မိန်းကလေးတွေ အများစုက မျက်နှာအသားအရေလေး ဝင်းမွတ်ပြီး ချောမောလှပနေဖို့အတွက်ဆိုပြီး မျက်နှာပေါင်းတင်ဖို့ကို မမေ့မလျော့ ပြုလုပ်လေ့ရှိကြပါတယ်။ ဒါပေမဲ့ ပျိုမေတို့ရဲ့ ခြေချောင်းလေးတွေကိုရော တစ်လမှာ ဘယ်နှကြိမ်လောက် Cleansing လုပ်လေ့ရှိကြပါသလဲ။

ခြေချောင်းလေးတွေက လက်ချောင်းလေးတွေ၊ ပျိုမေတို့ရဲ့ မျက်နှာအသားအရေလိုပဲ အထူးဂရုစိုက်ပေးဖို့လိုပါတယ်။ ဆိုင်မှာ တစ်ခါ တစ်ခါ Cleansing သွားလုပ်ရင်လည်း အနည်းဆုံး သောင်းဂဏန်းလောက်က အေးဆေးထွက်သွားတာပါပဲ။

အဲ့ဒါကြောင့် ဒီတစ်ခါမှာတော့ ကိုယ့်ဘာသာ အိမ်မှာပဲ အလွယ်တကူ ကြေးချွတ်ပြီး Cleansing လုပ်နိုင်မယ့် နည်းလမ်းလေးတွေကို ဝေမျှပေးချင်ပါတယ်။

နည်းလမ်းလေးတွေ မပြောပြခင်မှာ ခြေထောက် ကြေးချွတ်ခြင်းကြောင့် ရရှိနိုင်မယ့် အကျိုးကျေးဇူးတွေကို အရင်ပြောပြပေးချင်ပါတယ်။ ခြေထောက် ကြေးချွတ်ပေးခြင်းကြောင့် ခြေချောင်းတွေရဲ့ သွေးလှည့်ပတ်မှုကောင်းမွန်စေပြီး ခြေထောက်ကိုက်ခဲခြင်းကို သက်သာစေခြင်း၊ ကိုယ်ရော စိတ်ပါ လန်းဆန်းပြီး စိတ်ဖိစီးမှု ကင်းဝေးခြင်း၊ ဆဲလ်သေများနဲ့ အညစ်အကြေးများကို ဖယ်ရှားတိုက်ချွတ်လိုက်တာကြောင့် ခြေထောက်က နဂိုကထက် ပိုမိုဖြူဖွေးဝင်းပနေခြင်း စတဲ့ အကျိုးကျေးဇူးတွေ ရရှိနိုင်ပါတယ်။

ဒါဆိုရင် ဘယ်လိုနည်းလမ်းတွေနဲ့ ကြေးချွတ်လို့ရမလဲဆိုတာ အတူတူကြည့်လိုက်ရအောင်နော်

နည်းလမ်း (၁)

သကြားအညို ၁၁၅ ဂရမ်၊ စတော်ဘယ်ရီသီး နှစ်လုံးနဲ့ သံလွင်ဆီ စားပွဲတင်ဇွန်း ၁ ဇွန်းတို့ လိုအပ်ပါမယ်။ စတော်ဘယ်ရီသီးကို ကြိတ်ချေပြီးနောက် သကြားနဲ့ ရောမွှေပေးလိုက်ပါ။ ထို့နောက် သံလွင်ဆီနဲ့ ထပ်ရောလိုက်ပြီးနောက် ခြေထောက်ပေါ် ညင်ညင်သာသာ ပွတ်တိုက်ပြီး သုတ်လိမ်းပေးလိုက်ပါ။ မိနစ် ၂၀ ကြာမှ ရေဆေးပေးလိုက်ပါ။

နည်းလမ်း (၂)

နာနတ်သီး ၄ အောင်စခန့်၊ သကြားညို ၁၁၅ ဂရမ်နဲ့ ဒိန်ချဉ် စားပွဲတင်ဇွန်း ၂ ဇွန်းတို့ လိုအပ်ပါတယ်။ သကြားနဲ့ ဒိန်ချဉ်ကို သမအောင် ရောနှောပြီးနောက် နာနတ်သီး ထည့်ကာ ထပ်မွှေပေးလိုက်ပါ။ ထို့နောက် ထိုအရည်ဖြင့် ခြေချောင်းလေးများနဲ့ ခြေဖဝါးကို ၁၀ မိနစ်ခန့် ပွတ်တိုက်ပြီး နှိပ်နယ်ပေးလိုက်ပါ။ နောက်ထပ် ၁၀ မိနစ်ကိုတော့ အေးအေးလူလူအနားယူလိုက်ပါ။ ပြီးမှ ကြက်သီးနွေး ရေနွေးနဲ့ ရေဆေးချလိုက်ပါ။

Source: Stylecraze.com