MyStyle Myanmar ပရိသတ်ကြီးရေ…မင်္ဂလာပါနော်။ လူတိုင်း ဆံကေသာအလှကိုတော့ ပိုင်ဆိုင်ချင်ကြတာပါပဲ့။ ဆံကေသာအလှတရားဟာ လူတိုင်း တန်ဖိုးထားရတဲ့ အလှတရားပါပဲ။ ဆံကေသာအပြောင်းအလဲဟာလည်း သင့်ရဲ့ သွင်ပြင်အပြောင်းအလဲ၊ သင့်ရဲ့ ရုပ်ရည်အတွက် များစွာအရေးပါလှပါတယ်။ ဒါ့ကြောင့် ကျန်းမာပြီး ရှည်လျားတဲ့ ဆံကေသာထူထူထဲထဲလေးကို ပိုင်ဆိုင်စေဖို့အတွက် ရိုးရှင်းလွယ်ကူတဲ့ နည်းလမ်းတချို့ကို မျှဝေပေးလိုက်ပါတယ်နော်။

၁။ သဘာဝခေါင်းလျှော်ရည်သုံးပါ

ခေါင်းလျှော်ရည်သုံးရာမှာ သဘာဝခေါင်းလျှော်ရည်ကို အသုံးပြုပေးသင့်ပါတယ်။ သဘာဝပါဝင်ပစ္စည်းတွေနဲ့ ထုတ်လုပ်ထားတာကိုသုံးပါ။ သင့်ဦးရေပြားက အဆီပြန်ရင် အဆီပြန်တာသက်သာစေတာ၊ ဗောက်ထရင် ဗောက်သက်သာတာ စသဖြင့် သင့်ဦးရေပြားနဲ့လိုက်ဖက်တဲ့ သင့်တော်တဲ့ ခေါင်းလျှော်ရည်ကို သုံးပေးပါ။

၂။ ဆံပင်ကို ခပ်ဖွဖွစည်းပါ

ဆံပင်ကို မပျက်စီးအောင် ခပ်ဖွဖွလေးစည်းပေးနိုင်ပါတယ်။

၃။ ဦးရေပြားသွေးလည်ပတ်မှုကောင်းမွန်အောင်လုပ်ပါ

ဦးရေပြားအတွင်း သွေးလည်ပတ်မှုကောင်းမွန်စေပြီး ဦးရေပြားကို ညင်သာစွာ နှိပ်နယ်ပေးနိုင်ပါတယ်။ ၃ ရက်တခါ အုန်းဆီ (သို့ )သံလွင်ဆီလိမ်းပေးပြီး သေချာနှိပ်ပေးပါ။

၄။ ပုံမှန်ပေါင်းတင်ပေးပါ

ခေါင်းလျှော်ပြီးတိုင်း ပေါင်းဆေး၊ ပျော့ဆေး ထည့်ပေးဖို့မမေ့ပါနဲ့။ ပျော့ဆေးထည့်တဲ့ အခါမှာလည်း ဆံပင်အဖျားလေးတွေကိုပဲလိမ်းပေးပါ။ ပြီးရင် ၅ မိနစ်လောက်ထားပြီး ရေသေချာဆေးချပါ။