အလှအပကြိုက်ကြတဲ့ MyStyle Myanmar က စာဖတ်သူမိန်းကလေးတွေအတွက် အလှပြင်ရာမှာ မပါမဖြစ် အရာတစ်ခုဖြစ်တဲ့ Eye Liner ကိုဆိုးကြမယ်လို့ ထင်ပါတယ်။ Liner ဆိုးကြတဲ့အခါ အဓိက ကြုံတွေ့နေရတဲ့ ပြဿနာတွေနဲ့ ရှောင်ရန်ဆောင်ရန်လေးတွေကို မျှဝေပေးချင်ပါတယ်။

၁။ သင်သုံးမယ့် Liner ဟာ ချွန်နေပါစေ။

Liner ဆိုးတံ ချွန်ချွန်လေးကို အသုံးပြုပေးပါ။ ဆိုးတံ တုံးနေမယ်ဆိုရင် Liner ဆိုးရတာ အဆင်ပြေမှာမဟုတ်ပါဘူး။

၂။ မျက်ရစ်မရှိတဲ့သူတွေအနေနဲ့ လိုင်နာကို မျက်ရစ်နားမှာပဲ မဆိုးပါနဲ့

လိုင်နာကို မျက်ရစ်ကျော်ပြီး ဆိုးပေးလို့ရပါတယ်။ ဒါဆိုရင်လည်း သင်မျက်လုံးဖွင့်လိုက်တဲ့အခါ လိုင်နားလေး မြင်နေရမှာပါ။

၃။ သင့်မျက်လုံးတစ်ခုလုံးကို အရောင်ချယ်တာမျိုးမလုပ်ပါနဲ့

လိုင်နာကို အမဲရောင်ချယ်ရင်ပဲဖြစ်ဖြစ် တခြားအရောင်ချယ်ရင်ပဲဖြစ်ဖြစ် မျက်လုံးတစ်ခုလုံးကို ဝိုင်းပြီးချယ်တာမျိုးလုပ်သင့်ပါဘူး။

၄။ လိုင်နာ တစ်ဖက်က ပိုပြီးထူတာမျိုးမဖြစ်ပါစေနဲ့

လိုင်နာမဆိုးတတ်တဲ့သူတွေက တခါတလေ တဖက်က ပိုထူပြီး တဖက်ကပါးသွားတတ်ပါတယ်။ အဲဒီအခါ ကျန်တစ်ဖက်ကိုပါ လိုက်ပြီးထူပေးပါ။

၅။ Liquid Liner ကို မျက်ခမ်းမှာ မချယ်ပါနဲ့

မျက်ခမ်းနားမှာ ချယ်မယ်ဆိုရင် ခြောက်တဲ့လိုင်နာကိုပဲသုံးပါ။လိုင်နာအရည်က အစိုပြန်တာမြန်ပြီး ဘာမှမလုပ်ရသေးခင် ငိုထားသလိုဖြစ်လာစေမှာပါ။

၆။ လိုင်နာဆိုးပြီးမှ မျက်တောင်ကော့ခြင်း

လိုင်နာဆိုးပြီးမှ မျက်တောင်ကော့တာမျိုးမလုပ်တာကောင်းပါတယ်။ ဘာလို့လဲဆိုတော့ သင့်လိုင်နာတွေကို ပြန်ပြီး ပျက်သွားစေလို့ပါ။ အရင်ဆုံး မျက်တောင်ကော့ပြီးမှ လိုင်နာဆိုးပါ။ မဟုတ်ရင်လည်း လိုင်နာကို လုံးဝခြောက်သွားအောင်ထားပြီးမှ မျက်တောင်ကော့တံသုံးပါ။

၇။ လိုင်နာဆိုးတဲ့အခါမျက်ရစ်ကို မဆွဲလိုက်ပါနဲ့

မျက်လုံးကို အောက်ဖက်ကြည့်ပြီး မျက်လုံးစင်းကာ ဆွဲပေးပါ။ မဟုတ်ဘဲ မျက်ရစ်ကို တဖက်ဆွဲထားပြီး လိုင်နာဆွဲပေးရင် လှတော့မှာမဟုတ်ပါဘူး။

၈။ မိတ်ကပ်လုံး စင်အောင်မဖျက်တာမျိုးမလုပ်ပါနဲ့

မိတ်ကပ်ဆိုတာ လိမ်းပြီးရင် ဖျက်ရပါမယ်။ အပြင်ကပြန်လာရင် မိတ်ကပ်ကို လုံးဝစင်အောင်ဖျက်ပါ။

၉။ အောက်မျက်ခမ်းကို အတွင်းပိုင်းထိမဆိုးပါနဲ့

သဘာဝကျကျလှနေစေဖို့ Eyliner ဆိုးရာမှာ ရှောင်ရန် ၊ ဆောင်ရန်

အောက်မျက်ခမ်းကိုလိုင်နာဆိုးတဲ့အခါ အတွင်းပိုင်းထိဆိုးရင် သင့်ကို မျက်လုံးအိမ်သေးသလို ဖြစ်စေပါတယ်။ ဒါ့ကြောင့် မျက်လုံးဒေါင့်နားလေးကိုပဲဆိုးပေးပါ။

၁၀။ မျက်ခမ်းမှာ လိုင်နာအများကြီးမချယ်ပါနဲ့

မျက်ခမ်းမှာ လိုင်နာထည့်တော့မယ်ဆိုရင် အများကြီးမချယ်ပါနဲ့။ Brush လေးနဲ့ ပြန်ပြီး ဖြည်ပေးပါ။