Hello..MyStyle Myanmarရဲ့ အလှပဂေးလေးတွေရော အသားအရေလေး ကြည်တောက်ပြီးလှပချင်လွန်းလို့ အလှကုန်ပစ္စည်းတွေကို ဝယ်ယူသုံးစွဲပြီး အသားအရေလှပအောင် ထိန်းသိမ်းနေကြတဲ့အထဲမှာ ပါတယ်မလား? ဒါကြောင့် အသားအရေလေးကို ပိုပြီးသိသာလှပစေဖို့ ရေချိုးတဲ့အခါမှာလည်း ဒီသဘာဝနည်းလမ်းလေးတွေကို အသုံးပြုပေးသင့်တယ်နော်။

ပျိုမေတို့ရဲ့အသားအရေမှာ အညစ်အကြေးတွေမရှိတော့ပဲ နူးညံ့ချောမွေ့စေဖို့ဆိုပြီး ဆပ်ပြာနဲ့သေချာတိုက်ပြီး ချိုးလေ့ရှိတယ် ဟုတ်? ဆပ်ပြာတိုက်ပေးရုံနဲ့ အသားအရေကြည်လင်လှပလာဖို့က တကယ်တော့ လုံလောက်တဲ့နည်းလမ်းမျိုးတော့ မဟုတ်ပါဘူးနော်။ ကဲ..ဒါကြောင့် မြင်သူတကာငေးမောရမယ့် စိုဝင်းအိညက်အုဖတ်နေတဲ့အသားအရေမျိုးကို ပိုင်ဆိုင်ချင်ပြီး လိုက်လုပ်ဖို့လည်းစိတ်ပါတဲ့သူဆိုရင်တော့ ဒီအရာတွေကို ရေထဲထည့်ပြီး ချိုးပေးလို့ရပါတယ်နော်။

ဆားအကြမ်း

ဟင်းချက်တဲ့နေရာမှာသုံးတဲ့ဆားမျိုးမဟုတ်တဲ့ ဆားကိုပျိုမေတို့ချိုးမယ့်ရေထဲမှာ ထည့်ပြီးချိုးပေးမယ်ဆိုရင် အသားအရေအတွက် ကောင်းမွန်တာတွေဖြစ်လာစေမှာပါ။ ရေချိုးတဲ့အခါမှာ ရေနွေးနွေးလေးထဲကို ဆားထည့်ပြီး သေချာချိုးပေးမယ်ဆိုရင်တော့ ဆားနဲ့ရေနွေးရဲ့အကျိုးတွေကြောင့် ခန္ဓာကိုယ်ပင်ပန်းတာတွေကို လျော့နည်းပျောက်ကင်းစေပြီး အသားအရေမှာရှိနေတတ်တဲ့ အညစ်အကြေးတွေကိုလည်း လျော့နည်းပျောက်ကင်းစေမှာပဲဖြစ်ပါတယ်။

မုန့်ဖုတ်ဆိုဒါ

မုန့်ဖုတ်ဆိုဒါကလည်း ဆားကြမ်းလိုပါပဲ။ ခန္ဓာကိုယ်ကိုလန်းဆန်းစေပြီး အရေပြားတွေကိုလည်း ကျန်းမာလှပစေပြီး အဆိပ်အတောက်တွေကိုလည်း ကင်းစင်စေနိုင်တယ်ဆိုတာကိုတော့ သိထားဖို့လိုပြီနော်။ မုန့်ဖုတ်ဆိုဒါကို ဆိုးမယ့်ရေထဲမှာရေဖျော်ပြီး ချိုးပေးလို့ရပါတယ်နော်။

ရေနွေးကြမ်း

ရေနွေးကြမ်းဆိုတဲ့ နေ့တိုင်းသောက်နေတဲ့အရာက ရေချိုးတဲ့နေရာမှာလည်း ထည့်ပြီးသုံးလို့ရတယ်ဆိုတော့ အံ့သြစရာပဲပေါ့။ လက်ဖက်ခြောက်ထည့်ထားပြီးတဲ့ ရေနွေးကြမ်းကို ချိုးမယ့်ရေထဲမှာထည့်ပေးပြီး ချိုးမယ်ဆိုရင်တော့ အသားအရေခြောက်သွေ့နေတာတွေကို စိုပြေလာစေပြီး အသားအရေကို ကျန်းမာလာစေမှာပါ။

နေ့တိုင်းဆပ်ပြာတွေနဲ့ပဲ ပွတ်တိုက်သန့်စင်ပြီး ချိုးနေရတဲ့ခန္ဓာကိုယ်ကို ဒီလိုအရာလေးတွေထည့်ပြီး ချိုးကြည့်မယ်ဆိုရင်တော့ အသားအရေအတွက် ကောင်းကျိုးတစ်ခုထပ်ပြီးတော့ တိုးလာစေမှာပဲဖြစ်ပါတယ်။