မျက်နှာအသားအရေလေးကို နဂိုထက်ပိုကြည်လင်ပြီး Glass Skin Lookလေးရချင်တယ်ဆိုရင်တော့ ဒီလိုသဘာဝနည်းလမ်းလေးတွေနဲ့ မျက်နှာပေါင်းတင်တာကို တစ်ပတ်တစ်ကြိမ်ပြုလုပ်ပေးပြီး ဂရုစိုက်ဖို့တော့လိုမယ်နော်။ ပိုက်ဆံအများကြီးကုန်ကျမှာလည်း စိတ်ပူစရာမလိုပဲ့ အသားအရေလေးလည်း ပြစ်ချက်ကင်းကင်းနဲ့လှလာမယ်ဆိုတော့ ပျိုမေလေးတွေ သဘောကျနှစ်သက်မယ်လို့ မျှော်လင့်ပါတယ်။

ခရမ်းချဉ်သီး၊ သံပရိုသီးနဲ့ပေါင်းတင်မယ်

ခရမ်းချဉ်သီးခပ်ကြီးကြီးတစ်လုံးကို လေးစိတ်စိပ်ပါ။ ပြီးရင် သစ်သီးဖျော်စက်ထဲထည့်ပြီး ခရမ်းချဉ်သီးအနှစ်လေးတွေ ရအောင်လုပ်ပါ။ ရလာတဲ့ခရမ်းချဉ်သီးအနှစ်ကို သံပရိုရည် လက်ဖက်ရည်ဇွန်းတစ်ဇွန်း၊ ဒါမှမဟုတ် နှစ်ဇွန်းနဲ့ သမအောင်မွှေလိုက်ပါ။ ပြီးရင် မျက်နှာတစ်ပြင်လုံးကို သုတ်လိမ်းပေးပါ။ မိနစ် ၂၀၊ မိနစ် ၃၀ ကြာမှ ရေအေးလေးနဲ့ ဆေးကြောလိုက်ပါ။

ဒီနည်းလမ်းလေးကို တစ်ပတ်တစ်ကြိမ်ပြုလုပ်ပေးမယ်ဆိုရင် လအနည်းငယ်ကြာတာနဲ့ ကြည်လင်တောက်ပတဲ့ အသားအရေပိုင်ရှင်ဖြစ်လာမှာ အမှန်ပါပဲ။

သံပုရိုရည် စပရေးသုံးမယ်

အလှကုန်စပရေးဘူး အသေးစားလေးတစ်ခုတော့လိုမယ်နော်။ လတ်လတ်ဆတ်ဆတ်ညစ်ပြီးသားသံပုရိုရည်ကို ရေနဲ့ရောရမှာပါ။ ရေလေးဆ သံပုရိုရည်တစ်ဆရောနှောပြီး စပရေးဘူးထဲထည့်ပါ။ မျက်နှာသစ်ပြီးတိုင်း စပရေးဖျန်းပေးလိုက်မယ်ဆိုရင် တစ်လအတွင်းမှာ အကျိုးရလဒ်ကို သိသိသာသာမြင်တွေ့ရမှာပါ။ သံပုရိုရည်ထဲမှာပါတဲ့ အက်စစ်ဓာတ်ဟာဆိုရင် အသားအရေကို ကြည်လင်တောက်ပစေပါတယ်။

သင်္ဘောသီးနဲ့ မျက်နှာပေါင်းတင်ကြရအောင်

ပထမဦးဆုံး သင်္ဘောသီးကိုအခွံခွာမယ်၊ ပြီးရင် သင်္ဘောစေ့ဖယ်၊ အတုံးသေးသေးလေးတွေလှီး၊ ပြီးတာနဲ့ သစ်သီးဖျော်စက်ထဲထည့်ပြီး အနှစ်လေးတွေရတဲ့အထိ မွှေလိုက်ပါ။ ပြီးရင် ဇွန်းလေးနဲ့အသာလေးခပ်ထုပ်၊ ပြီးတာနဲ့ မျက်နှာကိုသုတ်လိမ်းလိုက်ပါ။ မိနစ် ၂၀ ကြာရင် ရေနွေးနွေးနဲ့ မျက်နှာသစ်လိုက်ပါ။

သင်္ဘောသီးမှာပါတဲ့ vitamin C ဟာဆိုရင် သင့်အသားအရေ ကြည်လင်တောက်ပလာအောင် ကူညီပေးပါလိမ့်မယ်။

ဒါ့အပြင် အသားအရေအမြဲကျန်းမာနေဖို့ မျက်နှာသန့်စင်အောင်သစ်ပြီးတိုင်း ရေဓာတ်ပြန်လည်ဖြည့်တင်းဖို့ တိုနာလိမ်းပေးဖို့လည်း မမေ့ကြနဲ့နော်။ အဲ့ဒီလိုအသားအရေကို ပုံမှန်ဂရုစိုက်ပေးမယ်ဆိုရင် အချိန်ကြာလာတာနဲ့အမျှ  ကြည်လင်တောက်ပတဲ့Glass Skinလေးကို ပိုင်ဆိုင်နိုင်မှာ အသေအချာပါပဲ့နော်။

Source: www.wikihow.com