ဆံကေသာအလှဟာ မြန်မာလူမျိုးတွေ တန်ဖိုးထားမြတ်နိုးရတဲ့အလှတစ်ခုပါ။ ပြစ်မျိုးမှဲ့မထင် ဆံနွယ်လေးတွေ ကိုရရှိပိုင်ဆိုင်နိုင်ဖို့ သဘာဝနည်းလမ်းတစ်ခုကို မျှဝေပေးချင်ပါတယ်။
ပါဝင်ပစ္စည်း
- ကြက်ဥ ၁ လုံး
- သံလွင်ဆီ စားပွဲတင်ဇွန်း ၃ ဇွန်း
- မုန်ညင်းစေ့မှုန့် စားပွဲတင်ဇွန်း ၁ ဇွန်း
- ရေနွေး စားပွဲတင်ဇွန်း ၂ ဇွန်း (သို့) ၃ ဇွန်း
ပြင်ဆင်ခြင်း
မုန်ညင်းစေ့မှုန့် စားပွဲတင်ဇွန်း ၁ ဇွန်းကို ရေနွေးနဲ့ရောပါ။ ပြီးရင် သံလွင်ဆီ စားပွဲတင်ဇွန်း ၃ ဇွန်းနဲ့ ကြက်ဥ ၁ လုံးထည့်ပါ။ အားလုံးကို သမအောင်မွှေလိုက်ပါ။
အသုံးပြုခြင်း
အခုလုပ်ထားတဲ့ အနှစ်ကို ဆံပင်ရဲ့ အောက်ခြေအမြစ်နားမှာ လိမ်းပေးရမှာပါ။ ဦးရေးပြားကိုလည်း ထိလို့ရပါတယ်။
ပြီးရင် Shower Cup စောင်းပေးပြီး သဘက်ပူပူလေးကို ပတ်ပေးပါ။ ဦးရေပြားမှာ သွေးလည်ပတ်မှုကို ကောင်းမွန်စေပြီး ဆံကေသာကို သန်စွမ်းတောက်ပြောင်စေမှာဖြစ်ပါတယ်။
အဲဒီလိုပေါင်းထားပြီးရင် ၃ မိနစ်ကနေ ၅ မိနစ်ထိထားပါ။
ပြီးရင် ခေါင်းလျှော်ချပါ။ တစ်ပတ်ကို ၁ ကြိမ်နဲ့ ၅ ပတ်ကနေ ၇ ပတ်ထိ လုပ်ပေးပါ။