My Style Myanmarပရိသတ်ကြီးအားလုံးပဲ မင်္ဂလာပါနော်။ ဆံကေသာဆိုတာဟာ အမျိုးသမီးတွေအတွက်တော့ ဒုတိယမျက်နှာပါပဲ။ ဒီလို အရေးကြီးတဲ့ ဆံကေသာကို ထိန်းသိမ်းဖို့အတွက် ကောင်းမယ်ထင်တဲ့ အရာအားလုံးကို အသုံးပြုတတ်တာဟာ အမျိုးသမီးတွေရဲ့ သဘာဝပါ။

ဒါပေမယ့် ဈေးကြီးပေးဝယ်ရပြီး ဓာတုပစ္စည်းတွေနဲ့ ထုတ်လုပ်ထားတဲ့ ဆံကေသာပစ္စည်းတွေကို အသုံးပြုမယ့်အစား သဘာဝကရတဲ့ ပစ္စည်းလေးတွေကို အသုံးပြုမယ်ဆိုရင်တော့ ရလဒ်တွေက ဘယ်လိုနည်းနဲ့မှ တူနိုင်မှာမဟုတ်ပါဘူးနော်။

ဒါဆိုရင်တော့ မီးဖိုချောင်အတွင်းရှိ ဘယ်လိုပစ္စည်းလေးတွေက ကိုယ့်ရဲ့ ဆံကေသာကို အထောက်အကူဖြစ်စေမလဲဆိုတာ အခုပဲကြည့်လိုက်ရအောင်နော်။

အုန်းဆီ

အကယ်လို့ သင့်ဆံပင်က အခြားသူတွေထက် ပိုပြီးပါးတယ်ဆိုရင်တော့ ခေါင်းလျှော်ရည်နဲ့ ခေါင်းလျှော်ပြီးနောက်မှာ အုန်းဆီ စားပွဲတင်ဇွန်းတစ်ဇွန်းကို သုတ်လိမ်းပေးပါ။ ခေါင်းမလျှော်ခင်မှာလည်း အသုံးပြုချင်တယ်ဆိုရင်တော့ အုန်းဆီလိမ်းပြီး ၁ နာရီမှ ၂ နာရီကြာပြီးနောက်မှာ ခေါင်းလျှော်ရည်ကိုသုံးပြီးတာ့ ခေါင်းလျှော်လိုက်ပါ။

ရွှေဖရုံသီးနဲ့ ပျားရည်

ပျားရည် စားပွဲတင်ဇွန်း ၁ဇွန်း ၂ဇွန်းကို ဖရုံသီးအနှစ်နဲ့ရောပြီး ဆံပင်နဲ့ဦးရေပြားမှာ သုတ်လိမ်းပေးပါ။ ပြီးနောက် ဆံပင်ကို Shower Cap နဲ့အုပ်ထားကာ ၁၅ မိနစ်ထားပြီး ရေဆေးချလိုက်ပါ။ ဒီအနှစ်ကိုတော့ ဆံပင်မှာသာမက မျက်နှာပေါ်မှာလည်း အသုံးပြုနိုင်ပါတယ်။

ငှက်ပျောသီးနှင့် သံလွင်ဆီ

ငှက်ပျောသီးတစ်လုံးကို သံလွင်ဆီ စားပွဲတင်ဇွန်း ၁ ဇွန်းရောပြီး ပျစ်နှစ်တဲ့အထိ ကြိတ်ခြေလိုက်ပါ။ ရလာတဲ့အနှစ်ကို ဆံပင်နဲ့ ဦးရေပြားမှာ သုတ်လိမ်းပေးပါ။ နာရီဝက်ကြာပြီးရင်တော့ ခေါင်းလျှော်ရည်ကိုသုံးပြီးတော့ သေသေချာချာ ခေါင်းလျှော်ပေးလိုက်ပါ။

ထောပတ်သီး

ကြိတ်ခြေထားတဲ့ ထောပတ်သီးအနှစ်ကို ပက်ပါမင့်ဆီအနည်းငယ်နဲ့ရောစပ်ပါ။ ခေါင်းအရင်လျှော်ပြီး ခြောက်အောင်သုတ်ကာ ထောပတ်သီးအနှစ်ကို ခေါင်းမှာသုတ်လိမ်းပေးပါ။ ၁၅ မိနစ်ထားပြီးနောက် ရေဆေးချလိုက်ပါ။

ဆံကေသာပျော့စင်းသွားပြီး ခြောက်သွေ့ကြမ်းတမ်းမှုကို ခံစားရတော့မှာ မဟုတ်ပါဘူး။