ထောပတ်သီးကတော့ အလှအပရေးရာတိုင်းအတွက် တော်တော်အသုံးဝင်တဲ့ အသီးတစ်မျိုးပါ။ သူက အသားအရေကို နူးညံ့ချောမွေ့ပြီး ရေဓာတ်ပြည့်ဝစေတယ်။ ဒါကြောင့် ခြောက်သွေ့တဲ့အသားအရေပိုင်ရှင်တွေဖြစ်တဲ့ Dry Skin သမားတွေအတွက် ထောပတ်သီးနဲ့မျက်နှာပေါင်းတင်နည်းကို ပြောပြပေးလိုက်ပါတယ်။

ထောပတ်သီးတစ်ခြမ်းကို အခွံတွေဖယ်ပြီး ပန်းကန်ထဲထည့်ကာ ကျေညက်သွားအောင် ဇွန်း (သို့) ခက်ရင်းနဲ့ ချေပေးပါ။ ကျေညက်သွားရင်တော့ ပျားရည် – စားပွဲတင်ဇွန်း တစ်ဝက်ထည့်ပြီး သမအောင်ထပ်မွှေပါ။ ပြီးတာနဲ့ မျက်နှာတစ်ပြင်လုံးမှာ သုတ်လိမ်းပေးပါ။

မိနစ် ၂၀ ကြာရင်တော့ မျက်နှာသစ်လိုက်လို့ရပါပြီ။ ဒီနည်းလမ်းလေးက လွယ်ကူရိုးရှင်းတဲ့အပြင် မျက်နှာကိုလည်း Healthy Glow ဖြစ်စေတယ်။ အသားခြောက်တဲ့သူတွေဆိုလည်း အသားအရေလေးနူးညံ့စိုပြေလာစေပါတယ်။

Photo Source: www.wikihow.com