့်ပါနော်။

၁။ သူ့ကိုမှ ထူးထူးခြားခြားခံစားနေရလား။

သူ့ကိုတွေ့ရင် တခြားသူတွေကို တွေ့တာနဲ့မတူဘဲ တစ်ခုခု ထူးခြားနေလား။ သင့်နှလုံးသားကနေ ထူးထူးခြားခြားလေး သူ့ကိုမှ special ဖြစ်တယ်လို့ ခံစားနေရလားဆိုတာ မေးပါ။ ရိုးရိုးသားသားဖြေကြည့်ပါ။

၂။ တစ်ယောက်ကိုယ်တစ်ယောက် တံခါးမရှိဓားမရှိ ပွင့်လင်းရဲ့လား။ (သို့) ပွင့်လင်းနိုင်လား။

သင်တို့နှစ်ယောက်တစ်ဦးပေါ်တစ်ဦး ပွင့်ပွင့်လင်းလင်း ရိုးရိုးသားသားရှိတယ်ဆိုတာ သေချာရဲ့လားဆိုတဲ့ မေးခွန်းကိုမေးသင့်ပါတယ်။ သင်သူ့အပေါ် ရိုးသားတာသေချာလား ၊ တစ်ခုဖုံးကွယ်ထားတာမရှိဘူးဆိုတာ သေချာလားဆိုတဲ့မေးခွန်းကို အရင်မေးသင့်ပါတယ်။ ချစ်သူနှစ်ဦးဆက်ဆံရေးမှာ လျှို့ဝှက်ချက်ဆိုတာ ခုလည်းမရှိသင့်သလို နောင်လည်း ရှိမလာသင့်ဘူးလေ။

၃။ သူ့သူငယ်ချင်းက သင်တို့နှစ်ယောက်ဆက်ဆံရေးအပေါ် ဘယ်လိုထင်မြင်ချက်ပေးကြလဲ။

ချစ်သူနှစ်ဦးရဲ့ ဆက်ဆံရေးခိုင်မြဲဖို့ သူငယ်ချင်းတွေရဲ့ အကူအညီဆိုတာ လိုအပ်ပါတယ်နော်။ သူတို့တွေဟာ သင်တို့နှစ်ယောက် ဆက်ဆံရေးနဲ့ ပတ်သတ်တဲ့ မျက်မြင်သက်သေတွေဖြစ်သလို သင်တို့နှစ်ယောက်ရဲ့ ပြဿနာတွေကိုလည်း အထိုက်အလျောက် ပြေလည်အောင် ဖြေရှင်းပေးနိုင်တဲ့သူတွေပါ။

၄။ တစ်ယောက်ရဲ့ အားနည်းချက်တွေကို တစ်ယောက်လက်ခံရဲ့လား။

လူတိုင်းအပြစ်မကင်းကြပါဘူး။ အတိတ်တိုင်းဟာမလှပနိုင်သလို လူတိုင်းမပြည့်စုံပါဘူး။ သင့်ကိုယ်သင် သူ့ရဲ့ အဆိုး အကောင်းတွေ အပြစ်အနာဆာတွေ ဆင်းရဲခြင်း ချမ်းသာခြင်းတွေ အားနည်းချက်၊ အားသာချက်၊ ဝခြင်း ပိန်ခြင်းတွေ၊ ဖြူခြင်း မဲခြင်းတွေ၊ အရပ်ရှည်ခြင်း ပုခြင်းစတဲ့ အရာတွေကို လက်ခံနိုင်ရဲ့လားဆိုတဲ့မေးခွန်းမေးသင့်ပါတယ်။

၅။ သူ့ကိုအမြဲတမ်း လိုအပ်နေလား။

ကိုယ့်ဘဝမှာ သူ့ကို အမြဲတမ်းလိုအပ်နေလား။ သူ့ကိုမရှိမဖြစ်လိုအပ်တာ သေချာလားဆိုတဲ့မေးခွန်းကို မေးမြန်သင့်ပါတယ်။ တဏှာစိတ်ကြောင့် သူလှတာကြောင့်မဟုတ်ဘဲ သူ့ကို ဒီအတိုင်းလိုအပ်နေတာလားဆိုတဲ့ မေးခွန်းကိုမေးသင့်ပါတယ်။