နှုတ်ခမ်းနီဆိုးတာများလို့ နှုတ်ခမ်းတွေခြောက်လာတာ မဲလာတာမျိုဖြစ်လာပြီဆိုရင် ဒါက နှုတ်ခမ်းကို Exfoliation လုပ်ဖို့လိုလာတာပါ ။ Exfoliation က နေ့တိုင်းလုပ်ပေးဖို့ မလိုပါဘူး။ တစ်ပတ်မှာ တစ်ကြိမ် သို့မဟုတ် နှစ်ကြိမ်လောက် လုပ်ပေးရင်ကိုဘဲ လုံလောက်ပါတယ်။ နှုတ်ခမ်းကို သဘာဝအတိုင်းတောက်ပြောင်စေဖို့ Lip Scrub တွေကို ငွေကုန်ကြေးကျအများကြီးမလိုဘဲ အိမ်မှာနေရင်း လုပ်လို့ရပါတယ်။
Coconut And Honey Lip Scrub
အုန်းဆီ 1 ဇွန်း ၊ ပျားရည် 1 ဇွန်း ၊ သကြားအညို 2 ဇွန်း နဲ့ ကြက်သီးနွေးရေ 1/2 ဇွန်းတို့ကို သမအောင်မွှေပြီး နှုတ်ခမ်းပေါ်မှာ နှစ်မိနစ် သုံးမိနစ်လောက် စက်ဝိုင်းပုံသဏ္ဍာန် နှိပ်ပေးပါ။ ပြီးမှ ရေနွေးနွေးလေးနဲ့ ဆေးချပါ။
Brown Sugar And Honey Exfoliation Scrub
ပျားရည်စိမ်း 1 ဇွန်း ၊ သကြားအညို 1 ဇွန်း ၊ လာဗင်ဒါဆီ 5-6 စက်တို့ကို သမအောင်မွှေပေးပါ။ ရောပြီးတာနဲ့ Scrub ကို နှုတ်ခမ်းပေါ် လိမ်းပြီး နှစ်မိနစ်ကနေ သုံးမိနစ်လောက် စက်ဝိုင်းပုံ ပွတ်ပေးပါ။ ပြီးမှ ရေနွေးနွေးလေးနဲ့ ဆေးပြီး Lip Balm အနည်းငယ်လိမ်းပေးပါ။
Chocolate Lip Scrub Mask
ကိုကိုးမှုန့် ၁ ဇွန်း ၊ သကြားအညို 2 ဇွန်း ၊ Vanilla လက်ဖက်ရည်ဇွန်း 1 ဇွန်း ၊ ပျားရည် လက်ဖက်ရည်ဇွန်း 3/4 ဇွန်း ၊ သံလွင်ဆီ လက်ဖက်ရည်ဇွန်း 2 ဇွန်းတို့ကို သမအောင်မွှေပေးပါ။ ရောပြီးတာနဲ့ နှုတ်ခမ်းပေါ် လိမ်းပြီး Mask ကို မိနစ်အနည်းငယ်ကြာအောင် ထားပေးပါ။ ပြီးမှ ရေနွေးနွေးလေးနဲ့ ဆေးချပါ။
Orange Peel Lip Scrub
အရင်ဆုံး လိမ္မော်သီးခြောက်ကို အခွံနွှာပြီး အမှုန့်ဖြစ်အောင် ကြိတ်ပါ။ လိမ္မော်ခွံခြောက်မှုန့် 2 ဇွန်း ၊ သကြားအညို 2 ဇွန်း ၊ ဗာဒံဆီ 12 စက်လောက်ကို သအောင်မွှေပေးပါ။ နှုတ်ခမ်းပေါ် လိမ်းပြီး စက္ကန့် ၃၀ လောက်ပွတ်ပေးပါ။ ပြီးမှ ရေနွေးနွေးလေးနဲ့ ဆေးချပါ။
Coffee And Honey Scrub
ကော်ဖီမှုန့် 1 ဇွန်း ၊ ပျားရည် 1 ဇွန်းတို့ကို သမအာင်မွှေပါ။ Scrub ကို နှုတ်ခမ်းပေါ် လိမ်းပြီး တစ်မိနစ်လောက် စက်ဝိုင်းပုံစံ နှိပ်ပေးပါ။ နှုတ်ခမ်းသားကို ရေဓာတ်ဖြည့်ပေးဖို့အတွက် ရေနွေးနွေးလေးနဲ့ ဆေးပေးပါ။