MyStyle Myanmar က ပျိုမေလေးတွေရေ..မဂ်လာပါနော်…ဒီနေ့မှာတော့ အမျိုးသမီးတိုင်း လိုချင်တောင့်တကြတဲ့ တင်းရင်းလှပတဲ့ ရင်သားတစ်စုံနဲ့ပတ်သက်တဲ့ အကြောင်းအရာလေးကို ဝေမျှပေးချင်ပါတယ်နော်။ အသက်အရွယ်ရလာတာနဲ့အမျှ ရင်သားဟာ တဖြည်းဖြည်း တွဲကျလာတယ်ဆိုတာ ပျိုမေတိုင်းသိထားပြီးသားဖြစ်မှာပါ။ တစ်ချို့ဆိုရင်တော့ အသက်အရွယ်မရခင်ကတည်းက ရင်သားတွဲတာ တင်းတင်းရင်းရင်းမရှိတာမျိုး ကြုံတွေ့ရတတ်ပါတယ်။ ကျုံ့နိုင်ဆန့်နိုင်တဲ့ ဂုဏ်သတ္တိတွေ မရှိတော့လို့ဖြစ်ပါတယ်။
ဒါပေမဲ့ စိတ်ပူစရာတော့ မလိုပါဘူးနော်။ ဘာလို့လဲဆိုတော့ အခုခေတ်မှာ နည်းလမ်းတွေ အများကြီးရှိလို့ပဲ့ဖြစ်ပါတယ်။ ပုံမှန်အနေနဲ့တော့ ရင်သားကို နှိပ်နယ်ပေးတာ ရင်သားနဲ့ပတ်သက်တဲ့လေ့ကျင့်ခန်းတွေ လုပ်ပေးကြတာများပါတယ်။ နည်းလမ်းတွေအများကြီးထဲကနေ ဒီနေ့ပြောပြပေးချင်တဲ့သဘာဝနည်းလမ်းတစ်ခုကတော့ ကြက်ဥကို အသုံးပြုပေးတာပဲ့ဖြစ်ပါတယ်။ ကဲ..ဘယ်လိုအသုံးပြုရသလဲဆိုတာ အတူတူကြည့်လိုက်ရအောင်…
ပါဝင်ပစ္စည်းတွေကတော့
ကြက်ဥ ၁ လုံး
ဗီတာမင် E အဆီ စားပွဲတင်ဇွန်း ၁ ဇွန်း
ပျားရည် စားပွဲတင်ဇွန်း ၁ ဇွန်း
ပြုလုပ်နည်း
ပါဝင်ပစ္စည်းအားလုံးကို ရောပြီး သေချာမွှေလိုက်ပါ။ ပြီးရင် ရင်သားပေါ်မှာလိမ်းပေးပြီး သေချာပွတ်ပေးပါ။ ပြီးရင် နာရီဝက်လောက်ထားပါ။ အဲဒီနောက် ရေဆေးနဲ့ ဆေးချပါ။
တစ်ပတ်ကို ၂ ကြိမ်ပြုလုပ်ပေးရမှာဖြစ်ပါတယ်။ ရလဒ်ကောင်းတွေရရှိနိုင်ကြပါစေ။