တစ်နေကုန်နေပူထဲမှာ သွားလာလှုပ်ရှားနေရတဲ့အခါ ဖုန်မှုန့်နဲ့အညစ်အကြေးတွေက မျက်နှာမှာ ကပ်ငြိနေတတ်ပါတယ်။ ဒါ့ကြောင့် အပြင်ကနေ ပြန်လာပြီးတိုင်းမှာ မိက်ကပ်ဖျက်ဆေးနဲ့ မိတ်ကပ်များကို စင်ကြယ်အောင် ဖျက်ပြီး မျက်နှာသစ်ဆေးနဲ့ ဆေးကြောပေးရပါမယ်။

ဒါတင်မလုံလောက်သေးပါဘူး။ မျက်နှာကို ညစဉ်ညတိုင်းမှာ ညလိမ်းခရင်မ်လေး လိမ်းပေးရပါမယ်။ ပိုက်ဆံလည်း ချွေတာရာရောက်အောင်၊ ဓာတုပစ္စည်းတွေ မပါဝင်တဲ့ သဘာဝညလိမ်းခရင်မ်တွေပဲ အသုံးပြုရာရောက်အောင် အခုဖော်ပြပေးမယ့် နည်းလမ်းလေးတွေကို အသုံးပြုနိုင်ပါတယ်။

ဂလက်စရင်းအလှဆီ အသုံးပြုပါ

သန့်စင်ခြောက်သွေ့သော ဒယ်အိုးကို အပူပေးပြီး အယ်လ်မွန်ဆီ စားပွဲတင်ဇွန်း ၁ ဇွန်းနှင့် အုန်းဆီ စားပွဲတင်ဇွန်း တစ်ဇွန်းတို့ကို အပူပေးပြီး သမအောင် ရောမွှေပေးလိုက်ပါ။ ထို့နောက် မီးဖိုပေါ်မှာ ဖယ်ရှားပြီးနောက် နှင်းဆီရေ စားပွဲတင်ဇွန်း ၂ ဇွန်းနှင့် ဂလက်စရင်း စားပွဲတင်ဇွန်း ၁ ဇွန်းတို့ဖြင့် သမအောင် ရောနှောပေးလိုက်ပါ။ ရရှိလာတဲ့ခရင်မ်ကို အအေးခံပြီးနောက် လေလုံဘူးထဲတွင် ထည့်သိမ်းထားလိုက်ပါ။ ထိုခရင်မ်ကို ညစဉ်ညတိုင်း လိမ်းကျံ ပေးနိုင်ပါတယ်။

ဒီညလိမ်းခရင်မ်ကတော့ ပျိုမေတို့ရဲ့အသားအရေကို ညီညာချောမွတ်စေမှာပဲဖြစ်ပါတယ်။

နို့ခရင်မ် လိမ်းကျံပေးပါ

နို့ခရင်မ် စားပွဲတင်ဇွန်း ၁ ဇွန်း၊ နှင်းဆီရေ လက်ဖက်ရည်ဇွန်း ၁ ဇွန်း၊ သံလွင်ဆီ လက်ဖက်ရည်ဇွန်း ၁ ဇွန်းနှင့် ဂလက်စရင်း လက်ဖက်ရည်ဇွန်း ၁ ဇွန်းတို့ကို သမအောင် ရောမွှေပေးလိုက်ပါ။ ရရှိလာတဲ့ခရင်မ်ကို သန့်စင်သောဘူးတစ်ဘူးထဲထည့်ထားလိုက်ပါ။ မျက်နှာကို ဆေးကြောသန့်စင်ပြီးတဲ့အခါ မျက်နှာနဲ့ လည်ပင်းတစ်ဝိုက်ကို ညစဉ်ညတိုင်း လိမ်းကျံပေးနိုင်ပါတယ်။

ဒီခရင်မ်ကတော့ သင့်ရဲ့အသားအရေကို သန့်စင်စေရုံသာမက ရေဓာတ်ဖြည့်ပေးပြီး အသားအရေကို အာဟာရဖြည့်တင်းပေးပါတယ်။

ထောပတ်သီးနဲ့ ပြုလုပ်ထားတဲ့ ညလိမ်းခရင်မ်

ထောပတ်သီးမှည့်တစ်လုံးကို ပန်းကန်လုံးထဲထည့်ပြီး အနှစ်ဖြစ်သွားအောင် ချေပေးလိုက်ပါ။ ဒိန်ချဉ် ၁၂၅ ဂရမ် (သို့) ကြက်ဥတစ်လုံးကို ထောပတ်သီးနဲ့ သမအောင်ရောမွှေပြီး အနှစ်ရအောင် ပြုလုပ်ပေးလိုက်ပါ။ ရရှိလာတဲ့ခရင်မ်ကို ဘူးထဲထည့်သိမ်းထားပြီးနောက် တစ်ပတ်ကို နှစ်ကြိမ်ခန့် ညအိပ်ရာဝင်ခါနီးတိုင်း လိမ်းကျံပေးနိုင်ပါတယ်။

ဒီညလိမ်းခရင်မ်ကတော့ အမဲစက်နဲ့ အရေးအကြောင်းများကို ဖယ်ရှားပေးပြီး အရွယ်တင်နုပျိုစေပါတယ်။

Source: Stylecraze.com

By MyStyle Myanmar