ရေခဲတုံး Ice Cube တွေက မျက်နှာ အသားအရေအတွက် အကျိုးရှိတာကိုတော့ ပျိုမေတို့ သိပြီး ဖြစ်မှာပါ။ Ice Cube နဲ့ မျက်နှာပေါ် ပွတ်ခြင်းကြောင့် ရလာမယ့် အကျိုးကျေးဇူး အချို့ကတော့- ချွေးပေါက် ကျဉ်းစေတာ၊ အသားအရေ တင်းရင်းစေတာ၊ မိတ်ကပ် တာရှည်ခံတာ စတာတို့ ဖြစ်ပါတယ်။
ဒီတစ်ခေါက်မှာတော့ ဒီရေခဲကို ရေသပ်သပ် မဟုတ်ဘဲ အထဲမှာ အသားအရေ အတွက် ထိရောက်တဲ့ ပစ္စည်းတွေကို ထပ်ထည့်ကာ Mask လုပ်နည်း ဖော်ပြပါရစေ။ ဒီ DIY Ice Cube ကို ပုံမှန် လုပ်မယ်ဆိုရင် နဂိုထက် အသားပိုဖွေးစေပါလိမ့်မယ်။
DIY Ice Cube ပြုလုပ်နည်းကတော့
သန့်စင်တဲ့ ခွက်တစ်ခွက်ထဲကို ဆန် ၂ ဇွန်း ထည့်ပေးရပါမယ်။ ဒီဆန်ကို နှစ်ခါ သုံးခါ ဆေးပေးရပါမယ်။
Photo source: Tree Hugger
ဆေးပြီးနောက် ဒီထဲကို Rose Water ထည့်ပေးရပါမယ်။
ဒီနှစ်မျိုးကို အာနိသင် ပိုထိရောက်အောင် ၁ နာရီကနေ ၂ နာရီ စိမ်ထားပေးရပါမယ်။ ပြီးနောက် ဒီထဲကို အာလူး အရည် ညှစ်ထည့်ပေးရပါမယ်။
အာလူး အရည်ထည့်ပြီးနောက် ဆန်မှုန့် ၂ ဇွန်း ထပ်ပေါင်းထည့်ပေးရပါမယ်။ ရလာတဲ့ အရည် ကို Ice Tray ထဲ ထည့်ကာ ရေခဲတုံး ဖြစ်အောင် ထားပေးရပါမယ်။
ရလာတဲ့ DIY ရေခဲတုံးကို မျက်နှာပေါ် ပွတ်လို့ရပါပြီ။
ဒီ DIY Ice Cube ရဲ့ အသားအရေအတွက် ကောင်းကျိုးတွေကတော့-
၁။ အသားအရေ တောက်ပစေတာ
၂။ အသားအရေ အိုမင်း ရင့်ရော်မှု နှေးကွေးစေတာ
၃။ Skin Barrier ကောင်းစေတာ
၄။ နေလောင်ခံ အသားအရေကို ပြန်လည် သက်သာစေတာ
၅။ အဆီပြန်အသားအရေကို အဆီပြန် နည်းစေတာ
၆။ အသားဖြူစေတာ စတာတို့ ဖြစ်ပါတယ်။
Photo source: Pinterest
by MyStyle Myanmar