ကြည်လင်ရှင်းသန့်တဲ့ မျက်နှာလေးကို ပိုင်ဆိုင်ချင်ပါသလား။ မုန့်ဖုတ်ဆိုဒါက သင့်မျက်နှာအတွက် Scrub အနေနဲ့ အသုံးဝင်တဲ့ ပစ္စည်းတစ်မျိုးဖြစ်ပါတယ်။ သူကအရေပြားက ဆဲလ်သေတွေကို ဖယ်ရှားပေးပြီး ချေးချွတ်တဲ့နေရာမှာ ဆရာတစ်ပါးပါ။

ဒါကြောင့်သင့်မျက်နှာလေး ဝင်းပပြီး ကြည်လင်ဖို့အတွက် မုန့်ဖုတ်ဆိုဒါကို အသုံးပြုနိုင်ပါတယ်။

၁။ မုန့်ဖုတ်ဆိုဒါနဲ့ ပန်းသီးရှာလကာရည်

Source: Natural Solutions Magazine

ပါဝင်ပစ္စည်းများ

  • ပန်းသီးရှာလကာရည်တစ်ဇွန်း
  • ရေဖန်ခွက်တစ်ဝက်
  • မုန့်ဖုတ်ဆိုဒါ လဘရည်ဇွန်းတစ်ဇွန်း

ပြုလုပ်ပုံ

  • ပါဝင်ပစ္စည်းတွေကို ခွက်တစ်ခွက်ထဲရောပါ။
  • ဒီအရောကို သင့်မျက်နှာပေါ်တင်ပြီး ၄ မိနစ်ကနေ ၅ မိနစ်ထားပါ။
  • ရေနွေးနွေးနဲ့ ဆေးပါ။
  • နောက်ဆုံးအဆင့်အနေနဲ့ သင့်မျက်နှာချွေးပေါက်တွေကို ကျဉ်းစေမယ့် ရေအေးအေးလေးကို သုံးပြီး မျက်နှာသစ်ပေးပါ။

ပါဝင်ပစ္စည်းအားလုံးက သဘာဝပစ္စည်းတွေမို့ သင့်မျက်နှာအတွက် ကောင်းမွန်ပါတယ်။ မသန့်ရှင်းတဲ့ ချေးတွေကို ဖယ်ပေးပါတယ်။

သတိထားရမှာက အချိန်အကြာကြီးမထားရပါဘူး။ ရေချိုးတဲ့အချိန်မှာ တစ်ခါတည်း Scrub လုပ်နိုင်ပါတယ်။ တစ်ပတ်မှာ နှစ်ကြိမ်ပြုလုပ်နိုင်ပြီး ဒီ Scrub ကို ပုံမှန်အသားအရေနဲ့ ခြောက်သွေ့တဲ့အသားအရေအတွက်သုံးနိုင်ပါတယ်။

၂။ သကြားအညိုနဲ့ မုန့်ဖုတ်ဆိုဒါ

Source: VKool.com

ပါဝင်ပစ္စည်းများ

  • သကြားညို လဘက်ရည်ဇွန်းတစ်ဇွန်း
  • သံလွင်ဆီ တစ်စက် နှစ်စက်
  • မုန့်ဖုတ်ဆိုဒါ လဘက်ရည်ဇွန်းတစ်ဇွန်း

ပြုလုပ်ပုံ

  • ပါဝင်ပစ္စည်းအားလုံး ပျစ်ပျစ်လေးဖြစ်တဲ့အထိရောပါ။ မျက်နှာပေါ်ကို စက်ဝိုင်းပုံစံဖြည်းညင်းစွာ ပွတ်ပေးပါ။
  • ရေနဲ့ဆေးချပါ။

သံလွင်ဆီက မျက်နှာကို အစိုဓာတ်ပေးတာကြောင့် အသားအရေကို ဝင်းပချောမွတ်စေပါတယ်။ ဒီအရောနှစ်မျိုးက ဆဲလ်သေတွေကို ဖယ်ရှားပေးတာကြောင့် မျက်နှာကို ကြည်လင်စေပါတယ်။ အဆီပြန်တဲ့အသားအရေပိုင်ရှင်တွေ ဒီ Scrub လေးကို သုံးပေးပါ။ တစ်ပတ်ကနေ နှစ်ပတ်ထိပြုလုပ်နိုင်ပါတယ်။

