အကြောပြတ်ရာဆိုတာ ကျားမ မရွေး အနည်းနဲ့အများ ဖြစ်တတ်တဲ့ အရေပြားအမာရွတ်ပုံစံတစ်မျိုးပါ။ ဝိတ်အတက်အကျများလို့ပဲဖြစ်ဖြစ် ဟော်မုန်းအပြောင်းအလဲတွေကြောင့်ဖြစ်ဖြစ် ရုတ်တရက် အရေပြားပွတာ၊ ကျုံ့တာတွေဖြစ်တဲ့အချိန်မျိုးမှာ အကြောပြတ်ရာတွေ ပေါ်တတ်ပါတယ်။
ဒါပေမယ့် ဒီလို သိသိသာသာပေါ်လာတဲ့ အကြောပြတ်ရာတွေကြောင့် နေရတာ သက်တောင့်သက်သာမရှိဘဲ ကိုယ့်ကိုယ်ကိုယ် Confident လျော့လာတယ်လို့ ခံစားနေရတယ်ဆိုရင်တော့ အခုပြောပြပေးမယ့်နည်းတွေကို လုပ်ကြည့်သင့်ပါတယ်။

ဒီတစ်ခေါက်မှာ အကြောပြတ်ရာ တဖြည်းဖြည်းပါးလာအောင် ဈေးကြီးပေးစရာမလိုဘဲ သဘာဝပစ္စည်းတွေနဲ့ ကိုယ်တိုင်ကုသနိုင်မယ့် အိမ်တွင်းဖြစ်နည်းလမ်းတွေကို ဖော်ပြပေးသွားမှာပါ။

၁။ သံလွင်ဆီနဲ့ နှင်းဆီပွင့်ဖက်


အကြောပြတ်ရာအတွက် သံလွင်ဆီနဲ့နှင်းဆီတို့ကို သုံးကြည့်ပါ။ လုပ်ရမယ့်နည်းကတော့ သံလွင်ဆီအနည်းငယ်ကို နှင်းဆီပွင့်ဖက် ခွက်တစ်ဝက်ခန့်နဲ့ရောကာ စတီးခွက်ထဲထည့်ပြီး မိနစ် ၂၀ လောက်အပူပေးပါ။ အချိန်ပြည့်တဲ့အခါ အအေးခံပြီး အကြောပြတ်ထားတဲ့နေရာအနှံ့ လိမ်းပေးနိုင်ပါတယ်။ တစ်လလောက်လုပ်ပေးမယ်ဆိုရင် သိသာတဲ့ရလဒ်ကို တွေ့ရမှာပါ။

၂။ အုန်းဆီနဲ့ Aloe Vera Gel


Aloe Vera က အရေပြားတစ်ရှူးတွေကို အားပြန်ဖြည့်ပေးနိုင်ပါတယ်။ ရှားစောင်း Gel ခွက်ဝက်ခန့်နဲ့ အုန်းဆီတို့ကို ဆတူရောပြီး ရှားစောင်းလက်ပတ် အရောင်ပြောင်းတဲ့အထိ မီးနည်းနည်းနဲ့ မိနစ် ၃၀ လောက်အပူပေးပါ။ ရလာတဲ့အရည်ကို Spray ဗူးထဲထည့်ပြီး အကြောပြတ်ရာတွေပေါ်ဖြန်းပေးနိုင်ပါတယ်။

၃။ သံပယိုရည်နဲ့ သခွားသီး


ဒီနည်းအတွက်လည်း သံပယိုရည်နဲ့ သခွားသီးအရည်တို့ကို ဆတူရောပြီး ရလာတဲ့အရောကို အကြောပြတ်ရာရှိတဲ့ အရေပြားပေါ်လိမ်းပေးပါ။ ၁၀ မိနစ်လောက်လိမ်းထားပြီး ရေနဲ့ပြန်ဆေးချပေးရမှာဖြစ်ပါတယ်။

၄။ Almond ဆီ နဲ့ အုန်းဆီ


ဗာဒံဆီနဲ့ အုန်းဆီတို့ကလည်း အကြောပြတ်ရာဖယ်ရှားဖို့အတွက် အသုံးဝင်တဲ့ ဆေးဖက်ဝင်အဆီတွေဖြစ်တာမို့ သူတို့နှစ်ခုကို ရောပြီး အကြောပြတ်ရာတွေပေါ် နှိပ်နယ်ကာ လိမ်းပေးတာမျိုးပြုလုပ်နိုင်ပါတယ်။

၅။ ကြက်ဥအနှစ်


ကြက်ဥအနှစ် နှစ်လုံးကို သံပယိုရည်အနည်းငယ်၊ Oatmeal နှစ်ဇွန်း၊ ဗာဒံဆီနှစ်ဇွန်းတို့နဲ့ရောပြီး အနှစ်ရအောင် မွှေပေးပါ။ ပြီးနောက်မှာတော့ အကြောပြတ်ရာတွေပေါ်လိမ်းကာ ခြောက်အောင်ထားပြီး ရေအေးအေးနဲ့ပြန်ဆေးပေးပါ။ တစ်ပတ်တစ်ခါလောက် ပုံမှန်ပြုလုပ်ပေးမယ်ဆိုရင် တဖြည်းဖြည်းနဲ့ အရာတွေပါးလာပါလိမ့်မယ်။

၆။ အာလူး


အာလူးအစိမ်းကို ခပ်ပါးပါးလှီးပြီး ရလာတဲ့ အာလူးချပ်တွေနဲ့ အကြောပြတ်ရာပေါ်ကို ဖြေးဖြေးချင်းပွတ်လိမ်းပေးရမှာပါ။ ၁၀ မိနစ်လောက်ထားပြီးနောက် ရေနွေးလေးနဲ့ဆေးပေးရုံပါပဲ။ ရိုးရိုးရှင်းရှင်းနဲ့ အလွယ်ဆုံးနည်းဖြစ်တာမို့ နေ့တိုင်းနီးပါးပြုလုပ်နိုင်ပါတယ်။

Photo Source: Pinterest

By MyStyle Myanmar