အသက်ကြီးလာတဲ့အခါ ဆံပင်ဖြူလာတာကတော့ ပြောင်းလဲလို့မရတဲ့ သဘာဝတရားတစ်ခုပါပဲ့။ ဒါပေမဲ့ အခုခေတ်မှာ အသက်ငယ်ငယ်ရွယ်ရွယ်လေးနဲ့ ဆံပင်ဖြူတွေ မတရားပေါက်လာကြတာကို တွေ့ရှိကြမှာပါ။

ဒီလို ငယ်ငယ်ရွယ်ရွယ်နဲ့ ဆံပင်ဖြူထွက်ပေါ် လာရခြင်း အကြောင်းအရင်းတွေကတော့ မျိုးရိုးနဲ့လည်း သက်ဆိုင်သလို စိတ်ဖိစီးမှု ခံစားရခြင်း၊ ဓာတုဆေးဝါးများ အလွန်အကျွံပါဝင်တဲ့ ဆံပင်ဆိုးဆေးများ အသုံးပြုခြင်းတို့ကြောင့်ပဲဖြစ်ပါတယ်။ ဟော်မုန်းအပြောင်းအလဲကလည်း ဆံပင်တွေရဲ့ ရောင်ခြယ်ကို အကြီးအကျယ်ပြောင်းလဲစေတဲ့ အကြောင်းအရင်းတစ်ရပ်ပဲဖြစ်ပါတယ်။

ဒီလိုစိတ်အနှောင့်အယှက်ဖြစ်စရာကောင်းတဲ့ ဆံပင်ဖြူတွေကို သဘာဝအတိုင်းပြန်မဲသွားအောင် ဘယ်လိုနည်းလမ်းနဲ့ အသုံးပြုရမလဲ။

ပါဝင်ပစ္စည်းများ

အုန်းဆီနဲ့ သံပုရိုသီးတို့ကို တွဲဖက်အသုံးပြုနိုင်ပါတယ်။

အုန်းဆီ စားပွဲတင်ဇွန်း နှစ်ဇွန်းနဲ့ သံပုရိုရည် စားပွဲတင်ဇွန်း ၂ ဇွန်းတို့ပဲ့ လိုအပ်ပါတယ်။ ပါဝင်ပစ္စည်း နှစ်မျိုးကို သမအောင် ရောနှောပြီးတဲ့နောက်မှာ နွေးနွေးလေးဖြစ်သွားဖို့အတွက် ၂ စက္ကန့်၊ ၃ စက္ကန့်လောက် မီးနဲ့ အပူပေးရပါမယ်။ ထို့နောက် ထိုအရောအနှောကို ဦးရေပြားပေါ် သုတ်လိမ်းနဲ့ ဆံကေသာ အရင်းကနေ အဖျားအထိ သုတ်လိမ်းပြီးနောက် ခေတ္တခဏမျှ နှိပ်နယ်ပေးလိုက်ပါ။ နှိပ်နယ်ပြီးပါက မိနစ် ၃၀ လောက် ဒီအတိုင်းထားလိုက်ပါ။ မိနစ် ၃၀ ခန့် ကြာမှ ဆာလဖိတ်မပါဝင်တဲ့ ခေါင်းလျှော်ရည်နဲ့ ခေါင်းလျှော်ပေးပြီး Conditioner နဲ့လည်း ထပ်လျှော်ပေးလိုက်ပါ။

အခုဖော်ပြသွားတဲ့ သဘာဝပေါင်းတင်နည်းလမ်းကို တစ်ပတ် ၂ ကြိမ်ခန့် ပုံမှန်ပြုလုပ်ပေးမယ်ဆိုရင် နက်မှောင်သန်စွမ်းတဲ့ ဆံကေသာလေးကို ပြန်လည်ပိုင်ဆိုင်နိုင်ပါပြီ။ အုန်းဆီကတော့ ဆံကေသာကျန်းမာသန်စွမ်းဖို့အတွက် အထောက်အကူပြုတဲ့ သဘာဝဆေးစွမ်းကောင်းတစ်လက်ဆိုတာကတော့ အားလုံးအသိပဲဖြစ်ပါတယ်။ သံပုရိုသီးက ဗီတာမင် ဘီ၊ ဗီတာမင် စီနဲ့ သတ္တုဓာတ်တို့လည်း ကြွယ်ဝစွာ ပါဝင်တာကြောင့် ဆံပင်မွှေးညှင်းပေါက်လေးထဲက ရောင်ခြယ်ဆဲလ်လေးတွေကို အားကောင်းလာစေပြီး ဆံပင်မဲနက်လာအောင် စွမ်းဆောင်ပေးမှာပဲဖြစ်ပါတယ်။

Source: stylecraze.com