တစ်ခါတစ်လေ ညဘက်မှာဖြစ်စေ အိမ်မှာ အလုပ်လုပ်တဲ့အချိန် အသုံးပြုဖို့ အိမ်တွင်း အလုပ်စားပွဲလေး ကိုယ်တိုင်ဖန်တီး ပြုလုပ်ချင်ပါသလား။ ဒါပေမယ့်လည်း ဘယ်လိုဒီဇိုင်းနဲ့ ဘယ်လိုအိုင်ဒီယာမျိုး လုပ်ရမလဲဆိုတာ စဉ်းစားရခက်နေပါသလား။

ဒီနေ့မှာတော့ စာဖတ်သူတို့အတွက် အိမ်တွင်းအလုပ်စားပွဲကို ပိုမိုအသက်ဝင်အောင် ပြောင်းလဲပေးနိုင်တဲ့ DIY အိုင်ဒီယာများကို ဖော်ပြပေးချင်ပါတယ်။

အိုင်ဒီယာ (၁)

ကိုယ်တိုင် အိမ်တွင်းအလုပ်စားပွဲကို ဖန်တီးပြုလုပ်နိုင်မယ့် ဒီ DIY အိုင်ဒီယာလေးက လေးထောင့်ပုံစံ စားပွဲနှစ်ခုနဲ့ နံရံမှာ ကိုယ်ဖတ်နေကျ စာအုပ်လေးတွေ သုံးနေကျ ပစ္စည်းလေးတွေ တင်ဖို့အတွက် စင်လေးတွေ ရိုက်ထားလိုက်ပါ။ ရိုးရိုးရှင်းရှင်း ဒီဇိုင်းမျိုးကို ကြိုက်သူတို့အတွက် သင့်တော်ပါတယ်။

သစ်သားစားပွဲပုံစံကိုတော့ အံဆွဲတွေပါတာမျိုး ကြိုက်သူတွေဆို အံဆွဲပါတဲ့ စားပွဲမျိုးကို ရွေးချယ်နိုင်ပြီး ခြေထောက်တိုက်နေတာမျိုးကို မကြိုက်သူတွေအတွက်တော့ ဒီဒီဇိုင်းမျိုးလေးကို သုံးလို့ရပါတယ်။

အလုပ်စားပွဲအတွက် လင်းတဲ့အရောင်ဖြစ်ချင်ရင်တော့ အဖြူရောင်က အကောင်းဆုံးပါပဲ။ ဗီဒိုအများကြီးပါတာမကြိုက်ပေမယ့်လည်း ပစ္စည်းသိမ်းဖို့အတွက် နည်းနည်းတော့ လိုတယ်ဆိုရင်တော့ ဗီဒိုများကို စားပွဲအောက်တွင် သေချာစွာနေရာချပါ။ ဒီနေရာမှာ ကိုယ်လိုချင်တဲ့ အနေအထားအတိုင်း စိတ်ကူးရှိသလို ဖန်တီးလို့ရပါတယ်။ နောက်ဆုံးအနေနဲ့ ကိုယ်အသုံးပြုမယ့် ကွန်ပျူတာ နှင့် အခြားသော ပစ္စည်းများကို နေရာချပါ။ ဒါဆိုရင်တော့ အသစ်စက်စက် အိမ်တွင်း အလုပ်စားပွဲလေး ရပါပြီ။

အိုင်ဒီယာ (၂)

ကိုယ်တိုင် ဆောက်လုပ်ရေးပညာကို အနည်းငယ် သိတယ်ဆိုရင် ကိုယ်တိုင် အစအဆုံး ပြုလုပ်လို့ရတဲ့ အိမ်တွင်း အလုပ်စားပွဲ DIY အိုင်ဒီယာလေးပါ။ ဒီရိုရှင်းတဲ့ အလုပ်စားပွဲလေး ပြုလုပ်ဖို့အတွက် ဒီ ဒီဇိုင်းလေးကလည်း minimalist စတိုင်လ်တွေကို ကြိုက်သူတွေအတွက် သင့်တော်လှပါတယ်။

အခန်းနဲ့ လိုက်ဖက်မယ့်အရောင်ကို သုတ်လို့ရသလို တည်ငြိမ်ပြီး Classic Look ကို ရချင်ရင်တော့ အမဲရောင်ကို ရွေးချယ်လို့ရပါတယ်။