မင်္ဂလာပါ…. ပျိုမဒီတို့ရေ…. မကြာခင်ရောက်တော့မယ့် ချစ်သူများနေ့မှာ ချစ်သူကို လက်ဆောင်ပေးတဲ့အခါ သူများတွေနဲ့မတူဘဲ တစ်မူထူးခြားနေအောင်လို့ ကိုယ်တိုင်လုပ်ထားတဲ့ Photo Block လေး လက်ဆောင်ပေးလို့ရတယ်နော်။
ကိုယ်တိုင် Handmade လုပ်ထားတာကြောင့် ကမ္ဘာမှာ တစ်ခုတည်းရှိတဲ့ ချစ်လက်ဆောင်လေးဖြစ်နေမှာ အမှန်ပါနော်။
ပါဝင်ပစ္စည်းများ
- 4×4 သစ်သားတုံး
- သစ်သားလုံးလေးများ
- ပန်းရောင်နဲ့ အနီရောင်ဆေး
- White Glue
- ဖဲကြိုး
- Heart စတစ်ကာများ
- Brush
- စက္ကူညှပ် ကတ်ကြေး
ကော်ကိုသုံးပြီး သစ်သားလုံးလေးတွေကို သစ်သားတုံးမှာ ကပ်ပေးပါ။ သစ်သားတုံးကို အနီ ၂ ဖက် ပန်းရောင် ၂ ဖက်ခြယ်လိုက်ပါ။ ပြီးရင် ဆေးအကုန်ခြောက်သွားအောင် အခြောက်ခံထားလိုက်ပါ။
ဓာတ်ပုံကို cube ထက် 3/4 လက်မလောက် သေးအောင်ဖြတ်လိုက်ပါ။
ဓာတ်ပုံကို ကော်နဲ့သုတ်ပြီးသစ်သားတုံးမှာ ကပ်ပြီး အခြောက်ခံထားလိုက်ပါ။ ခြောက်သွားရင် သစ်သားတုံးကို ဖဲကြိုးလေးတွေ စတစ်ကာလေးတွေနဲ့ အလှဆင်လိုက်ပါ။
ဒါဆိုရင်တော့ ဘယ်သူနဲ့မှမတူတော့တဲ့ လက်ဆောင်လေးတစ်ခုရလာမှာပါ။
Source: onecrazymom