အားလုံးပဲမင်္ဂလာပါနော်။ ဒီတခါမှာတော့ အလှအပစိတ်ဝင်စားတဲ့ပျိုမေတို့အတွက်ရော ချွေးပေါက်ကျယ်ပြီး အသားအရေအဆီပြန်နေလို့ စိတ်ညစ်နေတဲ့သူလေးတွေအတွက်ပါ မိမိအိမ်မှာ အလွယ်တကူလုပ်လို့ရတဲ့ သဘာဝပေါင်းတင်နည်းလေးတွေကို မျှဝေပေးချင်ပါတယ်။

လွယ်ကူရိုးရှင်းတဲ့ ပေါင်းတင်နည်းလေးတွေဖြစ်တဲ့အပြင် တကယ့်ထိရောက်မှုရှိတဲ့အတွက် ပုံမှန်လေးလိုက်လုပ်ပေးခြင်းဖြင့် ချွေးပေါက်ကင်းပြီ ကြည်လင်လှပတဲ့ မျက်နှာအသားအရေလေးကို ပိုင်ဆိုင်လိုက်ပါ။

ရွှံ့ဆေး

ပါဝင်ပစ္စည်း

  • ရွှံ့ဆေးမှုန့် စားပွဲတင်ဇွန်း ၂ ဇွန်း
  • နို့မှုန့် လက်ဖက်ရည်ဇွန်း ၁ ဇွန်း
  • ရေ (သို့) နှင်းဆီရေ အနည်းငယ်

ပြုလုပ်နည်း

ပါဝင်ပစ္စည်းတွေအားလုံးကို ခပ်ပျစ်ပျစ်လေးဖြစ်အောင်ရောလိုက်ပါ။ ပြီးရင် မျက်နှာပေါ်မှာ လိမ်းပေးလိုက်ပြီး လည်ပင်းကိုပါ လိမ်းပေးဖို့ မမေ့ပါနဲ့။

၁၀ – ၁၅ မိနစ်လောက်ထားပြီး ရေဆေးချလိုက်ပါ။ ဒီပေါင်းတင်နည်းလေးကို အနည်းဆုံး ၁ ပတ် ၁ ကြိမ် ပြုလုပ်ပေးပါ။

ငှက်ပျောသီး

ပါဝင်ပစ္စည်း

  • ငှက်ပျောသီးမှည့် တစ်ခြမ်း
  • သံလွင်ဆီ လက်ဖက်ရည်ဇွန်း ၁ ဇွန်း
  • ပျားရည် လက်ဖက်ရည်ဇွန်း ၁ ဇွန်း

ပြုလုပ်နည်း

အရင်ဆုံး ငှက်ပျောသီးကို အခွံနွာလိုက်ပါ။ အဲဒီနောက် ပြဲအောင်လုပ်လိုက်ပြီး ပျားရည်နဲ့ သံလွင်ဆီထည့်ပါ။ မျက်နှာပေါ်မှာလိမ်းပေးထားလိုက်ပြီး ၁၅ မိနစ်လောက်ထားပါ။အဲဒီနောက် ရေနွေးနွေးလေးနဲ့ မျက်နှာသစ်ချလိုက်ပြီး ရေအေးအေးလေးနဲ့ မျက်နှာထပ်သစ်ပါ။

တစ်ပတ် ၁ (သို့) ၂ ကြိမ်လုပ်ပါ။

ကြက်ဥ

ပါဝင်ပစ္စည်း

  • ကြက်ဥအကာ ၁ လုံး
  • ဒိန်ချဉ် စားပွဲတင်ဇွန်း ၁ ဇွန်း
  • သကြား အနည်းငယ်

ပြုလုပ်နည်း

အရင်ဆုံး ကြက်ဥအကာကို ထုတ်လိုက်ပါ။ ဒိန်ချဉ်နဲ့ သကြားရောပြီးမွှေလိုက်ပါ။ မျက်နှာပေါ်မှာလိမ်းပြီး ခြောက်အောင်ထားပါ။ ခြောက်သွားရင်တော့ ရေနွေးနွေးလေးနဲ့ဆေးချလိုက်ပြီး ရေအေးအေးနဲ့ ထပ်ဆေးချပေးပါနော်။

ဒီပေါင်းတင်နည်းလေးကိုလည်း တစ်ပတ် ၁ ကြိမ် ပြုလုပ်ပေးလို့ရပါတယ်။

Source:Stylecraze.com