အသားအရေ ကြည်လင်ချောမွေ့နေတာကို လူတိုင်းလိုချင်ကြပါတယ်။ အပြင်မှာ ကိုယ်နေ့စဉ်ထိတွေ့နေတဲ့ လေထုနဲ့ အညစ်အကြေးတွေကြောင့် အဆီတွေပြန်ပြီး ဝက်ခြံပိုဖြစ်စေလို့ အိမ်ပြန်ရောက်တဲ့အခါမှာ သေချာလေး ဂျီးချွတ်ပေးသင့်ပါတယ်။ သဘာဝနည်းလေးနဲ့ စိုပြေဝင်းပတဲ့ အသားအရေလေး ရရှိဖို့ ဒီလိုလေး ဂျီးချွတ်ပေးကြည့်ရအောင်…

ပါဝင်ပစ္စည်းတွေကတော့

မုန့်ဖုတ်ဆိုဒါ (Baking Soda) စားပွဲတင်ဇွန်း ၂ ဇွန်း

သံပုယိုရည် စားပွဲတင်ဇွန်း ၁ ဇွန်း (သံပုရာရည်လည်းသုံးနိုင်ပါတယ်။)

နွားနို့ စားပွဲတင်ဇွန်း ၂ ဇွန်း

ပါဝင်ပစ္စည်းအားလုံးကို သေချာရောပြီး မွှေလိုက်ပါ။ ပြီးရင် ဆားဝက်ခြံရှိတဲ့နေရာမှာ လိမ်းပြီး ပွတ်ပေးပါ။ အဲဒီနောက် မျက်နှာအနှံ့ကို လိမ်းပေးပါ။ မုန့်ဖုတ်ဆိုဒါဟာ အညစ်အကြေးတွေကို သန့်စင်ပေးပြီး ဆားဝက်ခြံတွေကို ဖယ်ရှားပေးနိုင်ပါတယ်။ သံပုယိုရည်ရဲ့ အစွမ်းကြောင့် အဆီပြန်တာကိုသက်သာစေပြီး နို့က အသားအရေကို စိုပြေစေမှာပါ။

အခုလိုလိမ်းပြီး ၅ မိနစ်လောက်ထားပါ။ ပြီးရင် လက်ကိုရေစွတ်ပြီး ရေစိုနေတဲ့လက်နဲ့ သေချာလေး ပွတ်ပေးပါ။ ချွေးပေါက်တွေ ပွင့်ပြီး ဆဲလ်သေတွေ ဖယ်ရှားပေးနိုင်မှာဖြစ်ပါတယ်။ ပြီးရင် ရေအေးနဲ့ မျက်နှာသစ်ပါ။ အဲဒီနောက် Toner (သို့) Moisturizer လိမ်းပေးပါ။

တစ်ပတ်ကို ၂ ကြိမ်လုပ်ပေးပါနော်။