၃။ ပျားရည်နဲ့ မုန့်ဖုတ်ဆိုဒါ

Source: WeetNow

ပါဝင်ပစ္စည်းများ

  • ပျားရည်နဲ့ မုန့်ဖုတ်ဆိုဒါကို လက်ဖဝါးနဲ့ ဒါမှမဟုတ် ခွက်တစ်ခွက်ထဲမှာ ထည့်ပြီး ပျားရည်နွေးလာတဲ့အထိ ရောပေးပါ။

ပြုလုပ်ပုံ

  • ဒီအရောကို မျက်နှာပေါ်စက်ဝိုင်းပုံစံပွတ်ပေးပါ။
  • နှုတ်ခမ်းနဲ့ နှာခေါင်းနေရာကို အဓိကထားပြီး ပွတ်ပေးပါ။
  • ခြောက်သွေ့တဲ့ ဆဲလ်သေတွေ ဝေးဝေးရောက်သွားပါလိမ့်မယ်။

ပျားရည်က ဘတ်တီးရီးယားသေစေတဲ့ ဂုဏ်သတ္တိရှိတာကြောင့် ဝက်ခြံထွက်ခြင်းကို ကာကွယ်ပေးပါတယ်။ အိုမင်းဖြစ်စဉ်ကို နှေးကွေးစေပြီး အရေပြားကို အားဖြည့်ပေးပါတယ်။ အသုံးပြုနေစဉ် သင့်အရေပြားယားယံခြင်းရှိလား သတိထားကြည့်ပါ။ တစ်ပတ်မှာ သုံးကြိမ်ပြုလုပ်နိုင်ပါတယ်။ ဒီ Scrub ကို ပုံမှန်အသားအရေနဲ့ ခြောက်သွေ့တဲ့အသားအရေအတွက်သုံးနိုင်ပါတယ်။

၄။ သံပယိုသီးနဲ့ မုန့်ဖုတ်ဆိုဒါ

Source: YouTube

ပါဝင်ပစ္စည်းများ

  • သံပယိုရည် လဘရည်ဇွန်းတစ်ဇွန်း
  • မုန့်ဖုတ်ဆိုဒါ လဘရည်ဇွန်းနှစ်ဇွန်း

ပြုလုပ်ပုံ

  • ပါဝင်ပစ္စည်းနှစ်မျိုးကို အဝါရောင်ဖျော့ဖျော့ အရည်ရတဲ့အထိမွှေပေးပါ။
  • အဆီပြန်တဲ့ တီဇုန်နဲ့ မျက်နှာလည်ပင်းကို ပွတ်ပေးပါ။
  • မုန့်ဖုတ်ဆိုဒါက သံပယိုရည်နဲ့ ဓာတ်ပြုတာကြောင့် သင့်အရေပြား အနည်းငယ်တော့ ယားယံပါလိမ့်မယ်။

ကောင်းကျိုး

နှစ်မျိုးလုံးက ပိုးသတ်တဲ့ဂုဏ်သတ္တိရှိတာကြောင့် ဝက်ခြံပျောက်စေပါတယ်။ သံပယိုသီးက အရေပြားကို တောက်ပစေပြီး ချေးချွတ်အာနိသင်ရှိပါတယ်။ သင့်မျက်နှာလောင်သလို ခံစားလာရရင် ရေချက်ချင်းဆေးချပါ။ လိုချင်တဲ့ အရေပြားရတဲ့အထိ ဒီ Scrub ကို အသုံးပြုနိုင်ပါတယ်။ ပုံမှန်အသားအရေအတွက် အထူးသင့်တော်ပါတယ်။

၅။ ကော်ဖီနဲ့ မုန့်ဖုတ်ဆိုဒါ

Source: Pravada Private Label

ပါဝင်ပစ္စည်းများ

  • ကော်ဖီမှုန့်၊ သံပယိုရည်၊ မုန့်ဖုတ်ဆိုဒါတို့ကိုရောပါ။

ပြုလုပ်ပုံ

  • အရည်ပျစ်ပျစ်လေးဖြစ်တဲ့အထိမွှေပြီး စက်ဝိုင်းပုံလိမ်းပါ။
  • ၁၀ မိနစ်ထိထားနိုင်ပါတယ်။

ကော်ဖီနဲ့ မုန့်ဖုတ်ဆိုဒါတို့မှာ ချေးချွတ်အာနိသင်ပါတာကြောင့် ခြောက်သွေ့တဲ့အသားအရေကို ချောမွတ်ပြီး လန်းဆန်းစေပါတယ်။လိမ်းတဲ့အချိန် ညင်သာစွာပွတ်ပေးပါ။ ခြောက်သွေ့တဲ့အသားအရေအတွက် သင့်တော်ပါတယ်။

