၂၀၂၀ တစ်နှစ်လုံးနီးပါး အိမ်တွင်းအောင်းကြရတယ်ဆိုပေမယ့် အကောင်းဘက်က ပြန်တွေးကြည့်မယ်ရင် အချိန်ပို တွေ အများကြီးထွက်လာတာပါပဲ။အရင်ကအချိန်မရှိလို့ မအားသေးလို့ဆိုတဲ့အကြောင်းပြချက်တွေနဲ့ စာအုပ်မကိုင် ဖြစ်ခဲ့ရင်တောင် အခုလိုအားလပ်ချိန်များများရတဲ့ကာလမှာ စာဖတ်ဖို့တုန့်ဆိုင်းမနေသင့်တော့ပါဘူးနော်။ စာဖတ် ခြင်းက စိတ်အပန်းပြေစရာ ဝါသနာကောင်းတစ်ခုဆိုလည်းဟုတ် ကိုယ့်ကိုယ်ကိုအကောင်းဆုံး ရင်းနှီးမြုပ်နှံမှုတစ် ခုလို့ဆိုလည်း ဟုတ်တယ်မလား။ ဒီတော့ တစ်နေ့တာအားလပ်ချိန်တွေမှာ ဆိုရှယ်မီဒီယာသုံးတာ ဂိမ်းဆော့ တာတွေအပြင် စာအုပ်ဖတ်ဖို့အတွက်လည်း အချိန်ခွဲထားသင့်တာပေါ့။

စာဖတ်ဖို့တိုက်တွန်းရင်းနဲ့ သတိရသွားတာတစ်ခုရှိတယ်။ စာရေးသူတို့လို စာပေချစ်သူတွေ စာအုပ်စာပေစိတ်ဝင် စားသူတွေ လုံးဝပျော်ရမယ့် သတင်းကောင်းလေးတစ်ခု လက်တို့ချင်တာပါ။ ဘာလဲဆို‌တော့ Crush လေးကိုမျှော် ရသလို တစ်နှစ်တစ်ခါ ရင်ခုန်စွာစောင့်မျှော်ရတဲ့ကမ္ဘာ့အကြီးဆုံး Big Bad Wolf စာအုပ်ဈေးပွဲတော်ကြီး မြန်မာ နိုင်ငံကို ပြန်လာပါပြီနော်။ Big Bad Wolf စာအုပ်ဈေးပွဲတော်ကြီးက စာအုပ်ချစ်သူတွေ ၊ စာဖတ်ဝါသနာအိုးလေး တွေနဲ့ လုံးဝရင်းနှီးပြီးသားပါ။ အရင်နှစ်တွေက ရန်ကုန် ၊ မန္တလေးမြို့ကြီးတွေမှာ အမျိုးအစားစုံလင်တဲ့ အင်္ဂလိပ် စာအုပ်ပေါင်း တစ်သန်းကျော်ကို discount တွေအများကြီးချပြီး လူတိုင်းလက်လှမ်းမှီနိုင်တဲ့ဈေးနှုန်းတွေနဲ့ ရောင်းချ ပေးခဲ့တာဆိုတော့ စာဖတ်ပရိသတ်တွေ ပျော်ခဲ့ရတာအမှန်ပါပဲ။

ဒီနှစ်မှာရော ဘယ်လိုစိတ်လှုပ်ရှားဖို့ကောင်းတဲ့ ပရိုမိုးရှင်းတွေ ၊ ထူးထူးခြားခြား အစီအစဉ်အသစ်တွေပါလဲဆိုတာ သိချင်နေကြပြီဟုတ်။ ကဲဒါဆို အဆုံးထိသေချာလေးဆက်ဖတ်ကြည့်လိုက်နော်။ ဒီနှစ်မှာတော့ စာအုပ်ချစ်သူတွေ ကို အိမ်ကနေတစ်ဖဝါးမှမခွာပဲ အန္တရာယ်ကင်းကင်း ကိုယ်လိုချင်တဲ့စာအုပ်တွေ ဈေးဝယ်ထွက်နိုင်ဖို့ မြန်မာနိုင်ငံမှာ ပထမဆုံးအကြိမ်လုပ်တဲ့ အကြီးကျယ်ဆုံး အွန်လိုင်းစာအုပ်ဈေးရောင်းပွဲတော်ကြီးအဖြစ် စီစဉ်ပေးထားတာပါ။ ဒီတော့ကိုယ့်အိမ်မှာကော်ဖီပူလေးတစ်ခွက်သောက်ရင်း လိုချင်တဲ့စာအုပ်တွေကို အေးရာအေးကြောင်း ဝက်ဘ် ဆိုဒ်ထဲမှာဝင်ရှာရုံပါပဲ။ ပြောရရင် စာအုပ်အရောင်းပွဲတော်ကြီးကို ကိုယ့်အိမ်ရှေ့မှာလာဖွင့်ပေးလိုက်သလိုပဲ အား တဲ့အချိန်အားသလို ဝက်ဘ်ဆိုဒ်ထဲဝင် လိုချင်တဲ့စာအုပ်တွေရှာကြည့်မယ် စာအုပ်အညွှန်းလေးတွေ ဖတ်ကြည့်မယ် သဘောကျတယ်ဆို ဝက်ဆိုဒ်ဈေးခြင်းတောင်းလေးထဲထည့် ဝယ်လိုက်ရုံပဲဆိုတော့ ချွေးတစ်စက်မထွက်ပဲ သက်တောင့်သက်သာ ဝယ်နိုင်မှာပါ။

