ကောက်ထားတဲ့ ဆံပင်တွေကို အိမ်တွင်းကုထုံးနဲ့ ထိန်းသိမ်းမယ်။ ပထမဦးဆုံးအနေနဲ့ပြောချင်တာကတော့ ဓာတုဆေးထိထားတဲ့ ဆံပင်တွေကို အရိပ်တကြည့်ကြည့် ထိန်းသိမ်းပေးတတ်ဖို့က လိုအပ်ပါတယ်။ စိတ်ကြိုက် ဆံပင်တွေဆိုးလိုက်၊ ကောက်လိုက်၊ ဖြောင့်လိုက်လုပ်နေရတုန်းတော့ ပျော်စရာကောင်းပေမယ့် ဆံပင်ကို ပြန်မထိန်းသိမ်းတဲ့အခါ နောက်ထပ် ဆံပင်တွေကို ပြုပြင်နိုင်ဖို့ဆိုတာ ခက်ခဲသွားနိုင်ပါတယ်။ ဓာတုဆေးထိပြီး ပစ်ထားလိုက်တဲ့ ဆံပင်တွေဟာ အသိနောက်ကျမှ ပြန်လည် ထိန်းသိမ်းနိုင်ဖို့ရာ မလွယ်တော့ပါဘူး။ ဒါကြောင့် တစ်ဖက်မှာ စိတ်သဘောအကျ ပြင်ဆင်သလို တစ်ဖက်မှာလည်း Treatment လုပ်ပေးဖို့တော့လိုပါတယ်။

ဒီတစ်ခေါက်မှာတော့ ဆံပင်ကောက်ထားတဲ့ ပျိုမေတွေအတွက် Chemicals ထိထားတဲ့ ဆံပင်တွေကို သုတ်လိမ်းဖို့ရာ Gel Products တွေဝယ်နေမယ့်အစား သဘာဝအတိုင်း မိမိကိုယ်တိုင် DIY လေးပြုလုပ်ပြီး ဆံကေသာကို လိမ်းပေးမယ်ဆိုရင်တော့ ပြန်လှည့်ကြည့်စရာမလိုတဲ့ ဆံသားကို ပြန်လည်ပိုင်ဆိုင်ရရှိနိုင်မယ့် နည်းလမ်းလေးပါပဲ။ ကဲ ကိုယ်တိုင် Gel ကိုဘယ်လိုပြုလုပ်သင့်လဲဆိုတာ ခုပဲပြောပြပေးသွားမှာဖြစ်ပါတယ်။

ဗီသွာပင်မှရသော အစေ့ကိုရေထဲထည့်ပြီးအရင် မီးနဲ့ကြိုထားရမှာပဲဖြစ်ပါတယ်။ ရေနွေးဆူပြီးပွက်သွားတဲ့အထိကြိုပြီးသွားတာနဲ့ အစေ့လေးတွေကွဲသွားတဲ့အခါထွက်လာတဲ့ Gel ကို ဘူးထဲထည့်ပါ။ ရတဲ့ Gel နဲ့ ရှားစောင်းလက်ပတ် ဂျယ်ကိုခွာပြီးရောကာ Essential Oil လေးစက်လောက်ထည့်ပြီး ပါဝင်ပစ္စည်းတွေနှံ့သွားအောင် ဘူးကိုလှုပ်ယမ်းပေးလိုက်ပါ။

ဒါဆိုရင်တော့ ကောက်ထားတဲ့ဆံပင်တွေ ပျက်စီးဒဏ်မှာကာကွယ်ပေးမယ့် Gel အဖြစ်ခေါင်းလျှော်ပြီးတိုင်းလိမ်းထား လို့ရပြီပေါ့။ ခုပြောပြပေးတဲ့ နည်းလမ်းလေးအတိုင်း Hair Treatment Gel လေးကို ပုံမှန်လိမ်းပေးမယ်ဆိုရင်တော့ Chemical ထိထားတဲ့ ဆံပင်ဖြစ်လည်း စိုးရိမ်စရာမလို တော့ပဲ မူလဆံကေသာ အတိုင်း ကျန်းမာသန်စွမ်းနိုင်ပြီပေါ့။