ခန္ဓာကိုယ်မှာ အာဟာရချို့တဲ့တာကြောင့်ပဲဖြစ်ဖြစ်၊ တစ်ကိုယ်ရည်သန့်ရှင်းမှုနည်းပါတာတွေကြောင့် ကျောနောက်မှာ ဝက်ခြံတွေဖြစ်စေတတ်ပါတယ်။ ဒီလိုမျိုး ကျောနောက်မှာရှိနေတဲ့ ဝက်ခြံတွေကိုလျော့နည်းစေအောင် ဖြေရှင်းနိုင်ဖို့အတွက် နည်းလမ်းကောင်းတွေလည်း အများကြီးရှိနေပါသေးတယ်။ မျက်နှာအသားအရေမှာဖြစ်တတ်တဲ့ ဝက်ခြံတွေကိုတော့ ဂရုစိုက်မှုတွေသေချာလုပ်ပြီး၊ ကျောမှာဖြစ်တဲ့ ဝက်ခြံတွေကိုတော့မထိန်းသိမ်းနေဘူးဆိုရင်တော့ အရေပြားပြဿနာတွေပါထပ်ပြီး ဖြစ်လာနိုင်ပါတယ်။

အသားအရေကိုသေချာထိန်းသိမ်းဖို့လိုပါမယ်။ ရေကိုတစ်နေ့တစ်ခါပုံမှန်ချိုးပြီး ဆပ်ပြာတိုက်တဲ့ အခါမှာလည်း နောက်ကျောဘက်တွေကိုပါသေချာပြောင်အောင် တိုက်ပေးဖို့က အရေးကြီးပါတယ်။ ရေချိုးရင်းနဲ့ခေါင်းလျှော်တဲ့အခါမှာလည်း ခေါင်းလျှော်ရည်နဲ့ ဆံပင်ပျော့ဆေးတွေက ကျောနောက်ဘက်ကိုကျသွားပြီး ရေနဲ့သေချာမသန့်စင်ပေးပဲ မေ့သွားတာမျိုးဆိုရင်လည်း ကျောမှာဝက်ခြံတွေကို ပျောက်ကင်းစေမှာ မဟုတ်ပါဘူးနော်။

ရေနွေးဝတ်နဲ့ကပ်ပေးတဲ့နည်းလမ်းဆိုရင်လည်း ဝက်ခြံတွေကိုလျော့နည်းသွားစေမှာပဲဖြစ်ပါတယ်။ နည်းလမ်းကတော့ အဝတ်သန့်သန့်တစ်ခုကို ရေနွေးနွေးလေးထဲမှာ စိမ်ထားပေးပြီး အဲဒီအဝတ်တွေကို ကျောဘက်ကဝက်ခြံတွေရှိနေတဲ့အပေါ် ရေသဘက်လေးတင်ထားပြီး နေနေလိုက်မယ်ဆိုရင်လည်း ဝက်ခြံတွေကိုလျော့နည်းစေနိုင်ပါတယ်နော်။

ရှားစောင်းလက်ပတ်အနှစ်နဲ့လည်း ကုသပေးလို့ရပါတယ်။ ရှားစောင်းလက်ပတ်အနှစ်တွေကို ဝက်ခြံတွေရှိနေတဲ့နေရာမှာလိမ်းထားပေးပြီး နာရီဝက်လောက်ခဏနေနေလိုက်ပါ။ ပြီးရင်တော့ ရေနွေးနွေးလေးနဲ့ ရေပြန်ချိုးပေးပြီး သန့်စင်တဲ့နည်းလမ်းမျိုးကို နေ့တိုင်းလုပ်ဆောင်ပေးမယ်ဆိုရင်တော့ သိသာတဲ့ရလဒ်ကို ရရှိလာမှာပဲဖြစ်ပါတယ်။