ရေခဲတုံးထဲ သဘာဝပစ္စည်းတွေ ထည့်ပြီး ပေါင်းတင်ရတာက ကဗျာဆန်ပြီး DIY, Handmade ပြုလုပ်ရတာ ဝါသနာပါတဲ့ ပျိုမေတို့နဲ့ သင့်တော်ပါတယ်။ တချို့တွေဆိုရင် ရေခဲတုံးထဲ စားလို့ရတဲ့ ပန်းပွင့်လေးတွေ ထည့်ပြီး Resin သဘောမျိုး ပုံဖော်တတ်ကြပါသေးတယ်။

Skin Care အကောင်းဆုံး နည်းလမ်းတွေထဲမှာ ရေခဲတုံးနဲ့ မျက်နှာကို ပွတ်ပေးခြင်းလည်း ပါဝင်ပါတယ်။ ရေခဲတုုံးရဲ့ -အသားအရေအတွက် ကောင်းကျိုးတွေကတော့ – မျက်နှာနီမြန်းတာကို လျှော့ချပေးတာ၊ ချွေးပေါက်ကျဉ်းစေတာ၊ အိုမင်းမှု လက္ခဏာကို နှေးကွေးစေတာ၊ မျက်နှာဖောင်း သက်သာတာနဲ့ ကော်လဂျင် ထုတ်လုပ်မှုကို အားပေးတာ စတာတွေ ဖြစ်ပါတယ်။ ဒီတစ်ခေါက်မှာတော့ ရေခဲတုုံးထဲကို သဘာဝပစ္စည်းတွေ ထည့်ပြီး အသားအရေ ပိုကောင်းလာအောင် ဘယ်လိုဖန်တီးနိုင်မလဲ ကြည့်လိုက်ရအောင်နော်-

၁။ ဆန်ဆေးရေ ရေခဲတုံး

Photo Source: Pinterest

ခွက်တစ်ခွက်ထဲမှာ ဆန်ဆေးရည် ထည့်ကာ အာလူးဖျော်ရည် နှစ်ဇွန်းရောပေးရပါမယ်။ ဒီအရောကို ရေခဲတုံး ခွက်ထဲ ထည့်ကာ ရေခဲအောင် ထားပေးရပါမယ်။ ဆန်ဆေးရေ ရေခဲတုံးရရင်တော့ ဒါကို အပြင် အဝတ်သန့်နဲ့ ထုတ်ကာ မျက်နှာပေါ် ၁ မိနစ်ဝန်းကျင် ဖိပေးရပါမယ်။ ဒီရေခဲတုံးက အသားအရေကို အစိုဓာတ်ပေးကာ တောက်ပစေပါလိမ့်မယ်။

၂။ Green Tea ရေခဲတုံး

Photo Source: YouTube

ခွက်တစ်ခွက်ထဲ ရေနွေးနဲ့ Green Tea ထည့်ပေးရပါမယ်။ အအေးခံပြီးနောက် ရေခဲသေတ္တာထဲ ဒီ Green Tea ခွက်ကို မိနစ် ၄၀ ထားပေးရပါမယ်။ ထားပြီးနောက် ရလာတဲ့ Green Tea အရည်ကို ရေခဲတုံး ဗန်းထဲ တစ်ဝက်စာ ထည့်ရပါမယ်။ ကျန်တဲ့ တစ်ဝက်ကို နှင်းဆီရည် စတူ ရောပေးရပါမယ်။ ပြီးနောက် ခဲအောင် ပြန်ထားရပါမယ်။ ရေခဲတုံးလေးတွေ ရလာတာနဲ့ သင့်မျက်နှာပေါ် ၁ မိနစ် ပွတ်ပေးရပါမယ်။ Green Tea ရေခဲတုံး က မျက်နှာအလွယ်တကူ နီမြန်းတတ်သူတွေနဲ့ သင့်တော်ပြီး အရွယ်တင် နုပျိုစေပါလိမ့်မယ်။

၃။ နွားနို့ ရေခဲတုံး

Photo Source: YouTube

နွားနို့ တစ်ခွက်ထဲကို ပျားရည် တစ်ဇွန်းရောပေးရပါမယ်။ ဒါကို ရောမွှေပြီးနောက် ရေခဲ ခွက်ထဲကို ထည့်ပြီးနောက် ခဲအောင် ထားပေးရပါမယ်။ ရလာတဲ့ ရေခဲကို မျက်နှာမှာ ပွတ်ပေးရပါမယ်။ ဒီရေခဲတုံး နည်းလမ်းက အမည်းစက်တွေကို ဖယ်ရှားပေးပြီး အသားအရေ ညီညာစေပါလိမ့်မယ်။

၄။ ခရမ်းချဉ်သီး ရေခဲတုံး

Photo Source: YouTube

ဒီရေခဲတုံးကိုတော့ အသား ဖြူလာဖို့ သုံးနိုင်ပါတယ်။ ခရမ်းချဉ်သီးကို လှီးပြီးနောက် Blender နဲ့ အရည်ဖျော်ပေးရပါမယ်။ ဒီထဲကို နှင်းဆီရည်ထည့်ပြီးနောက် ပျားရည် ၂ ဇွန်း ထပ်ထည့်ပေးရပါမယ်။ သံပယိုရည် တစ်ဝက် အရည်ညှစ်ပေးပြီးနောက် သမအောင် မွှေပေးရပါမယ်။ ရလာတဲ့အရည်ကို ရေခဲ ဗန်းထဲ ထည့်ကာ အပေါ်က ပူစီနံရွက် လှီးထားတာလေး ဖြူးထည့်ပေးရပါမယ်။ ရလာတဲ့ ရေခဲတုံးကို မျက်နှာမှာ ပွတ်ပေးရပါမယ်။

၅။ ကော်ဖီ ရေခဲတုံး

Photo Source: YouTube

ကော်ဖီ ရေခဲတုံး နည်းလမ်းကတော့ အသားအရေ ဆဲလ်သေတွေကို ဖယ်ရှားပေးကာ အသားအရေ တောက်ပစေပါတယ်။ ပြင်ဆင်နည်းကတော့ ဆူပွတ်နေတဲ့ ရေနွေးထဲ ကော်ဖီမှုန့် တစ်ဇွန်းထည့်ပေးရပါမယ်။ ၂ မိနစ်လောက် ကျိုပြီးနောက် အအေးခံပေးရပါမယ်။ ဒီထဲကို ပျားရည် ၁ ဇွန်းထပ်ထည့်ပေးရပါမယ်။ ရေခဲအောင် ထားပြီးနောက် ရလာတဲ့ ရေခဲတုံးကို မျက်နှာမှာ ပွတ်ပေးရပါမယ်။ ပွတ်ပြီးနောက် ရေနဲ့ ဆေးချပေးရပါမယ်။

By MyStyle Myanmar