၆။ နွားနို့နဲ့ မုန့်ဖုတ်ဆိုဒါ

Source: ScoopWhoop

ပါဝင်ပစ္စည်းများ

  • မုန့်ဖုတ်ဆိုဒါ လဘရည်ဇွန်းတစ်ဇွန်းကို နွားနို့ နှစ်ဇွန်းနဲ့ ပျစ်တဲ့အထိရောမွှေပေးပါ။

ပြုလုပ်ပုံ

  • မျက်မှာပေါ်ညင်သာစွာပွတ်ပြီး မိနစ်အနည်းငယ်ထားပါ။
  • ရေနဲ့ဆေးချပါ။

နွားနို့မှာပါတဲ့ လက်တစ်အက်ဆစ်က အရေပြားအရောင်မညီတာကို လျော့ပါးစေပါတယ်။ အသားအရည်ကို အစိုဓာတ်ပေးပြီး နေလောင်ဒဏ်ရာကို သက်သာစေပါတယ်။ အရေပြားယားယံပါက အသုံးမပြုပါနဲ့နော်။ တစ်ပတ်ကနေ နှစ်ပတ်ထိပြုလုပ်နိုင်ပါတယ်။ သာမန်အသားအရေကနေ ခြောက်သွေ့တဲ့အသားအရေအတွက် အသုံးပြုနိုင်ပါတယ်။

၇။ သံလွင်ဆီနဲ့ မုန့်ဖုတ်ဆိုဒါ

Source: DIY Find Home Remedies

ပါဝင်ပစ္စည်းများ

  • မုန့်ဖုတ်ဆိုဒါနဲ့ သံလွင်ဆီကို သင့်မျက်နှာမှာလိမ်းလိုက်ပါ။

ပြုလုပ်ပုံ

  • လက်ထိပ်လေးကို အသုံးပြုပြီး ညင်သာစွာလိမ်းပေးပါ။
  • ရေနဲ့ဆေးချပြီး မျက်နှာကို ဖြေးဖြေးလေးသုတ်ပေးပါ။

သံလွင်ဆီက အိုမင်းတဲ့ဖြစ်စဉ်ကို နှောင့်နှေးစေပါတယ်။ မျက်လုံးနေရာမထိမိအောင် သတိထားပါ။ တစ်ပတ်မှာ နှစ်ကြိမ်ပြုလုပ်နိုင်ပါတယ်။ အသားအရေအမျိုးအစားတိုင်းအတွက် သုံးနိုင်ပါတယ်။

၈။ Essential Oil နဲ့ မုန့်ဖုတ်ဆိုဒါ

Source: The Homemade Experiment

ပါဝင်ပစ္စည်းများ

  • အုန်းဆီ ခွက်တစ်ဝက်
  • မုန့်ဖုတ်ဆိုဒါ လေးပုံပုံ တစ်ပုံ
  • လဗန်ဒါအဆီ လေးစက်ကနေ ၁၀ စက်

ပြုလုပ်ပုံ

  • ပါဝင်ပစ္စည်းအားလုံးကို လျောပါ။
  • မျက်နှာပေါ်ညင်သာစွာပွတ်ပါ
  • ရေနဲ့ဆေးချပါ။

Essential oil က အရေပြားကို အစိုဓာတ်ပေးပါတယ်။ အမည်းစက်တွေနဲ့ အစက်အပြောက်တွေကို လျော့ပါးစေပါတယ်။ ညဘက်မှာ အသုံးပြုပေးပါ။ အသားအရေအမျိုးအစားတိုင်းအတွက် သုံးနိုင်ပါတယ်။

သင့်အသားအရေအမျိုးအစားအလိုက် သင့်တော်တဲ့ Scrub ကို သုံးပေးနိုင်ပါတယ်။ ဒီလိုဆိုရင်တော့ သင့်အိပ်မက်ထဲကအတိုင်း ကြည်လင်တောက်ပအသားအရေနဲ့ အားလုံးကြားမှာ ယုံယုံကြည်ကြည် နေနိုင်ပါပြီ။ သတိပြုရမှာက မုန့်ဖုတ်ဆိုဒါက အသားအရေတိုင်းအတွက် မသင့်တော်နိုင်သလို တန်ဆေးလွန်ဘေးဆိုတာလည်း ရှိတာကြောင့် သတိထားသုံးပါလို့ ပြောချင်ပါတယ်။