မိန်းမပျိုလေးတွေရဲ့အိပ်မက်ဆိုးတစ်ခုကတော့ ငယ်ငယ်ရွယ်ရွယ်နဲ့ ဆံပင်ဖြူပေါက်ခြင်းပဲဖြစ်ပါတယ်နော်။ တချို့ကလည်း သွေးသားကြောင့် ဆံပင်ဖြူပေါက်တာမြန်ကြသလို၊ အချို့ကလည်း မျိုးရိုးဗီဇကြောင့် ငယ်ငယ်ရွယ်ရွယ်နဲ့ ဆံပင်ဖြူပေါက်တတ်ကြပါတယ်။

ဆံပင်ဖြူပေါက်လို့ ခဏခဏ ဆံပင်ဆေးဆိုးမယ်ဆိုရင်လည်း ဦးရေပြားကျန်းမာရေးကို ထိခိုက်စေပါတယ်။ ဒါ့အပြင် မကြာမကြာဆံပင်ဆေးဆိုးခြင်းက ဆံကေသာကို ကြမ်းတမ်းပျက်စီးစေပါတယ်။ ဒါ့ကြောင့် ဒီဆောင်းပါးလေးထဲမှာ ကျန်းမာရေးလည်း မထိခိုက်အောင် ဆံပင်အလှလည်းမပျက်အောင် ဆံပင်ဖြူတွေကို မဲနက်တောက်ပြောင်လာအောင် သဘာဝအတိုင်းပြုလုပ်လို့ရမယ့် နည်းလမ်းလေးတွေကို ပြေပြပေးလိုက်ပါတယ်နော်။

ရေနွေးကြမ်း

လိုအပ်မယ့်ပစ္စည်းတွေကတော့ လက်ဖက်ခြောက် လက်ဖက်ရည်ဇွန်း နှစ်ဇွန်းနဲ့ ရေ ၂၅၀ မီလီလီတာတို့ပဲဖြစ်ပါတယ်။

ရေကို ပွက်ပွက်ဆူအောင်တည်ပြီးနောက် လက်ဖက်ခြောက်များကို ရေနွေးထဲထည့်လိုက်ပါ။ ရေနွေးက အေးသွားပြီဆိုပါက ထိုရေကို ဆံကေသာပေါ်မှာ သုတ်လိမ်းပေးလိုက်ပါ။ ထိုပနောက် တစ်နာရီခန့် ထားထားလိုက်ပါ။ တစ်နာရီပြည့်မှ ရေအေးအေးလေးဖြင့် ရေဆေးချလိုက်ပါ။ ခေါင်းလျှော်ရည် သုံးစရာမလိုပါဘူး။

ဒီနည်းလမ်းလေးကို နှစ်ပတ်တစ်ကြိမ်ခန့် ပြုလုပ်ပေးမယ်ဆိုရင် ဆံပင်ဖြူတွေ ပြန်မဲသွားပါလိမ့်မယ်။

အုန်းဆီနှင့် သံပုယိုသီး

အုန်းဆီ စားပွဲတင်ဇွန်း နှစ်ဇွန်းကို သံပုယိုရည် စားပွဲတင်ဇွန်း တစ်ဇွန်းဖြင့် ရောနှောလိုက်ပါ။ ထို့နောက် ဆံကေသာကို အရင်းကနေ အဖျားအထိ သုတ်လိမ်းပေးလိုက်ပါ။ မိနစ် ၃၀ လောက် ဒီအတိုင်းထားထားလိုက်ပါ။ ပြီးရင်တော့ ဆာလဖိတ်မပါဝင်တဲ့ခေါင်းလျှော်ရည်ဖြင့် ခေါင်းလျှော်ချလိုက်ပါ။

ဒီနည်းလမ်းလေးကိုတော့ တစ်ပတ် နှစ်ကြိမ်ခန့် ပြုလုပ်ပေးရပါမယ်။

အာလူးအခွံ

အာလူး ခြောက်လုံးကို အခွံခွာလိုက်ပါ။ ရရှိလာတဲ့အခွံကို ရေ ၅၀၀ မီလီလီတာထဲ ထည့်ပြုတ်လိုက်ပါ။ အာလူးအရည်များ ပျစ်လာသည်အထိ တည်ပေးလိုက်ပါ။ ရရှိလာတဲ့အရည်ကို ပန်းကန်လုံးထဲထည့်ပြီးနောက် အအေးခံလိုက်ပါ။

ထိုအချိန်မှာ ခေါင်းလျှော်ရည်၊ Conditioner တို့ဖြင့် ခေါင်းလျှော်ပေးလိုက်ပါ။ ပြီးရင် အာလူးအရည်ကို ဦးရေပြားနှင့် ဆံကေသာအနှံ့ သုတ်လိမ်းပေးလိုက်ပါ။ လေသလပ်ပြီး အခြောက်ခံလိုက်ပါ။ ပြီးရင်တော့ ခေါင်းထပ်လျှော်စရာမလိုတော့ပါဘူး။

ဒီနည်းလမ်းကိုတော့ တစ်ပတ်မှာ တစ်ကြိမ်၊ နှစ်ကြိမ်ခန့် ပြုလုပ်ပေးရပါမယ်။

ပန်းသီးရှာလကာရည်

ပန်းသီးရှာလကာရည် စားပွဲတင်ဇွန်း နှစ်ဇွန်းခန့်ကို ရေ ၅၀၀ မီလီလီတာဖြင့် ရောနှောလိုက်ပါ။ ရရှိလာတဲ့ဖျော်ရည်ကို ဦးရေပြားနဲ့ ဆံကေသာပေါ်မှာ သုတ်လိမ်းပေးလိုက်ပါ။ မိနစ် ၂၀ ခန့်ကြာမှ ဆာလဖိတ်မပါဝင်တဲ့ ခေါင်းလျှော်ရည်ဖြင့် ခေါင်းလျှော်ပေးလိုက်ပါ။

ဒီနည်းလမ်းကိုတော့ တစ်ပတ်တစ်ကြိမ်ခန့် အသုံးပြုပေးရပါမယ်။

Source: Stylecraze.com