မင်္ဂလာပါ MyStyle Myanmar ပရိတ်သတ်တို့ရေ။ ဒီတစ်ခေါက်မှာတော့ ခြောက်သွေ့တဲ့အသားအရေပိုင်ရှင်ပျိုမေတို့အတွက် အိမ်တွင်းအသားအရေထိန်းသိမ်းနည်းတွေကို ပြောပြလိုပါတယ်။ ဒီပေါင်းတင်နည်းတွေကို သုံးပြီးနောက် အစိုဓာတ်ထိန်းခရင် လိမ်းပေးရပါမယ်။ ဘာလို့လဲဆိုတော့ ခြောက်သွေ့တဲ့အသားအရေတွေက အရေးအကြောင်း ပိုဖြစ်စေနိုင်လို့ပါ။
၁။ ငှက်ပျောသီးနဲ့ပျားရည်
လိုအပ်တဲ့ပစ္စည်းတွေကတော့-
- ငှက်ပျောသီးအမှည့်တစ်လုံး
- ပျားရည်တစ်ဇွန်း
ထိန်းသိမ်းနည်း
- ငှက်ပျောသီးကို အနှစ်ပုံစံရအောင် ဇွန်းနဲ့ ဖိပေးပါ။ ပြီးနောက်ပျားရည်ထည့်ပါ။
- ဒီအနှစ်ကို မျက်နှာပေါ်မှာလိမ်းပြီး ၁၅ မိနစ်ထားပေးပါ။
- ပြီးနောက်ရေဆေးချပါ။
ငှက်ပျောသီးနဲ့ ပျားရည်က အသားအရေအစိုဓာတ်ပေးပြီး ချွေးပေါက်တွေကို သန့်ရှင်းပေးပါတယ်။
၂။ ဗာဒံစေ့
လိုအပ်တဲ့ပစ္စည်းတွေကတော့-
- ဗာဒံစေ့ နှစ်စေ့
- နို့စိမ်း
- ပျားရည်
ထိန်းသိမ်းနည်း
- ဗာဒံစေ့ကို ကျိတ်လိုက်ပြီး ဒီထဲကို ပျားရည်တစ်ဇွန်းနဲ့ နို့စိမ်းထည့်ပေးပါ။
- အမှုန်လေးတွေရအောင် သေချာရောမွှေပေးပါ။
- ဒီအနှစ်ကို မျက်နှာပေါ်လိမ်းပြီးနောက် မိနစ်အနည်းငယ်ထားလိုက်ပါ။
- ခြောက်တဲ့အထိထားပြီး ရေနဲ့ဆေးချပါ။
- မျက်နှာဆေးတဲ့အခါ စက်ဝိုင်းပုံစံပွတ်ဆေးပေးပါ။
ဗာဒံစေ့က အသားအရေကို တောက်ပစေတဲ့ ဗီတာမင် အီးကြွယ်ဝပါတယ်။ဗာဒံစေ့အမှုန့်တွေက မျက်နှာပေါ်က ဆဲလ်သေတွေကို ဖယ်ရှားပေးပါတယ်။ အသားညိုတာကိုလည်း သက်သာစေပါတယ်။
၃။ ရှားစောင်းလတ်ပတ်
လိုအပ်တဲ့ပစ္စည်းတွေကတော့-
- ရှားစောင်းလတ်ပတ်ဂျယ်
- နှင်းဆီရည်
- သံပယိုရည်အနည်းငယ်
ထိန်းသိမ်းနည်း
- နှင်းဆီရည် သုံးဇွန်းနဲ့ သံပယိုရည် ၂ စက်ကို ရှားစောင်းလတ်ပတ်ဂျယ်နဲ့ရောပေးပါ။
- ဒီအရောကို မျက်နှာမှာလိမး်ပြီး နှိပ်နယ်ပေးပါ။
- အသားအရေအတွင်းထဲထိ စိမ့်ဝင်သွားပါစေ။
- မိနစ်အနည်းငယ်ထားပြီး ရေဆေးချလိုက်ပါ။
ရှားစောင်းလတ်ပတ်က ခြောက်သွေ့တဲ့အသားအရေပိုင်ရှင်တွေအတွက် မရှိမဖြစ်ပါပဲ။ အမည်းစက်တွေ၊ မျက်ကွင်းညိုတာတွေနဲ့ အမာရွတ်တွေကို သက်သာစေပါတယ်။ ဒီနည်းလမ်းကို ပုံမှန်လုပ်ပေးနိုင်ပါတယ်။ တစ်ညလုံးထားပေးပါ။