ကျန်းမာပြီး ကြည်လင်ဝင်းပတဲ့ အသားအရေရဖို့ စိတ်အားထက်သန်နေတဲ့ မိန်းကလေးတွေအတွက် မိန်းကလေးတိုင်း သိထားသင့်တဲ့ အံ့သြဖွယ်ကောင်းတဲ့ DYI Skincare Tips တချို့ကို ဖော်ပြပေးလိုက်ပါတယ်။

လတ်လတ်ဆတ်ဆတ် ညှစ်ထားတဲ့ သံပုရာရည် ဒါမှမဟုတ် အော်ဂဲနစ် ဒိန်ချဉ်ကို မျက်နှာပေါ် အနည်းဆုံး 10 မိနစ်လောက်လိမ်းပေးရင် အသားအရေကို တောက်ပစေပါတယ်။

တစ်နေ့ကို အနည်းဆုံးရေ 2 လီတာသောက်ပေးရင် အမဲစက်တွေကိုဖယ်ရှားပေးပြီး အသားအရေခြောက်တာကို ကာကွယ်ပေးတာကြောင့် အသားအရေကိုစိုပြေစေပါတယ်။

မနက်တိုင်း မိတ်ကပ်မလိမ်းခင်နဲံ ညဘက်အိပ်ခါနီးတိုင်း Lotion Mask ကို လိမ်းပေးရင် မျက်နာကိုရေဓာတ်ရစေပြီး အသားအရေကို ကြည်လင်စေပါတယ်။

အရေးကြီးတဲ့နေ့ရှိခါမှ ဝက်ခြံထွက်တာမျိုး ကြုံဖူးမှာပါ။ ဒီလိုအချိန်ဆို Tea Tree Oil ကို ဂွမ်းစလေးနဲ့ယူပြီး မကြမကြာ ဝက်ခြံပေါ်ကို တိုက်ရိုက်လိမ်းပေးပါ။ နောက်တခုက Vitamin B Oil ကို ညဘက် အိပ်ရာမဝင်ခင် တစ်နာရီအလိုမှာ လိမ်းပေးပါ။

ရှန်ပိန်ထဲ ဂွမ်းစတစ်စကိုနှစ်ပြီး အသားအရေကိုလိမ်းပေးရင် အသားအရေကို ကြည်လင်တောက်ပစေပြီး ချွေးပေါက်တွေကို ကျဉ်းစေပါတယ်။

ပိုးသားခေါင်းအုံးစွပ်တွေက ဆံပင်ပျက်စီးတာကို ကာကွယ်ပေးရုံသာမက အသားအရေ Breakouts ဖြစ်တာကိုလည်း ကာကွယ်ပေးနိုင်ပါတယ်။

Vitamin C supplements တွေကို ပုံမှန်စားပေးရင် အရွယ်မတိုင်ခင် အိုမင်းရင့်ရော်မှုကို တားဆီးနိုင်ပြီး ခန္ဓာကိုယ်က ကော်လာဂျင်ထုတ်လုပ်ဖို့ကို ကူညီပေးပါတယ်။

အစိမ်းရောင် အသီးအရွက်တွေကို တစ်နေ့ တစ်ခွက်လောက် ပုံမှန်စားပေးရင် အသားအရေကို ကြည်လင်စေရုံမက မျက်လုံးညိုတာ မဲတာကိုလည်း ကာကွယ်ပေးပါတယ်။