လူတော်တော်များများက Sunscreen ကိုဆိုရင် နေရောင်ခြည်ထဲသွားမှာ ကမ်းခြေရောက်မှ Sunscreen ကိုအသားပေးပြီး လိမ်းလေ့လိမ်းထရှိပါတယ်။ မလိမ်းတာထက်စာရင် ကိုယ့်ရဲ့အသားအရေကို နေရောင်ခြည်တွေ ဖုန်မှုန့်တွေကနေတစ်ဆင့် ခရမ်းလွန်ရောင်ခြည်တိုက်ရိုက်ထိတွေ့မှု မရအောင် Sunscreen ကို ပုံမှန်လေးလိမ်းကြပါတယ်။ ဒါပေမဲ့ အခုလိုမျိုး အိမ်တွင်းအောင်းကာလတွေမှာရော Sunscreen လိမ်းဖို့လိုအပ်လားဆိုတဲ့ မေးခွန်းမေးစရာတွေ ဖြစ်လာပါတယ်။ အရေပြားဆရာဝန်တွေရဲ့ပြောဆိုချက် လေ့လာချက်တွေအရတော့ အိမ်တွင်းအောင်းတဲ့အချိန်တွေမှာလည်း Sunscreen ကိုနံနက်ပိုင်းတွေမှာ လိမ်းဖို့ အကြံပေးထားပါတယ်။

Sunscreen ကိုလိမ်းရခြင်းက ခရမ်းလွန်ရောင်ခြည်မှကာကွယ် နိုင်အောင်လုပ်တယ်ဆိုပေမယ့် တကယ်တမ်းတော့ HEV ဟုခေါ်ဆိုကြတဲ့ အလင်းတန်းလေးတစ်ခု ရှိပါတယ်။ HEV ကနေလောင်ခြင်းကိုတော့ မဖြစ်စေနိုင်ပဲ တစ်ခြားအသားအရေကိုပျက်စီးစေနိုင်တဲ့ အရာမျိုးကိုဖြစ်စေပါတယ်။ အိမ်တွင်းအောင်းကာလတွေမှာ လူတွေကဓာတ်ပုံတွေရိုက်ကြပါတယ်။ နောက်ပြီး အီလက်ထရောနစ်များနှင့် LED စမတ်ဖုန်းတွေကနေ တစ်ဆင့်ထွက်လာတဲ့ အလင်းရောင်တွေက ဆဲလ်များကို ပျက်စီးစေသော Free Radical များကိုလည်း လှုပ်ဆော်ပေးနိုင်ပါတယ်။

နေရောင်ခြည်မှာ မမြင်ရတဲ့အလင်းတန်းကလည်း အရေပြားကိုထိခိုက်စေနိုင်ပါတယ်။ အိမ်ရဲ့ပြတင်းပေါက်တွေကနေတစ်ဆင့် နေရောင်ခြည်ရရှိနိုင်တဲ့အတွက် အချိန်ကြာလာတာနဲ့အမျှ အသားအရေနီးမြန်းတာမျိုးတွေလည်း ဖြစ်နိုင်ပါတယ်။ တကယ်လို့ ကိုယ်ကအပြင်မထွက်ဖြစ်ဘူးဆိုရင်တောင် မျက်နှာ၊လည်ပင်း၊ လည်ပင်း နေရာများတွင် လိမ်းဖို့အကြံပေးချင်ပါတယ်။ ကိုယ်က အသားအရေကိုပိုပြီး ဂရုစိုက်တတ်တဲ့သူတစ်ယောက်ဆိုရင်တော့ Sunscreen မလိမ်းခင် Serum အရင်လိမ်းပေးသင့်ပါတယ်။ ဒါကြောင့် အိမ်တွင်းမှာနေတဲ့အချိန်တွေမှာလည်း Sunscreen လည်းပုံမှန်လုပ်ပေးသင့်သလို ကြည်လင်တဲ့အသားအရေ ပိုင်ဆိုင်ဖို့အတွက် အထူးဂရုစိုက်သင့်ပါတယ်။

Photo Source – Free.pik