Big Bad Wolf အွန်လိုင်းစာအုပ်ပွဲတော်ကြီးမှာ အင်္ဂလိပ်စာအုပ်အရေအတွက်ပေါင်းသန်း၂၀ ကျော်နဲ့ စာအုပ်အမျိုး အစားပေါင်း ၄၀,၀၀၀ ကျော်ကိုရောင်းချပေးတာဆိုတော့ ရွေးချယ်စရာတွေများသလို လိုချင်စရာစာအုပ်တွေက လည်း အတော်ကိုအများသား။ ဒါတင်ပဲလားဆိုတော့ မဟုတ်သေးဘူးနော် စာအုပ်တွေကို ၉၀ ရာခိုင်နှုန်းအထိ လျှော့ဈေးရရှိဦးမှာဆိုတော့ ဘာလိုသေးလဲ။ ကျန်သေးတယ် CB Bank card တွေနဲ့ အွန်လိုင်းကနေ ငွေပေးချေ ဝယ်ယူမယ်ရင် ၅ ရာခိုင်းနှုန်း လျှော့ဈေး ရရှိမှာဖြစ်ပြီး ကတ်တစ်ကတ်အတွက် အများဆုံး ၁၀,၀၀၀ ကျပ် အထိ ငွေသားပြန်လည်ရအုန်းမှာဆိုတော့ တန်ပြီးရင်းကိုတန်နေတာပါ။ CB Bank card မသုံးတဲ့သူတွေ အတွက်ကျ ရောလို့ မေးခွန်းထုတ်စရာရှိပါတယ်။ ဒီအတွက်လည်းမပူပါနဲ့ Mobile Banking သို့မဟုတ် အခြားဝန်ဆောင်မှု တွေဖြစ်တဲ့ 123 service (KBZ၊ CB၊ AYA၊ UAB၊ MAB m/banking)၊ Mobile Wallets (KBZ Pay၊ MPT Money၊ Mytel Pay၊ OK$၊ M-Pitesan၊ MSP၊ CBPay၊ Sai Sai Pay) တို့နဲ့ အွန်လိုင်းကနေ ငွေပေးချေနိုင်အောင် စီစဉ်ထားပေးဆိုတော့ တော်တော်လေးအဆင်ပြေပါတယ်။

ဝယ်ယူထားတဲ့ စာအုပ်တွေကို ၁၅ ရက်ကနေ ၂၀ ရက်အတွင်း အိမ်အရောက်ပို့ဆောင်ပေးအုန်းမယ့် အပြင် အော်ဒါတစ်ခုတည်းမှာ အနည်းဆုံး မြန်မာငွေ ၆၀,၀၀၀ ကျပ်နှင့် အထက်ဝယ်ယူတဲ့သူတွေကို Delivery အခမဲ့ ပို့ဆောင်ပေးအုန်းမှာပါတဲ့။ ဒါ့အပြင် White Star Classic Fairy Tales အတွက် တစ်အုပ်ဝယ် တစ်အုပ်လက် ဆောင်၊ Scholastic Interesting Facts အတွက် နှစ်အုပ်ဝယ် တစ်အုပ်လက်ဆောင်နှင့် Magical Deals အတွက် နှစ်အုပ်ဝယ် တစ်အုပ်လက်ဆောင်တို့အပြင် Big Books of Christmas Games မှာလည်း အထူးပရိုမိုးရှင်းတွေ ပေးသွားအုန်းမှာဆိုတော့ စာအုပ်ချစ်သူတွေ လုံးဝလက်မလွှတ်သင့်တဲ့ အခွင့်အရေးပါပဲနော်။ Big Bad Wolf မှာ ဒီလိုစိတ်လှုပ်ရှားစရာကောင်းတဲ့ ပရိုမိုးရှင်းအစီအစဉ်တွေနဲ့ စာအုပ်ကောင်းတွေဝယ်နိုင်ပြီဆိုတော့ စာဖတ်ဖို့ ဘာကြောင့်အချိန်တွေ ဆွဲနေအုန်းမလဲဗျာ။

အော်…ဒါနဲ့အရေးကြီးဆုံးတစ်ခုပြောဖို့မေ့နေတယ်။ Big Bad Wolf အွန်လိုင်းစာအုပ်ပွဲတော်ကြီးက ဒီဇင်ဘာလ ၂၃ ရက်နေ့ ကနေ ဇန်နဝါရီ၂ ရက်နေ့အထိ ကျင်းပနေတာဆိုတော့ စာအုပ်ဝယ်ဖို့အချိန်က ၄ ရက်ပဲကျန်ပါတော့တယ်။ ဒီတော့ကိုယ်လိုချင်တဲ့စာအုပ်တွေကုန်မသွားခင်အမြန်လက်သွက်သွက်ဝယ်နိုင်ဖို့ https://mm.shopbigbadwolfbooks.com/ ဝက်ဘ်ဆိုဒ်ကို အခုပဲဝင်ကြည့်ပြီး လိုချင်တဲ့ စာအုပ်လေးရှာလိုက်ရအောင်။