မိန်းကလေးတိုင်း လိုချင်နေကြတဲ့ မျက်နှာအသားအရေလေး အပြစ်အနာဆာကင်းပြီး ကြည်လင်လှပနေအောင် ဂရုစိုက်နေတဲ့ကြားက ဝက်ခြံတွေထွက်လာတာမျိုးအပြင် ဝက်ခြံကြောင့်ကျန်ခဲ့တဲ့အမာရွတ်တွေက ပိုပြီးတော့စိတ်အနှောင့်အယှက်ဖြစ်ရပါတယ်နော်။

ဒါကြောင့် သေချာဂရုတစိုက်နဲ့လုပ်ပေးနိုင်မှလည်း အမာရွတ်တွေကိုသက်သာစေမှာဖြစ်တာကြောင့် နည်းလမ်းတွေအများကြီးထဲကနေ ဘေးဥပါဒ်ကင်းတဲ့သဘာဝနည်းလမ်းကောင်းလေးတချို့ကို လက်တို့လိုက်ပါတယ်နော်…

ပျားရည်

ပျားရည်က အလှအပအတွက်အသုံးဝင်လွန်းတဲ့ အိမ်တွင်းပစ္စည်းတစ်မျိုးလည်း ဖြစ်ပါတယ်နော်။ ညဘက်အိပ်ရာဝင်ခါနီးအချိန်တွေမှာ အမာရွတ်တွေရှိနေတဲ့နေရာတွေကို ပျားရည်လေးလိမ်းထားပြီး အိပ်ယာဝင်လိုက်ပါ။ မနက်မှ မျက်နှာကိုသေချာသစ်ပေးပြီး အိပ်ယာဝင်ခါနီးတိုင်းမှာ လုပ်ပေးမယ်ဆိုရင်တော့ အချိန်တိုအတွင်းမှာ အမာရွတ်တွေလျော့နည်းပြီး ပျောက်ကင်းလာမှာပဲဖြစ်ပါတယ်။

အာလူး

အာလူးကိုပါးပါးလေးတွေလှီးပြီး မျက်နှာပြင်အနှံ့နဲ့ အမာရွတ်နေရာတွေမှာ အဓိကထားပြီး ကပ်ထားပေးမယ်ဆိုရင် ဝက်ခြံကြောင့်ကျန်နေခဲ့တဲ့ အမာရွတ်တွေကို လျော့နည်းစေမှာပဲဖြစ်ပါတယ်။ နေ့တိုင်းပြုလုပ်ပေးလို့ရသလို အိပ်ရာဝင်ခါနီးအချိန်တွေမှာလုပ်ပေးရင် ပိုပြီးတော့အကျိုးရှိစေပါတယ်နော်။ အချိန်တိုအတွင်းမှာပဲ အမာရွတ်တွေကို ပါးသွားစေမယ့် နည်းလမ်းကောင်းလေးလဲဖြစ်ပါတယ်။

ရှားစောင်းလက်ပတ်

ရှားစောင်းလက်ပတ်ကို အခွံတွေသေချာနွှာပြီး အထဲကဂျယ်လေးနဲ့ မျက်နှာပေါ်က ဝက်ခြံကြောင့်ကျန်နေခဲ့တဲ့ အမာရွတ်တွေပေါ်ကို စက်ဝိုင်းပုံစံ သေချာလေးပွတ်ပေးလိုက်ပါ။ ပြီးရင်တော့ မိနစ် ၃၀ လောက်ထားထားပြီးမှ ရေဆေးချပေးလိုက်ပါ။ တစ်နေ့ကို နှစ်ကြိမ်သုံးကြိမ်လောက် ပုံမှန်လုပ်ပေးလိုက်မယ်ဆိုရင် ဝက်ခြံကြောင့်ဖြစ်တဲ့အမာရွတ်တွေကို အချိန်တိုအတွင်းမှာ လျော့နည်းသက်သာလာစေမှာပဲဖြစ်ပါတယ်။

အုန်းဆီ

အုန်းဆီကိုနည်းနည်းလောက်အပူပေးပြီး အမာရွတ်တွေပေါ်မှာ လိမ်းထားပေးလိုက်ပါ။ အမာရွတ်ဖြစ်နေတဲ့နေရာပေါ်မှာလိမ်းပေးပြီး ၅ မိနစ်လောက်နှိပ်နယ်ပေးလိုက်ပါ။ ဒါမှလည်း အသားထဲကိုသေချာစိမ့်ဝင်သွားမှာပေါ့။ တစ်နာရီလောက်ထားပြီးသွားရင် ရေနွေးနွေးလေးနဲ့ ဆေးချပေးလိုက်ပါ။ နေ့တိုင်းလုပ်ပေးတဲ့အခါမှာ နှစ်ပတ်အတွင်းမှာသိသာတဲ့ ရလဒ်ကိုရရှိလာမှာပဲဖြစ်ပါတယ်။

ကောင်းမွန်တဲ့အသားအရေမျိုးလေးနဲ့မှ လှပတဲ့မျက်နှာမျိုးလေးကို ရရှိမှာဆိုတော့ အပြစ်အနာဆာကင်းတဲ့ မျက်နှာမျိုးလေးကို ရရှိအောင် မျက်နှာပေါ်ကဝက်ခြံကြောင့် ကျန်နေခဲ့တဲ့အမာရွတ်တွေကို ပျောက်အောင်ဒီနည်းလမ်းလေးတွေနဲ့ ကုသလိုက်ပါနော်။